နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Opta Power Rankings ကို လွှမ်းမိုးထားတဲ့ ပရီးမီးယားလိဂ် ကလပ်များ

လက်ရှိ ကမ္ဘာပေါ်မှာ ဘယ်ကလပ်တွေက အကောင်းဆုံးလဲ ဆိုတာ Opta Power Rankings က တွက်ချက် အဖြေထုတ်ပေးလာခဲ့ပါတယ်။ ထူးခြားတာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကလပ် စာရင်းရဲ့ ထိပ်ပိုင်း နေရာတွေကို ပရီးမီးယားလိဂ် ကလပ်တွေက စိုးမိုးထားတာ ဖြစ်ပါတယ်။

“ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းက ဘယ်အသင်းလဲ” ဆိုတဲ့ မေးခွန်းဟာ ဘောလုံး ပရိသတ်တွေ အကြား ခေတ်အဆက်ဆက် ငြင်းခုံလို့ မပြီးနိုင်ခဲ့တဲ့ မေးခွန်းတစ်ခုပါ။ အဖြေအတိအကျ ရဖို့ မလွယ်လှပေမယ့် Opta Power Rankings စနစ်ကို လေ့လာကြည့်မယ် ဆိုရင်တော့ ဒီငြင်းခုံမှုတွေကို အလွယ်တကူ အဆုံးသတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Opta Power Rankings ဆိုတာ ကတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ အမျိုးသား ကလပ် အသင်းပေါင်း ၁၃,၅၀၀ ကျော်နဲ့ အမျိုးသမီး ကလပ်အသင်းပေါင်း ၂,၅၀၀ ကျော်ရဲ့ စွမ်းဆောင်ရည်ကို ၀ ကနေ ၁၀၀ အထိ ရမှတ် ပေးပြီး အဆင့် သတ်မှတ်ပေးထားတဲ့ စနစ် တစ်ခု ဖြစ်ပါတယ်။ ရမှတ် ၀ က ကမ္ဘာ့အညံ့ဆုံး အသင်း ဖြစ်ပြီး ၁၀၀ ကတော့ ကမ္ဘာ့အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ပါတယ်။

ဒီစနစ်ကြောင့် “လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီး၊ မန်ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ထက် ပိုတောင့်တင်းတယ်” ဆိုပြီး ငြင်းခုံကြတာမျိုး ဒါမှမဟုတ် “ဘာစီလိုနာက ဘေယန်မြူးနစ်၊ အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် တို့ထက် ပိုကောင်းလား” ဆိုတဲ့ မေးခွန်းမျိုးတွေကို အချက်အလက်နဲ့ ယှဉ်ပြီး တိတိကျကျ အဖြေထုတ်နိုင်ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီး ဘောလုံးလောကရဲ့ ထိပ်တန်း အသင်းတွေကို နှိုင်းယှဉ်ရာမှာလည်း ဒီစနစ်က အလွန်အသုံးဝင်ပါတယ်။ အမျိုးသမီး စူပါလိဂ်ထဲက ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ယူနိုက်တက် တို့ရဲ့ ကြီးစိုးမှုကိုပဲ ဖြစ်ဖြစ်၊ ဥရောပ အင်အားကြီး ဘာစီလိုနာနဲ့ လိုင်ယွန် တို့ရဲ့ လွှမ်းမိုးမှု ကိုပဲ ဖြစ်ဖြစ် အချက်အလက် အခြေပြု ကိန်းဂဏန်းတွေနဲ့ ပွင့်ပွင့်လင်းလင်း နှိုင်းယှဉ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Opta Power Rankings ဟာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ နယ်သာလန်နဲ့ ပေါ်တူဂီ စတဲ့ ဥရောပ ထိပ်တန်းလိဂ်တွေ ကိုတင် မကဘဲ FIFA အဖွဲ့ဝင် ၁၈၃ နိုင်ငံက မတူညီတဲ့ လိဂ်ပြိုင်ပွဲပေါင်း ၅၆၂ ခုက အသင်းတွေကို နေ့စဉ်နဲ့ အမျှ တွက်ချက် အဆင့်မြှင့်တင်ပြီး ရမှတ်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ ကလပ်တွေကို ဘရာဇီး၊ ဂျပန်၊ ဘယ်လ်ဂျီယံ၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်၊ ကာတာ၊ ဟန်ဂေရီ၊ ယူကရိန်း၊ ဥရုဂွေးနဲ့ ဆွီဒင် စတဲ့ နိုင်ငံအသီးသီးက ကလပ်တွေနဲ့ တိုက်ရိုက် နှိုင်းယှဉ်ကြည့်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဘီးယားမှာ ကစားနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကာရင်မ် ဘန်ဇီမာ တို့ရဲ့ ပြိုင်ဘက်တွေ ဘယ်လောက် တောင့်တင်းလဲ ဆိုတာ သိချင်ရင် ဒါမှမဟုတ် အင်တာမိုင်ယာမီမှာ ရောက်နေတဲ့ လီယိုနယ် မက်ဆီရဲ့ အသင်းက ဥရောပအသင်းတွေနဲ့ ယှဉ်ရင် ဘယ်အဆင့်မှာရှိလဲ ဆိုတာ ကြည့်ချင်ရင် ဒါတွေ အားလုံးကို Opta Power Rankings မှာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

