နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီ ရောက်ရှိလာခဲ့ရင် ဘာစီလိုနာရဲ့ ပွဲထွက်လူစာရင်း ဘယ်လိုဖြစ်လာနိုင်မလဲ | လာလီဂါ

အကယ်၍ ရိုဒရီသာ လာလီဂါဆီ ရောက်ရှိလာခဲ့မယ် ဆိုရင် ဘာစီလိုနာဟာ ကမ္ဘာ့အတောင့်တင်းဆုံးနဲ့ အကောင်းဆုံး ကွင်းလယ် အင်အားကို ပိုင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ကွင်းလယ်ဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောင့်တင်းဆုံးတွေထဲမှာ ပါဝင်နေပြီး မန်ချက်စတာစီးတီးနဲ့ စပိန် အသင်းရဲ့ စူပါစတား ရိုဒရီကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် ပိုလို့ပင် အင်အား တောင့်တင်းလာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ရိုဒရီဟာ မန်စီးတီး ကနေ ထွက်ခွာခဲ့ရင် ရီးရဲလ်မက်ဒရစ်ဆီ ရောက်သွားလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ဘာစီလိုနာ ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲရဲ့ အကောင်းဆုံး ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းမှုကို အရှိန်မြှင့်တင်ခဲ့ပြီး သူတို့ရဲ့ မြို့ခံ ပြိုင်ဘက်ကြီးကို ကျော်လွန်ကာ ရိုဒရီရဲ့ လက်မှတ်ကို ရယူနိုင်ဖို့ ထိပ်ဆုံးကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီဟာ ကက်တာလန်မြေဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး သဘောတူညီမှု တချို့ပင် ရရှိထားပြီးပြီ ဖြစ်လို့ ရီးရဲလ်မက်ဒရစ် ကတော့ ဒီ အပြောင်းအရွှေ့ ပြိုင်ပွဲထဲ ကနေ အလိုလို ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ ၂၀၂၄ ဘယ်လွန်ဒေါဆုရှင်ကို ရောင်းချဖို့ လမ်းဖွင့်ပေးထားတဲ့ မန်စီးတီးထံ ဘာစီလိုနာရဲ့ ပထမဆုံး အကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့် နှစ်ဦး နှစ်ဖက် သဘောတူညီမှု ရရှိတဲ့ အထိ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

ဈေးနှုန်း ကွာခြားချက်တွေကြောင့် မန်စီးတီးနဲ့ သဘောတူညီမှု ရဖို့ မလွယ်ကူပေမယ့် ဘာစီလိုနာက ရိုဒရီကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဒီနွေရာသီ မကုန်မီမှာပဲ အနီအပြာ ကြား အင်္ကျီကို ဝတ်ဆင်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်အပြည့် ရှိနေကြပါတယ်။

ဒီအပြောင်းအရွှေ့သာ တကယ် ဖြစ်မြောက်လာခဲ့ရင် နည်းပြ ဟန်ဆီ ဖလစ်ခ် အတွက် ကွင်းလယ် ရွေးချယ်စရာ ပေါများသွားမှာ ဖြစ်ပြီး ရိုဒရီကတော့ ဒီကွင်းလယ် တစ်ခုလုံးရဲ့ အဓိက ဒေါက်တိုင် ဖြစ်လာမှာပါ။ ဒါကြောင့် ရိုဒရီ ရောက်ရှိလာရင် လာလီဂါ ချန်ပီယံတို့ ပွဲထွက်လာနိုင်မယ့် ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်းရဲ့ ကွင်းလယ်ပုံစံ (၄-၂-၃-၁)

ဟန်စီ ဖလစ်ခ် ဘာစီလိုနာကို ရောက်လာကတည်းက ၄-၂-၃-၁ ပုံစံနဲ့ ပုံမှန် ပွဲထွက်လေ့ရှိပြီး ဒါဟာ ဒီနွေရာသီ ၂၀၂၆ ကမ္ဘာ့ဖလားပွဲမှာ ရိုဒရီ ခြေစွမ်းပြကာ ချန်ပီယံ ဖြစ်ခဲ့တဲ့ စပိန် အသင်းရဲ့ ကစားကွက် ပုံစံနဲ့ ထပ်တူပါပဲ။ ဖလစ်ခ် အနေနဲ့ စပိန် အသင်းရဲ့ ကွင်းလယ်ပုံစံ အတိုင်း ကလပ် အသင်းမှာပါ အတိအကျ ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပြီး ဖာဘီယန် ရူအစ်ဇ် နေရာမှာ ပက်ဒရီကို အစားထိုး အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ရိုဒရီဟာ နံပါတ် ၆ ခံစစ် ကွင်းလယ် နေရာမှာ တာဝန်ယူရမှာ ဖြစ်ပြီး၊ ခံစစ်မှူးတွေဆီက ပေးပို့မှုကို လက်ခံတာ၊ ကွင်းလယ် ဗဟိုမှာ ထိုင်ပြီး ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အသင်း လိုအပ်နေခဲ့တဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုတွေကို ကာကွယ်ပေးနိုင်မယ့် တန်ပြန် ဖိအားပေးမှု (counter-press) တွေကို ပြုလုပ်ပေးသွားမှာပါ။

