ပီအက်စ်ဂျီ ကနေ ထွက်ခွာပြီး ဆယ်စုနှစ် တစ်ခု အကြာ မှာတော့ လူးကပ်စ် ဒစ်ဂ်နီးဟာ အက်စတွန်ဗီလာ ကနေ ထွက်ခွာပြီး လီဂူးဝမ်း ကလပ်ဆီ ဒုတိယအကြိမ်အဖြစ် ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ၂ နှစ် ဆက်တိုက် ဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီဟာ အသက် ၃၃ နှစ် အရွယ် ဒစ်ဂ်နီးရဲ့ စာချုပ်ပါ လျော်ကြေးစာချုပ်ကို အသက်သွင်းကာ နည်းပြ လူးဝစ် အန်နရီကေးရဲ့ အသင်းဆီ ၃ နှစ် သက်တမ်းရှိ စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ လီဂူးဝမ်း ချန်ပီယံ တို့ဟာ ဒီဘယ်နောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ယူရို ၉.၉ သန်း ပေးချေခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒစ်ဂ်နီးဟာ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် အတွင်း ပီအက်စ်ဂျီ မှာ ၃ နှစ်တာ ကာလကို ဖြတ်သန်းခဲ့ဖူးပြီး ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၄၄ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် ဘာစီလိုနာဆီ ပြောင်းရွှေ့သွားခဲ့တာပါ။ အဲဒီနောက် ၂၀၁၈ မှာ အဲဗာတန်ဆီ ပြောင်းရွှေ့ခဲ့ပြီး နည်းပြ မာကို ဆေးလ်ဗားနဲ့ ကာလို အန်ဆယ်လော့တီ တို့ရဲ့ လက်အောက်မှာ အသင်းရဲ့ အဓိက အရေးပါတဲ့ ကစားသမားနဲ့ ပရိသတ် အချစ်တော် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ရာဖာ ဘင်နီတက်ဇ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ အက်စတွန်ဗီလာဆီ ရောင်းချခြင်း ခံခဲ့ရပါတယ်။
ဗီလာပါ့ခ်မှာ ဖြတ်သန်းခဲ့တဲ့ ကာလ အတွင်း ပြိုင်ပွဲစုံ ၁၈၂ ပွဲ ပါဝင် ကစားခဲ့ပြီး ၄ ဂိုးသွင်း၊ ၂၃ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်း ကလည်း ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘာ့ဂ် အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်းကို ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အဓိက ဖလားကြီး တစ်လုံး ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ ရောက်ရှိလာမှုဟာ အသင်းရဲ့ ပထမ ဦးစားပေး ဘယ်နောက်ခံလူ နူနို မန်းဒက်စ် အတွက် ဖိအားပေး နေရာလုရမှုတွေ ဖြစ်လာစေမှာ ဖြစ်ပြီး ဒစ်ဂ်နီး ကိုယ်တိုင် ကလည်း ပီအက်စ်ဂျီ မှာ ရရှိတဲ့ ဒုတိယအကြိမ် အခွင့်အရေး အတွက် ဝမ်းမြောက်နေပါတယ်။
ဒစ်ဂ်နီးက ပီအက်စ်ဂျီ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် ကနေ တစ်ဆင့် “ကျွန်တော် ဒီကို ရင့်ကျက်တဲ့ လူကြီး တစ်ယောက် အနေနဲ့ ပြန်လာတာပါ။ ပိုပြီး မတူညီတဲ့ ကစားသမား တစ်ယောက်လည်း ဖြစ်လာခဲ့ပါပြီ။ ပိုမို ရင့်ကျက်မှုနဲ့ အတွေ့အကြုံတွေ ရရှိခဲ့သလို ဒီအတွေ့အကြုံတွေကို အသင်းဆီ ယူဆောင်လာပြီး ဆုဖလားတွေ အများကြီး ဆွတ်ခူးချင်ပါတယ်။ ဒီကလပ်ဟာ အနိုင်ရဖို့ အတွက် တည်ဆောက်ထားတာ ဖြစ်ပြီး အနိုင်ရရှိခြင်းက ကလပ်ရဲ့ DNA ထဲမှာတင် ရှိနေတာပါ။”
“ဒီအသင်းမှာ ပါဝင်တဲ့ ကစားသမားတွေဟာ တကယ့်ကို ရည်မှန်းချက် ကြီးကြပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း ဒါကို သက်သေပြနေတာကြောင့် လူတိုင်းက ပါရီမှာ လာရောက် ကစားချင်ကြတာ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒစ်ဂ်နီးဟာ နွေရာသီ အပြောင်းအရွှေ့ အတွင်း ချဲလ်ဆီးဆီ ပြောင်းရွှေ့သွားတဲ့ မော်ဂန် ရော်ဂျာစ်နဲ့ မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းသွားတဲ့ ယူရီ တေးလီမန့်စ်တို့ ပြီးရင် ဗီလာ ကနေ ထွက်ခွာသွားခဲ့တဲ့ တတိယမြောက် ထင်ရှားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုနာကို ကနေ ယူရို သန်း ၅၀ နဲ့ ခေါ်ယူခဲ့တဲ့ မက်ဂ်နက်စ် အက်ကလီယူချီ ပြီးရင် ပီအက်စ်ဂျီ အသင်းက ဒီတစ်ပတ် အတွင်း တရားဝင် ကြေညာခဲ့တဲ့ ဒုတိယမြောက် ကစားသမားသစ်လည်း ဖြစ်လာခဲ့ပါတယ်။
ဒစ်ဂ်နီး အနေနဲ့ သူ့ရဲ့ ပွဲဦးထွက် ပွဲစဉ်ကို အသင်းဟောင်း အက်စတွန်ဗီလာနဲ့ ပွဲမှာတင် စတင် ကစားရဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီနဲ့ ဗီလာ တို့ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ် အဖြစ် ရင်ဆိုင်ရမှာပါ။ အဲဒီနောက် ပီအက်စ်ဂျီဟာ Trophee des Champions ပွဲစဉ် အဖြစ် လန်းစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်နေ့ မှာတော့ ရန်းစ်ကို အိမ်ကွင်းမှာ လက်ခံ ကစားကာ လီဂူးဝမ်း ချန်ပီယံဆု ကာကွယ် ပွဲစဉ်တွေကို စတင်သွားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


