နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂီမာရေးစ်က အာဆင်နယ်ကို နောက်တဆင့် မြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်နေတဲ့ အာတေးတား | ပရီးမီးယားလိဂ်

ဘရူနို ဂီမာရေးစ်ကို ခေါ်ယူလိုက်နိုင်တာက ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်ကို နောက်တစ်ဆင့်ဆီ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ နည်းပြ မီခဲလ် အာတေးတားက ယုံကြည်နေပါတယ်။

တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ဘရူနို ဂီမာရေးစ်ကို ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်ပေးခဲ့ပြီးနောက် နည်းပြ မီခဲလ် အာတေးတားက တန်ကြေးမြင့် လှပတဲ့ ဒီခေါ်ယူမှု အပေါ် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ နယူးကာဆယ်ယူနိုက်တက် အသင်းရဲ့ ခေါင်းဆောင် ဖြစ်သူ ဂီမာရေးစ်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူမှုဟာ အခု တပတ် အစောပိုင်းမှာ ပြီးစီးခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့ အမ်းမရိတ်စ်ဖလား ပွဲစဉ်မစမီ အာဆင်နယ် ပရိသတ်တွေရှေ့မှာ တရားဝင် ပွဲထုတ်ခဲ့တာပါ။

အသက် ၂၈ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ကလပ်က ဒေါ့မန်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ကပဲ ကြည့်ရှုခဲ့ရပါတယ်။ ဒါပေမယ့်လည်း လာမယ့် ဗုဒ္ဓဟူးနေ့ ကိုမိုနဲ့ ကစားမယ့် ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်လာဖွယ် ရှိတဲ့ ကွင်းလယ် ကြယ်ပွင့်သစ်ကို တွေ့မြင်လိုက်ရတာကြောင့် အာဆင်နယ် ပရိသတ်တွေရဲ့ စိတ်ဓာတ်တက်ကြွမှု ကိုတော့ လုံးဝ လျော့ပါးမသွားစေခဲ့ပါဘူး။

ဂီမာရေးစ် ရောက်ရှိလာမှုက မာတင် အိုဒီဂတ်၊ မိုင်းလ်စ် လူးဝစ်-စကယ်လီ၊ ဒီကလန် ရိုက်စ် ၊ မာတင် ဇူဘီမန်ဒီ၊ မီခဲလ် မာရီနိုနဲ့ အီဘာရီချီ အက်ဇေး တို့လို ကစားသမားတွေ ရှိနေပြီးသား အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းကို ပိုမို တောင့်တင်းသွားစေမှာ ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိခဲ့ချိန်ကတည်းက ယှဉ်ပြိုင်လုယူမှု အနိုင်ရရှိမှု (၁,၀၃၀ ကြိမ်) နဲ့ ပြစ်ဒဏ်ဘော ရရှိမှု (၄၁၀ ကြိမ်) တို့မှာ တခြား ဘဘ်ကစားသမားထက်မဆို ပိုမို ရရှိထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းအတွင်း ပြေးလွှားမှု အကွာအဝေး မှာလည်း သူ့ထက် ပိုမိုပြေးလွှားထားသူဆိုလို့ ကွင်းလယ် တွဲဖက်သစ် ဒီကလန် ရိုက်စ် (၁,၇၀၃ ကီလိုမီတာ) တစ်ဦးတည်းသာ ရှိပြီး ဂီမာရေးစ် ကတော့ ၁,၆၄၁ ကီလိုမီတာ အထိ ပြေးလွှားထားတာပါ။

တိုက်စစ်ပိုင်း မှာလည်း အနိမ့်ဆုံး အခွင့်အရေး ၂၀၀ ဖန်တီးပေးထားတဲ့ ကစားသမားတွေထဲမှာ ဂီမာရေးစ်ရဲ့ Open Play ကနေ အခွင့်အရေး ဖန်တီးပေးနိုင်မှု ရာခိုင်နှုန်း (၉၂.၅%) ထက် ပိုမိုမြင့်မားသူ ဆိုလို့ မိုဟာမက် ဆာလာ (၉၄.၅%) နဲ့ ဒီဂျန် ကူလူဆက်ဗ်စကီး (၉၄.၆%) တို့ နှစ်ဦးသာ ပရီးမီးယားလိဂ်မှာ ရှိပါတယ်။