သူဟာ နံပါတ် ၆ နေရာမှာ ကစားနိုင်ပေမယ့် တိုက်စစ်ကို ပိုမို လိုက်ပါလေ့ရှိပြီး ရိုဒရီလို ရုပ်ပိုင်းဆိုင်ရာနဲ့ ယှဉ်ပြိုင်မှု အားသာချက် မရှိတဲ့ ဖရန်ကီ ဒီယောင်ရဲ့ နေရာမှာ အစားဝင်လာမှာ ဖြစ်ပါတယ်။

ဘာနဲလ် ကတော့ လာလီဂါ ကလပ်မှာ ရိုဒရီရဲ့ အရန် အဖြစ် ပိုမို ရှိနေနိုင်ပါတယ်။
ဘာစီလိုနာမှာ အဓိက ဒေါက်တိုင် ဖြစ်လာဖွယ် ရှိနေတဲ့ ရိုဒရီ

ရိုဒရီနဲ့ တွဲကစားစဉ် ပက်ဒရီရဲ့ ခြေစွမ်းကျဆင်းသွားခဲ့ဖူးတဲ့ စိုးရိမ်မှုတွေ ရှိနိုင်ပေမယ့် ဒါဟာ ပင်ပန်းနွမ်းနယ်မှု အပါအဝင် တခြားသော အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နည်းပြ လူးဝစ္စ ဒီ လာ ဖျူအန်တေးရဲ့ စပိန် အသင်း ကစားကွက်ဟာ ဟန်ဆီ ဖလစ်ခ်ရဲ့ ကစားကွက်ထက် ပိုမို နေရာယူမှု စနစ်ကျပြီး၊ ဖလစ်ခ် ကတော့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဒီယောင်ကို ခံစစ်ပိုင်း ပိုအာရုံစိုက်စေကာ ပက်ဒရီကို ဘောလုံးပိုင်ဆိုင်မှု စည်းချက်ကို ထိန်းကျောင်းဖို့ ကွင်းလယ်အနှံ့ လွတ်လပ်စွာ သွားလာခွင့် ပေးထားခဲ့တာပါ။

ဒီလို ကစားဟန်မှာ ရိုဒရီဟာ ဒီယောင်ထက် ခံစစ်ပိုင်းမှာ ပိုမို ကောင်းမွန်အောင် အဆင့်မြှင့်တင်ပေးနိုင်မှာ ဖြစ်လို့ အသင်း အတွက် အထူး လိုအပ်နေတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရှေ့မှာတော့ တောက်ပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲစဉ်တွေကို ဖြတ်သန်းခဲ့တဲ့ ဒန်နီ အော်လမိုက နံပါတ် ၁၀ တိုက်စစ် ကွင်းလယ်လူ အဖြစ် ပါဝင်လာမှာပါ။ ဒါပေမယ့် ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ဖာမင်း လိုပက်ဇ် ကလည်း အော်လမိုရဲ့ ပွဲထွက်နေရာကို စိန်ခေါ်နိုင်စွမ်း ရှိနေတာကြောင့် နည်းပြ ဖလစ်ခ် အတွက်တော့ ခေါင်းကိုက်စရာ အချိုမြိန်ဆုံး ပြဿနာ ဖြစ်လာပါလိမ့်မယ်။

 

ဘာစီလိုနာရဲ့ ရိုးရာ ၄-၃-၃ ကစားကွက်

ဖလစ်ခ် လက်အောက်မှာ ဘာစီလိုနာဟာ ၄-၂-၃-၁ ပုံစံကို ပိုမိုနှစ်သက်ခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့ရချိန်မှာ ရိုးရာ ၄-၃-၃ ကစားကွက် ကိုလည်း ပြောင်းလဲ အသုံးပြုနိုင်စွမ်း ရှိကြောင်း ပြသခဲ့ပါတယ်။ ရိုဒရီဟာ ပပ် ဂွါဒီယိုလာ လက်အောက် မန်စီးတီးမှာ အတူ ကစားခဲ့တဲ့ နှစ်ပေါင်း များစွာလုံး ၄-၃-၃ ကစားကွက်ရဲ့ နံပါတ် ၆ နေရာမှာ နံပါတ် ၈ နှစ်ယောက်နဲ့ အတူ ခြေစွမ်းပြခဲ့သူပါ။

