လစ်ဗာပူးလ် အသင်းဟာ ချီကာဂိုမြို့က Soldier Field ကွင်းမှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ အစဉ်အလာ ပြိုင်ဘက် လိဒ်စ်ယူနိုက်တက်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ကာ အမေရိကန် ခရီးစဉ်ကို အဆုံးသတ်လိုက်ရပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ် နောက်ပိုင်း လိဒ်စ် အနေနဲ့ လစ်ဗာပူးလ်ကို ဒုတိယအကြိမ်မြောက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပထမပိုင်းအပြီး မှာတော့ နည်းပြသစ် အန်ဒိုနီ အီရာအိုလာရဲ့ လစ်ဗာပူးလ်ဟာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ခြေစမ်းပွဲ ၃ ပွဲဆက် နိုင်ပွဲနဲ့ အတူ အိမ်ပြန်နိုင်တော့မယ်လို့ ထင်ခဲ့ရတာပါ။ ပထမပိုင်း အပြီးမှာ အသင်းဟာ ယုံကြည်မှု အပြည့် ရှိနေခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ လိဒ်စ် အသင်းရဲ့ တုံ့ပြန်မှုကို ခံလိုက်ရပါတယ်။ လိဒ်စ်ဟာ ၁၅ မိနစ် အတွင်းမှာပဲ ၃ ဂိုး ဆက်တိုက် သွင်းယူခဲ့ပြီး စုစုပေါင်း ၄ ဂိုး အထိ သွင်းယူသွားခဲ့တာပါ။ အထူးသဖြင့် ဒေါမနစ်ခ် ကဲလ်ဗတ်-လီဝင်းက လက်ပစ်ဘောတွေ ကနေ တစ်ဆင့် တူညီတဲ့ ပုံစံနဲ့ ၂ ဂိုး သွင်းယူသွားခဲ့တာကြောင့် လစ်ဗာပူးလ် ခံစစ် အစုအဖွဲ့ တစ်ခုလုံး တိုင်ပတ်သွားခဲ့ရပါတယ်။
ဒီပွဲဟာ ရာသီကြို အရေးမပါတဲ့ ခြေစမ်းပွဲ တစ်ခုပဲ ဖြစ်လို့ ပရိသတ်တွေ အတွက်တော့ သိပ်စိတ်ပူစရာ မဟုတ်ဘူး ဆိုပေမယ့် နည်းပြအဖွဲ့ အတွက်တော့ ပြင်ဆင်စရာ အချက်ပေါင်းများစွာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။
၁။ ပုံစံကောင်း ပြန်ရလာတဲ့ ဖလော်ရီယန် ဗစ်ဇ်
အသက် ၂၃ နှစ် အရွယ် ဂျာမနီ တိုက်စစ် ကစားသမား ဖလော်ရီယန် ဗစ်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက ပေါင် ၁၁၆ သန်း ဆိုတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့လို့ “အသုံးမကျတဲ့ ကစားသမား” လို့တောင် ဝေဖန်ခံခဲ့ရသူပါ။ အမေရိကန်မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား မှာလည်း ဂျာမနီ အသင်းဟာ ပါရာဂွေးကို ရှုံးပြီး ခပ်စောစော ထွက်လိုက်ရလို့ သူ့အတွက် စိတ်ပျက်စရာတွေနဲ့ပဲ ကြုံတွေ့ခဲ့ရပါတယ်။
ဒါပေမယ့် အခု နည်းပြသစ် အီရာအိုလာ လက်ထက် မှာတော့ ဗစ်ဇ် တစ်ယောက် ပုံစံသစ်နဲ့ ပြန်လာခဲ့ပါပြီ။ လိဒ်စ်နဲ့ ပွဲ ပထမပိုင်း မိနစ် ၄၅ အတွင်းမှာပဲ ဗစ်ဇ်ဟာ ကွင်းလယ် တိုက်စစ် ကစားသမား နေရာမှာ ရုန်းကန်ရမှု မရှိဘဲ သဘာဝကျကျ ခြေစွမ်းပြသွားခဲ့ပါတယ်။ ဂျရယ်မီ ဖရင်မ်ပေါင်ရဲ့ ဖြတ်တင်ဘောကို ပေးပို့မှု အတိုင်း အကွက်ကျကျ အဆုံးသတ်ပြီး ဂိုးသွင်းယူပေးခဲ့တာပါ။
နည်းပြ အီရာအိုလာ ကလည်း ဗစ်ဇ်ကို တောင်ပံ မဟုတ်ဘဲ တိုက်စစ်မှူးရဲ့ အနောက် ကွင်းလယ် နေရာမှာပဲ ဆက်လက် အသုံးပြုသွားမယ်လို့ ပွဲမတိုင်မီ ကတည်းက အတည်ပြုခဲ့တာကြောင့် အခုလို ပုံစံကောင်း ဆက်ထိန်းနိုင်ရင်တော့ ဗစ်ဇ်ဟာ ငွေဖြုန်းထားတဲ့ ကစားသမား မဟုတ်ဘဲ ပရီးမီးယားလိဂ် ဖလားပြန်လုမယ့် လစ်ဗာပူးလ်ရဲ့ သော့ချက် ကစားသမား ဖြစ်လာမှာ သေချာပါတယ်။