အသက် ၂၈ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ကလပ်က ဒေါ့မန်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ကပဲ ကြည့်ရှုခဲ့ရပါတယ်။
နောက်ထပ် ကစားသမားကောင်းတွေ ထပ်မံ ခေါ်ယူဖို့ ရှိနေသေးတဲ့ အာဆင်နယ်

အာတေးတားက “သူ့ကိုယ်သူ ဘယ်လိုဖော်ပြလဲ ဆိုတော့ ‘စစ်သည်တော်’ တစ်ယောက်လို့ ပြောပါတယ်။ ကျွန်တော့် အမြင် မှာတော့ သူဟာ အသင်းကို အများကြီး အထောက်အကူပြုနိုင်မယ့် အံ့မခန်း အရည်အသွေးတွေ၊ ပင်ကိုသိစိတ်၊ ခေါင်းဆောင်မှု အရည်အသွေးနဲ့ ဆွဲဆောင်မှုတွေ ပိုင်ဆိုင်ထားတဲ့ စစ်သည်တော် တစ်ယောက်ပါ။ ဒါက အသင်းဆီကို မတူညီတဲ့ တက်ကြွမှု တစ်ခု ရောက်ရှိလာစေမှာပါ။ သူ့ကို အသင်းမှာ ပိုင်ဆိုင်လိုက်ရလို့ တကယ်ကို ဝမ်းမြောက်မိပါတယ်။ လေ့ကျင့်ရေးကွင်းဆီ သူ ချက်ချင်း ယူဆောင်လာခဲ့တဲ့ စွမ်းအင်တွေ၊ ဆာလောင်မှုတွေနဲ့ ဒီကလပ်မှာ သမိုင်းသစ် ရေးထိုးချင်တဲ့ ဆန္ဒတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား တွေ့မြင်နေရပါတယ်။”

“ဒါဟာ ကျွန်တော်တို့ လိုအပ်နေတဲ့ ရည်မှန်းချက်ပါပဲ။ ကျွန်တော်တို့ အသင်းကို နောက်တစ်ဆင့်ဆီ မြှင့်တင်ချင်တာ ဖြစ်လို့ အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ လူတိုင်းကို ဒီထက်မက ပိုမိုမြင့်မားတဲ့ နေရာဆီ တွန်းပို့ပေးနိုင်မယ့် အခုလို စိတ်ဓာတ်၊ ဆန္ဒနဲ့ အရည်အသွေး ရှိတဲ့ ကစားသမားမျိုးတွေကို အများကြီး လိုအပ်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” လို့ အမွှန်းတင် ပြောကြားသွားခဲ့ပါတယ်။

