နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွန်ဒိုအန် ခန့်မှန်းလိုက်တဲ့ ဘေယန်မြူးနစ်ရဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါ စိန်ခေါ်မှု

ဘေယန်မြူးနစ်ဟာ လာမယ့် ဘွန်ဒက်စ်လီဂါ ရာသီသစ် မှာလည်း ချန်ပီယံဆုကို အလွယ်တကူ ဆွတ်ခူးသွားလိမ့်မယ်လို့ အိုင်ခေး ဂွန်ဒိုအန်က သုံးသပ် ပြောကြားလိုက်ပါတယ်။
ဘေယန်မြူးနစ် ကတော့ နည်းပြ ဗင်းန်ဆင့် ကွန်ပနီ လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီ ဆက်တိုက် ဘွန်ဒက်စ်လီဂါ ဖလားကို ဆွတ်ခူးထားနိုင်ခဲ့တာပါ။ ဘေယန်ဟာ ၂၀၂၄-၂၅ ရာသီမှာ ဘေယာ လေဗာကူဆင်ထက် ၁၃ မှတ်၊ ပြီးခဲ့တဲ့ ရာသီ မှာတော့ ဒေါ့မွန် အသင်းထက် ၁၆ မှတ် အထိ အသာရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ရာသီ အတွင်းမှာ ဘေယန်ဟာ လိဂ် ပွဲစဉ် ၃ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး စုစုပေါင်း ၂၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပါတယ်။

၂၀၁၁-၁၂ ရာသီတုန်းက ဒေါ့မန်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလားကို ဆွတ်ခူးခဲ့ဖူးသူ အိုင်ခေး ဂွန်ဒိုအန် ကတော့ Sky Sports Germany နဲ့ တွေ့ဆုံချိန်မှာ တခြား အသင်းတွေ အနေနဲ့ ဘေယန်ကို ယှဉ်နိုင်ဦးမှာ မဟုတ်ကြောင်း အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ်။

“ဘေယန်က ဘာပြဿနာမှ မရှိဘဲ ဒီရာသီ မှာလည်း လိဂ်ဖလားကို အေးအေးဆေးဆေး သိမ်းပိုက်သွားလိမ့်မယ်။ ဘေယန် ဆိုတာ ဂျာမနီမှာ အကောင်းဆုံးနဲ့ အမြင့်ဆုံး အဆင့်မှာ ရှိတဲ့ အသင်းပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုလို နည်းပြ၊ ကစားသမားနဲ့ အသင်း တာဝန်ရှိသူတွေ တွဲဖက်ထားတဲ့ ပုံစံမှာ ဒေါ့မန်တို့ အတွက် အခွင့်အရေး ရသွားစေမယ့် လွဲမှားမှုမျိုး ဘေယန် ဘက်က ဖြစ်လာစရာ လုံးဝ မမြင်ပါဘူး။ ဒါ့အပြင် ဘေယန်ဟာ ချန်ပီယံလိဂ် ဖလားကို သိမ်းပိုက်နိုင်ဖို့ အထိပါ စိန်ခေါ်နိုင်တဲ့ တစ်သင်း ဖြစ်ပါတယ်။”

ဘေယန်မြူးနစ် ကတော့ နည်းပြ ဗင်းန်ဆင့် ကွန်ပနီ လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီ ဆက်တိုက် ဘွန်ဒက်စ်လီဂါ ဖလားကို ဆွတ်ခူးထားနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်ရာသီဆက် ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲ ၃ ပွဲသာ ရှိခဲ့တဲ့ ဘေယန်မြူးနစ်

ဂွန်ဒိုအန်ဟာ သူရဲ့ ကစားသမားဘဝ အစောပိုင်းမှာ နုရင်ဘာ့ဂ် အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါမှာ စတင် ခြေချခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ် စက်တင်ဘာလတုန်းက ဘေယန်နဲ့ ပွဲစဉ်မှာ ပထမဆုံး ဂိုးဖန်တီးမှုနဲ့ ဒုတိယအကျော့မှာ ပထမဆုံး ဂိုးကို သွင်းယူပေးခဲ့ဖူးပါတယ်။ လက်ရှိမှာ နုရင်ဘာ့ဂ်ဟာ ဂျာမနီ ဒုတိယတန်းလိဂ်မှာ ကစားနေရတာကြောင့် ကလပ်ဟောင်းထံ ပြန်လည် ကစားဖို့ ရှိ၊ မရှိ မေးမြန်းရာ မှာတော့ ဂွန်ဒိုအန်က “အတည် ပြောရရင် ဒုတိယတန်းလိဂ်က အပြိုင်အဆိုင် ပြင်းထန်ပေမယ့် အဲဒီမှာ ပြန်မကစားချင်သေးပါဘူး။ ကျွန်တော် ရောက်ရှိနေတဲ့ နေရာ ကိုလည်း ကြည့်ရပါမယ်။ အခု ကျွန်တော်က ချန်ပီယံလိဂ် ကစားနေရတဲ့ ဂါလာတာစာရေး အသင်းမှာ ရှိနေပြီး ဒီအဆင့်မှာ ကစားရတာကို အလွန်သဘောကျပါတယ်။”

“ဒါပေမယ့် အနာဂတ် အတွက် ပရောဂျက်တွေ ဖန်တီးလို့ရတာပဲလေ။ နုရင်ဘာ့ဂ်က အမြဲတမ်း ကျွန်တော့် ရင်ထဲမှာ ရှိနေတဲ့ ကလပ် ဖြစ်လို့ အသင်းရော၊ မြို့ကိုပါ အများကြီး ကျေးဇူးတင်ပါတယ်။ တစ်ချိန်ချိန်မှာ ကစားသမား အဖြစ် ၁ နှစ်၊ ၂ နှစ် သို့မဟုတ် အုပ်ချုပ်သူ၊ နည်းပြ ရာထူး တစ်ခုခုနဲ့ ပြန်သွားဖို့ စဉ်းစားလို့ ရပါတယ်။”

လက်ရှိ ဂါလာတာစာရေး အသင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း “လောလောဆယ် ဒီနှစ်ထက် ပိုပြီး အဝေးကြီး မစဉ်းစားချင်သေးပါဘူး။ အခုအခြေအနေ အတိုင်း ဆိုရင်တော့ ဂါလာ မှာပဲ ဆက်နေချင်ပါတယ်။ ဒီမှာ တကယ် အဆင်ပြေနေပေမယ့် အပြောင်းအလဲတွေ အများကြီးပေါ်လည်း မူတည်နေပါတယ်” လို့ ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

ဂွန်ဒိုအန်ဟာ ဘွန်ဒက်စ်လီဂါမှာ ပွဲပေါင်း ၁၅၇ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူခဲ့တာက မန်စီးတီး မှာတော့ ပထမ တစ်ကြိမ် ၃၀၄ ပွဲ ကစားကာ ဂိုး ၆၀ သွင်းခဲ့ပါတယ်။ မန်စီးတီး ကစားသမားဘဝ ဒုတိယ သက်တမ်း မှာတော့ ဂျာမနီသားက ၅၄ ပွဲ ကစား၊ ၅ ဂိုး သွင်းယူခဲ့သလို ဘာစီလိုနာမှာ ကစားခဲ့တဲ့ အငှား ကာလ အတွင်းမှာတော့ ၅၁ ပွဲ ကစားပြီး ၅ ဂိုး သွင်းယူခဲ့ပါတယ်။ လက်ရှိ ကလပ် ဂါလာတာစာရေး မှာတော့ ဂွန်ဒိုအန်က ၃၈ ပွဲ ကစားပြီး ၂ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်