အကယ်၍ ဖလစ်ခ် အနေနဲ့ ၄-၃-၃ နဲ့ ပွဲထွက်ချင်တယ် ဆိုရင်လည်း ရိုဒရီဟာ ခံစစ်တန်းနဲ့ တိုက်စစ် ကစားသမားတွေ အကြား ပေါင်းကူး တံတား အဖြစ်၊ ခံစစ်ရဲ့ အကာအကွယ် အဖြစ်နဲ့ ပထမဆုံး ဘောလုံးလမ်းကြောင်း ဖန်တီးသူအဖြစ် ကွင်းလယ်ကို အခြေပြု ထိန်းကျောင်းသွားမှာ ဖြစ်ပါတယ်။

ဒီကစားကွက်မှာ ပက်ဒရီက သူ့ရဲ့ ဘယ်ဘက်မှာ traditional နံပါတ် ၈ အဖြစ် ကစားနိုင်ပြီး၊ စပိန် အသင်းဖော် ဂါဗီ က ညာဘက် နံပါတ် ၈ အဖြစ် ပွဲထွက်လာနိုင်ပါတယ်။ ဇွဲကြီးတဲ့ ဒီကွင်းလယ်လူဟာ နောက်ဆုံး ၃ ရာသီ အတွင်း ဒဏ်ရာကြောင့် အချိန် အတော်ကြာ အနားယူခဲ့ရပေမယ့် အသက် ၂၂ နှစ် အရွယ် ရောက်ရှိလာချိန် ကြံ့ခိုင်မှု အပြည့် ပြန်လည် ရရှိလာရင်တော့ ၂၀၂၂ တုန်းက ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့တဲ့ ခြေစွမ်း ထက်မြက်မှုဆီ ပြန်ရောက်လာလိမ့်မယ်လို့ ဘာစီလိုနာက မျှော်လင့်နေပါတယ်။

အကယ်၍ ဂါဗီ ခြေစွမ်းမပြနိုင်သေးရင်တောင် ဖလစ်ခ်ဟာ ၂၀၂၅-၂၆ ရာသီက ဒီယောင်နဲ့ ပက်ဒရီတို့ ဒဏ်ရာရချိန်မှာ ဖာမင်းကို ဒီနေရာမှာ တစ်လနီးပါး အသုံးပြုခဲ့ဖူးပါတယ်။ နည်းပြ အနေနဲ့ ပိုမို ထိန်းချုပ် ကစားချင်တယ် ဆိုရင်တော့ မာ့ခ် ဘာနဲလ် ဒါမှမဟုတ် ဒီယောင် တို့ကိုပါ ဒုတိယ နံပါတ် ၈ အဖြစ် အသုံးပြုနိုင်ပါတယ်။ ဘာနဲလ် ကတော့ လာလီဂါ ကလပ်မှာ ရိုဒရီရဲ့ အရန် အဖြစ် ပိုမို ရှိနေနိုင်ပါတယ်။

ဖလစ်ခ်အနေနဲ့ ၄-၃-၃ ကစားကွက်ကို အသုံးပြုဖို့ တွန့်ဆုတ်နေခဲ့တာဟာ ဘာစီလိုနာမှာ ကမ္ဘာ့အဆင့် နံပါတ် ၆ ကစားသမား စစ်စစ် မရှိခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရိုဒရီ ရောက်ရှိလာခြင်းက ဒီပြဿနာကို ရာနှုန်းပြည့် ဖြေရှင်းပေးသွားမှာပါ။ ၄-၃-၃ နဲ့ ကစားခြင်းအားဖြင့် ဘာစီလိုနာဟာ သူတို့ရဲ့ မူလ DNA ဆီ ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပြီး၊ ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကိုရဲ့ အမြင်မှာတော့ ရိုဒရီဟာ ဂန္ထဝင်ကစားသမား ဆာဂျီယို ဘူးစကွက်စ်ရဲ့ နေရာကို အစားထိုးနိုင်မယ့် တစ်ဦးတည်းသော ကစားသမား အဖြစ် သူတို့ရဲ့ ကံကြမ္မာကို ပုံဖော်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်