နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဇို ဖာနန်ဒက်ဇ်ကို ပေါင် ၁၀၂ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ၊ ချူအာမေနီကို ယူနိုက်တက်ဆီ ရောင်းချမယ့် ရီးရဲလ် | ပရီးမီးယားလိဂ်

အခု တစ်ခါမှာတော့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားဖွယ်ရာ အပြောင်းအရွှေ့ သတင်းထူးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ် ပီအက်စ်ဂျီ အသင်းဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ပေါင် ၁၀၂ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် အန်ဇိုနဲ့ အတူ ချဲလ်ဆီး အသင်းဖော် မာလို ဂူစတို တို့ဟာ မန်စီးတီးရဲ့ ပစ်မှတ် အဖြစ် ရှိနေဆဲ ဖြစ်ပြီး မန်စီးတီးဟာ သူတို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ အမြန်ဆုံး ကြိုးပမ်းလာနိုင်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို ပေါင် ၃၄ သန်း ဝန်းကျင်နဲ့ ဂျူဗင်တပ်စ် အသင်းဆီ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ 

ရိုဒရီဟာ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ သဘောတူညီချက်ကို စောင့်ဆိုင်းနေပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးဟာ ရိုဒရီရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ အက်ဒူယာဒို ကာမာဗင်ဂါကို အာဆင်နယ်၊ ချဲလ်ဆီး တို့နဲ့ အတူ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီကို ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက် အသင်းဆီ ရောင်းချဖို့ ပြင်ဆင်နေပြီး စာချုပ်သစ် ကိစ္စကိုလည်း အတည်မပြုသေးပါဘူး။

အာဆင်နယ် အသင်းဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး သူ့ကို ခေါ်ယူ အပြီးမှာ တောင်ပံ ကစားသမားသစ် တစ်ဦး ထပ်မံခေါ်ယူဖို့ စီစဉ်နေပါတယ်။ နယူးကာဆယ် ဘက်ကတော့ ဂီမာရေးစ် အတွက် ပေါင် ၉၂ သန်း အထိ တောင်းဆိုထားပါတယ်။ 

ဆန် လိုရင်ဇို အသင်းရဲ့ ပါရာဂွေး ဂိုးသမား အော်လန်ဒို ဂီးလ်ရဲ့ အေးဂျင့်တွေက လာမယ့် နာရီပိုင်း အတွင်း မန်ချက်စတာယူနိုက်တက် အသင်းဆီက ကမ်းလှမ်းမှု ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ 

အာဆင်နယ်၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်နဲ့ လစ်ဗာပူးလ် တို့ဟာ လိုက်ပ်ဇစ် တောင်ပံ ကစားသမား ယန် ဒီယိုမန်ဒီ အတွက် ပေါင် ၈၅ သန်း ပေးချေဖို့ အသီးသီး အသင့်ရှိနေကြပါတယ်။ ဒီယိုမန်ဒီ ကတော့ ပီအက်စ်ဂျီ ဘက်က တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးပေမယ့် ပြင်သစ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ပဲ အဓိက အာရုံစိုက်ထားပါတယ်။

မန်ယူနိုက်တက်ဟာ ရိုးမား ကွင်းလယ်လူ မာနူ ကိုနေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားပြီး ပေါင် ၄၃ သန်း နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် ဒီပမာဏဟာ လုံလောက်ချင်မှ လုံလောက်ပါလိမ့်မယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နွေရာသီက ခေါ်ယူဖို့ လွဲချော်ခဲ့တဲ့ ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ ကိုလည်း ယူနိုက်တက်က အလေးအနက် ပြန်လည် စဉ်းစားနေပါတယ်။

လစ်ဗာပူးလ် အသင်းရဲ့ ဒီနွေရာသီ တိုက်စစ်ပိုင်း အားဖြည့်ဖို့ ပထမဦးစားပေး ပစ်မှတ် ကတော့ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရက်ဒ်လေ ဘာကိုလာပဲ ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီကို ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက် အသင်းဆီ ရောင်းချဖို့ ပြင်ဆင်နေပြီး စာချုပ်သစ် ကိစ္စကိုလည်း အတည်မပြုသေးပါဘူး။
ထိပ်တန်း ကွင်းလယ် ကစားသမားသစ် တစ်ဦး ထပ်မံ ခေါ်ယူဦးမယ့် မန်ယူနိုက်တက်

ချဲလ်ဆီး အသင်းဟာ ဘေယာ လေဗာကူဆင် ကွင်းလယ်လူ ကာရင်မ် အာလိုင်ဘီဂိုဗစ်ကို ဂျူဗင်တပ်စ်ထက် ဦးအောင် ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ 

အင်တာမီလန် အသင်းဟာ တော့တင်ဟမ်ဟော့စပါး ဗဟိုနောက်ခံလူ ခရစ္စရှန် ရိုမီယိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး လာမယ့် သီတင်းပတ်အတွင်း အာဂျင်တီးနား လက်ရွေးစင် အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်တင်တော့မှာပါ။

လိဒ်စ်ယူနိုက်တက်ဟာ မန်စီးတီး ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ မန်စီးတီး တောင်းဆိုတဲ့ ပေါင် သန်း ၅၀ ဟာ မြင့်မားလွန်းတာကြောင့် နယူးကာဆယ် ကတော့ ဒီပြိုင်ပွဲ ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ 

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် အပေါ် ယုံကြည်မှု လျော့နည်းသွားခဲ့ပြီး သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိရင် ရောင်းထုတ်သွားနိုင်ပါတယ်။ 

မိုက်ကယ် အိုလီဆေးဟာ ဘေယန်မြူးနစ်နဲ့ တွေ့ဆုံပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ တရားဝင် တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။ ဒါမှသာ ရီးရဲလ် ဘက်က စတင်လှုပ်ရှားမှာပါ။ ကီလီယန် အမ်ဘာပေး ကလည်း အိုလစ်ဆီ ရီးရဲလ်ကို ပြောင်းချင်နေတဲ့ အကြောင်း အသင်း တာဝန်ရှိသူတွေကို အတည်ပြု ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ် လူငယ် တောင်ပံကစားသမား ဖရန်ကို မာစတန်တူအိုနိုကို အငှားနဲ့ ခေါ်ယူဖို့ ဖူလ်ဟမ်၊ တော့တင်ဟမ်ဟော့စပါး၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ လိုင်ယွန်၊ လိုက်ပ်ဇစ်နဲ့ ဗီယားရီးရဲလ် စတဲ့ ကလပ် အသင်းကြီး များစွာက ဆက်သွယ်ထားကြပါတယ်။ 

ဘာစီလိုနာ အသင်းဟာ လာမင်း ယာမယ်ကို False-Nine တိုက်စစ်မှူး အဖြစ် ပြောင်းလဲ ကစားစေမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး တိုက်စစ်မှူးသစ် တစ်ဦးနဲ့ တွဲဖက်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ အဓိက ပစ်မှတ် အဖြစ် ရှိနေဆဲပါ။ 

တစ်ဖက်မှာလည်း အက်တလက်တီကိုမက်ဒရစ် အသင်းဟာ အလွတ် အေးဂျင့် ဖြစ်လာတဲ့ ဗဟို နောက်ခံလူ ဂျွန် စတုန်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်