လက်တလော Opta Power Rankings က တွက်ချက်ထားမှုမှာ ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ်က ရမှတ် ၁၀၀ နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဂန်းနားတွေရဲ့ နောက်မှာတော့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်ခဲ့တဲ့ ဘေယန်မြူးနစ်က ရမှတ် ၁၀၀ နဲ့ ဆက်လက် ရပ်တည်နေတာ တွေ့ရပါတယ်။ အဲဒီနောက် မန်စီးတီးက ၉၈.၂၊ ပီအက်စ်ဂျီက ၉၇.၅၊ ဘာစီလိုနာက ၉၆.၄၊ မန်ယူနိုက်တက် ၉၆.၁၊ ဗီလာ ၉၅.၂၊ ရီးရဲလ်မက်ဒရစ် ၉၅.၂၊ အင်တာ (၉၄.၈) နဲ့ လစ်ဗာပူးလ် (၉၄.၇) တို့နဲ့ အသီးသီး ရပ်တည်နေပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ထိပ်ဆုံး ၁၀ သင်း စာရင်းမှာ ပရီးမီးယားလိဂ် ကလပ် ၅ သင်း အထိ ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဘုန်းမောက်၊ ဘရိုက်တန်၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ ဖောရက်စ်နဲ့ ပဲလေ့စ် တို့ကလည်း အဆင့် ၂၀ အတွင်း ဝင်နေပါသေးတယ်။ ဒါဟာ အင်္ဂလန်လိဂ်ရဲ့ ဘောလုံး အဆင့်အတန်း မြင့်မားမှုကို တနည်းတဖုံနဲ့ သက်သေပြနေခဲ့တာ ဖြစ်ပါတယ်။ တချို့သော ပရီးမီးယားလိဂ် ကလပ်ငယ်လေးတွေ ဆိုရင် ဥရောပ ထိပ်တန်း ကလပ် တချို့ရဲ့ ရပ်တည်မှုထက်တောင် မြင့်မားနေတာ တွေ့ရပါလိမ့်မယ်။

နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာ ကတော့ ရမှတ် ၈၆.၂ နဲ့ အဆင့် ၈၈ နေရာမှာ ရှိနေပြီး လီယွန်နယ် မက်ဆီရဲ့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ ရမှတ် ၈၅.၇ မှတ်နဲ့ ကမ္ဘာ့အဆင့် ၁၀၂ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် မြန်မာနေရှင်နယ်လိဂ် ကလပ်တွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ပြန်ကြည့်တဲ့ အခါမှာလည်း အအောင်မြင်ဆုံး အသင်းတွေ ဖြစ်တဲ့ ရှမ်းယူနိုက်တက်က ကမ္ဘာ့အဆင့် ၂၈၀၈ မှာ ရှိနေသလို ရန်ကုန်ယူနိုက်တက် ကလည်း ကမ္ဘာ့အဆင့် ၂၅၄၆ မှာ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်