နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မော်ရင်ညိုနဲ့ ရီးရဲလ်မက်ဒရစ် မဖြေရှင်းနိုင်သေးတဲ့ ကွင်းလယ် ပဟေဠိ အပိုင်းအစ | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်း အတွက် ကွင်းလယ်ပိုင်းဟာ အဓိက ခေါင်းခဲစရာ ပြဿနာ တစ်ခု ဖြစ်နေတာ အခုဆိုရင် ၂ နှစ်တိုင်တိုင် ရှိနေခဲ့ပါပြီ။ ပြောရရင် ၂၀၂၄ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာ တိုနီ ခရူးစ် အနားယူသွားခဲ့ပြီးတည်းက ရီးရဲလ်ရဲ့ ကွင်းလယ်မှာ ဖြစ်ပေါ်သွားတဲ့ ဟာကွက်ကို အခုထိ အစားမထိုးနိုင်သေးတာပါ။ 

ကွင်းလယ် ကနေ ပွဲကို ထိန်းချုပ်ကစားနိုင်မှု ပျောက်ဆုံးသွားတဲ့ ဒီပြဿနာဟာ တစ်နှစ် အကြာမှာ လူကာ မိုဒရစ် ထွက်ခွာသွားချိန်မှာတော့ ပိုမို ဆိုးရွားလာခဲ့ပြီး ဒီဂန္ထဝင် နှစ်ဦး ထွက်ခွာသွားပြီး နောက်ပိုင်း ရီးရဲလ်မက်ဒရစ်တို့ ဆုဖလား တစ်လုံးမှ မရရှိတော့တာဟာ အဆန်းတော့ မဟုတ်ပါဘူး။

ဒီနွေရာသီဟာ ဘာနေဗျူး အတွက် အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေတဲ့ ရာသီတစ်ခု ဖြစ်ပြီး နည်းပြဟောင်း ဟိုဆေး မော်ရင်ညို အသင်းဆီ ပြန်လည် ရောက်ရှိလာကာ ဆုဖလား လမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ပေးဖို့ တာဝန်ယူထားပါတယ်။ အသက် ၆၃ နှစ် အရွယ် နည်းပြကြီး အတွက် အသင်း ဘက်ကလည်း မားခ် ကူကူရယ်လာ၊ အီဘရာဟီမာ ကိုနာတေးနဲ့ ဒန်ဇဲလ် ဒမ်ဖရီးစ်တို့ အပါအဝင် ခံစစ်ပိုင်းကို အသစ် ပြင်ဆင်ပေးထားသလို၊ ဗဟိုနောက်ခံလူ တစ်ဦး ထပ်မံ ရောက်ရှိလာဖို့လည်း ရှိနေပါတယ်။

ဒါပေမယ့် ကွင်းလယ်ပိုင်း မှာတော့ လက်ရှိအချိန်ထိ အသစ် ရောက်ရှိလာသူဆိုလို့ ဘာနာဒို ဆေးလ်ဗား တစ်ဦးပဲ ရှိပါသေးတယ်။ အသက် ၃၁ နှစ် အရွယ် ကစားသမားဟာ အရည်အသွေးမြင့်ပြီး အောင်မြင်မှုတွေ ရယူဖူးသူဖြစ်ပေမယ့် ရီးရဲလ်ရဲ့ ကွင်းလယ် ပြဿနာ အတွက် ရေရှည် အဖြေတော့ မဟုတ်ပါဘူး။ အသင်းမှာ အတွေ့အကြုံ ပံ့ပိုးပေးနိုင်သူ၊ လေ့ကျင့်ရေးကွင်းမှာ စံချိန် စံညွှန်း မြှင့်တင်ပေးနိုင်သူနဲ့ အနည်းဆုံး နေရာ ၃ ခုလောက်မှာ ပုံမှန် ခြေစွမ်းပြ ကစားပေးနိုင်မယ့် အရန် အင်အား အဖြစ်ပဲ ရှုမြင်ကြတာပါ။ ဒါဆိုရင် ခရူးစ်ရဲ့ နေရာမှာ အစားထိုးမယ့် ကွင်းလယ် ထိန်းချုပ်သူသစ်ကို ရီးရဲလ်တို့ ဆက်လက် ရှာဖွေနေဆဲလား၊ ဒါမှမဟုတ် မရှာတော့ဘူးလား ဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေဆဲပါ။

 