ဂီမာရေးစ်ကို ဒေါ့မန်နဲ့ ပွဲစဉ်မှာ ပွဲထုတ် မကစားခဲ့ပေမယ့် ပထမအသင်းကြီး ကစားသမား အများအပြား ပါဝင်ကစားခဲ့ကြပါတယ်။ ပွဲချိန် ၇ မိနစ်မှာ ဆာမူအီလီ အင်နာစီယို ရဲ့ သွင်းဂိုး၊ အဲဒီနောက် ကွန်စတန်တီနို့စ် ကာရက်ဆပ်စ်ရဲ့ လှပတဲ့ ကန်ချက်ဂိုးတို့ကြောင့် နီကို ကိုဗက်ရဲ့ အသင်းဟာ ပထမပိုင်းမှာတင် ပွဲကို စိတ်ကြိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာ ခရစ္စတို ဇိုးလစ်စ်ရဲ့ ဖန်တီးပေးမှု ကနေ အီသန် နွမ်နရီက ချေပဂိုး သွင်းယူခဲ့ပေမယ့် မကြာခင်မှာပဲ ဂျိုအန်း ဂါဒူးက ဒေါ့မန် အတွက် ၂ ဂိုး အသာစီး ပြန်လည် ရယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၉ မိနစ်မှာ ဗစ်တာ ယောကရက်စ်ရဲ့ ပယ်နယ်တီဂိုးကြောင့် ဂိုးကွာခြားချက် ကျဉ်းမြောင်းသွားခဲ့ပြီး ပွဲအပြီးခါနီး ထောင့်ကန်ဘော ကနေ ဂါဘရီယယ် မာတင်နယ်လီ သွင်းယူခဲ့တဲ့ ဂိုးမှာလည်း လူကျွံဘော အဖြစ် မသတ်မှတ်မီအထိ အာဆင်နယ်တို့ ချေပဂိုးရဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရီးရဲလ်ဘက်တစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပါအဝင် အာဆင်နယ်ဟာ နောက်ဆုံး ရာသီကြို ၂ ပွဲမှာ ပေးဂိုး ၆ ဂိုးအထိ ရှိလာခဲ့တာကြောင့် နောက်ခံလူ ခေါ်ယူဖို့ အဓိက ဦးစားပေး ဖြစ်လာသလားလို့ မေးမြန်းခဲ့ရာမှာ အာတေးတားက “ဒါကိုပဲ သီးသန့် ခွဲထုတ်ပြီး စိုးရိမ်စရာ အဖြစ် မပြောချင်ပါဘူး။ ပြီးခဲ့တဲ့ရက်ကရော ဒီနေ့မှာပါ ကျွန်တော်တို့ မဖြစ်သင့်တဲ့ အမှားအယွင်း ဂိုး တချို့ ပေးခဲ့ရပါတယ်။”

အထူးသဖြင့် ယှဉ်ပြိုင် ကစားခဲ့တဲ့ ပုံစံမှာ အမှားတွေ ရှိခဲ့ပေမယ့် ဒါဟာ စုပေါင်း တာဝန်ယူရမယ့် အရာပါ။ ဒါကြောင့် လက်ရှိ ရှိနေတဲ့ ကစားသမားတွေနဲ့တင် ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားရမှာ ဖြစ်သလို သေချာပေါက်လည်း တိုးတက်လာအောင် လုပ်ဆောင်သွားချင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီနွေရာသီမှာ ဘေယာ လေဗာကူဆင် ကနေ ပီယာရို ဟင်ကပ်ပီယေကို အပြီးသတ် ခေါ်ယူခဲ့တာ အပြင် ကစားသမားသစ် ၃ ဦးကိုသာ ခေါ်ယူထားသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ တို့က ရာသီမစတင်မီ တခြားသော ကစားသမား တချို့နဲ့လည်း သတင်းတွေ ထွက်ပေါ်နေဆဲပါ။

ဂန်းနား တို့ဟာ အက်စတွန်ဗီလာက အက်ဇရီ ကွန်ဆာနဲ့ ပီအက်စ်ဂျီက ဘရက်ဒ်လေ ဘာကိုလာ တို့ကို စိတ်ဝင်စားနေသလို၊ အဲလ်ဗာရက်ဇ် ကိုလည်း မျက်စိကျနေဆဲလို့ သိရပါတယ်။ အာဆင်နယ်က ဗင်နီးစီးယပ်စ် ဂျူနီယာ ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မှာတော့ မအောင်မြင်ခဲ့ပါဘူး။ နောက်ထပ် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူမလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အာတေးတားက “ဒါက ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ အရာပါ။ အသင်းကို ပိုမိုကောင်းမွန်စေမယ့် သင့်တော်တဲ့ ကစားသမားမျိုး ဈေးကွက်ထဲမှာ ရှိနေရင်တော့ ခေါ်ယူသွားဖို့ မျှော်လင့်ထားပါတယ်” လို့ အဆုံးသတ် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်