၂။ လူငယ်ကစားသမားတွေရဲ့ ရောထွေးနေတဲ့ ခြေစွမ်းများ

လစ်ဗာပူးလ်က ဒီရာသီကြို ခြေစမ်းပွဲတွေမှာ လူငယ်တွေကို စမ်းသပ် သုံးစွဲခဲ့ရာမှာ ၁၉ နှစ် အရွယ် ကွင်းလယ်လူ တရီး နီယိုနီ ကတော့ တကယ်ကို တောက်ပခဲ့ပါတယ်။ သူဟာ ဆန်းဒါးလန်း၊ ရက်စ်ဟမ်း အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့သလို ဒီပွဲ ပထမပိုင်း မှာလည်း ဗစ်ဇ် ဂိုးသွင်းနိုင်ဖို့ အတွက် ဖရင်မ်ပေါင်ဆီ လှပတဲ့ ဖြတ်တင်ဘော ပေးပို့ပြီး ဂိုးပါဝင်ပတ်သတ်မှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီခြေစွမ်းအတိုင်း ဆိုရင်တော့ နီယိုနီ ကတော့ ပထမအသင်းကြီးမှာ နေရာရဖို့ သေချာသလောက် ရှိနေပါပြီ။
ဒါပေမယ့် ဒုတိယပိုင်းမှာ ဝင်လာတဲ့ ၁၈ နှစ် အရွယ် သြစတြီးယား ဗဟိုခံစစ်မှူး အိဖီးယန်းယီ အန်ဒူးကွေး ကတော့ ၆ ပေ ၆ လက်မ အရပ်အမောင်း ရှိပေမယ့် အဝေးပစ်ဘောတွေကို ကာကွယ်ရာမှာ ယုံကြည်မှု မရှိဘဲ တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါ့အပြင် အန်ဒူးကွေး ဟာ အလုပ်ပါမစ် ပြဿနာကြောင့် လာမယ့် ရာသီမှာ လစ်ဗာပူးလ် အတွက် ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ အလားတူ ဒုတိယပိုင်းမှ ဝင်လာတဲ့ ၁၈ နှစ်အရွယ် မော် တာလာ အန်ဒီယေး ကလည်း ခံစစ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့တာကြောင့် လစ်ဗာပူးလ်ရဲ့ ဗဟိုခံစစ် အရန်အင်အား အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။
၃။ သင်ခန်းစာယူစရာ လစ်ဗာပူးလ်ရဲ့ အမှားများ
ပထမပိုင်းမှာ အရာရာ အဆင်ပြေခဲ့ပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီးမှာ ပြုလုပ်ခဲ့တဲ့ လူစားလဲမှုတွေနဲ့ အတူ လစ်ဗာပူးလ် ခံစစ်ဟာ အဝေးပစ် ဘောလုံးတွေနဲ့ ထောင့်ကန်ဘောတွေကို လုံးဝ ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ခံစစ် ကစားသမားတွေရဲ့ တည်နေရာယူမှု မှားယွင်းတာ၊ အကွာအဝေး အမှားတွက်တာတွေ အပြင် ကွင်းလယ်လူ ကာတစ် ဂျုန်းစ်ရဲ့ ပွဲအပေါ် အာရုံမစိုက်နိုင်မှုတွေက လစ်ဗာပူးလ် အသင်းရဲ့ အားနည်းချက်ကို ပေါ်လွင်စေခဲ့ပါတယ်။ ဒါဟာ ရာသီကြို ခြေစမ်းပွဲသာ ဖြစ်တာကြောင့် အခွင့်အရေး လွတ်သွားရုံက လွဲလို့ ကြီးကြီးမားမား ထိခိုက်မှု မရှိပေမယ့် နည်းပြ အီရာအိုလာ အနေနဲ့ ရာသီမစမီ ခံစစ်ပိုင်း ပြဿနာတွေကို အမြန်ဆုံး ပြုပြင်သွားရတော့မှာပါ။
ရှေ့ဆက်ရမယ့် ခရီး
လစ်ဗာပူးလ် အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ အန်ဖီးလ်ကွင်း၌ မိုနာကိုနဲ့ နောက်ထပ် ခြေစမ်းပွဲ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးကာဆယ် အသင်းကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