ထိပ်တန်း ပစ်မှတ်တွေကို ငြင်းပယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲအတွင်း ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ ပြိုင်ဘက် အန်နရီကေး ရီကွယ်လ်မီက ရိုဒရီကို ခေါ်ယူပေးမယ်လို့ မဲဆွယ် ကတိပြုခဲ့ပါတယ်။ မန်စီးတီး ကြယ်ပွင့်ရဲ့ အေးဂျင့်တွေ ဘက်ကတော့ ရီကွယ်လ်မီ အနိုင်ရရင် ပြောင်းရွှေ့ဖို့ သဘောတူထားပြီးပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ဇွန်လ ရွေးကောက်ပွဲမှာ စီးပွားရေး လုပ်ငန်းရှင် ရီကွယ်လ်မီ ရှုံးနိမ့်သွားခဲ့ရတာကြောင့် ရိုဒရီကို ခေါ်ယူမယ့် အိပ်မက်ဟာလည်း ပျက်ပြယ်သွားခဲ့ရပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပြန်လည် ရွေးချယ်ခံရတဲ့ ပီရက်ဇ်ဟာ အသက် ၃၀ အရွယ် ရိုဒရီကို ခေါ်ယူဖို့ စိတ်ဝင်စားမှု မရှိတော့ဘူးလို့ ဆိုပါတယ်။ မက်ဒရစ်မြို့ဖွား ကမ္ဘာ့ဖလားချန်ပီယံ ရိုဒရီဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်တော့သလို စပိန်မြို့တော်ဆီ ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေပေမယ့်လည်း ပီရက်ဇ်က စိတ်မဝင်စားခဲ့တာပါ။

အလားတူပဲ လာလီဂါ ထိပ်သီး တို့ဟာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း တရားဝင် ထုတ်ပြန်ချက် ထုတ်ပြီး ငြင်းဆိုခဲ့ပါတယ်။ အန်ဇိုဟာ အပြောင်းအရွှေ့ အတွက် အချက်ပြနေသူ ဖြစ်သလို နည်းပြ မော်ရင်ညိုရဲ့ ဦးစားပေး ပစ်မှတ်လို့ သတင်းထွက်ခဲ့ပေမယ့် ရီးရဲလ် ဘက်က အခုလို တုံ့ပြန်ခဲ့တာပါ။

“အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ လတ်တလော သတင်းတွေနဲ့ ပတ်သက်လို့ အသင်း အနေနဲ့ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဘာကြိုးပမ်းမှုမှ မလုပ်ခဲ့သလို၊ ရှေ့လျှောက်လည်း ခေါ်ယူဖို့ အစီအစဉ် မရှိကြောင်း အသိပေးအပ်ပါတယ်” လို့ ရီးရဲလ် အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

 

ရီးရဲလ်မက်ဒရစ် တကယ်ခေါ်ယူနိုင်မယ့် ကွင်းလယ်လူတွေက ဘယ်သူတွေလဲ

၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတဲ့ ရိုဒရီ နဲ့ အန်ဇို ဖာနန်ဒက်ဇ် တို့ဟာ ရီးရဲလ် ပရိသတ် အများစုရဲ့ နွေရာသီ အိပ်မက် ပစ်မှတ်တွေ ဖြစ်ခဲ့ကြတာပါ။ အသင်းဘက်က သူတို့ နှစ်ဦးလုံးကို ငြင်းပယ်လိုက်ချိန်မှာ တခြားသော Deep-lying Playmaker တွေနဲ့ ခိုင်ခိုင်မာမာ သတင်း မထွက်လာတာက ပရိသတ်တွေကို ပိုမို ဇဝေဇဝါ ဖြစ်နေစေပါတယ်။

မော်ရိုကို လူငယ် ကြယ်ပွင့် အာယွတ်ဘ် ဘူအာဒီကို အသင်းက စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ လိုင်လီ ကစားသမား အနေနဲ့ ကမ္ဘာ့အကြီးမားဆုံး ကလပ်ရဲ့ ကွင်းလယ်ကို ဦးဆောင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။ The Athletic ရဲ့ ဖော်ပြချက်အရ ဘူအာဒီနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အစီရင်ခံစာတွေ ရရှိထားပေမယ့် ဦးစားပေး ပစ်မှတ်တော့ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် လာလီဂါ ထိပ်သီးတို့ အနေနဲ့ ထိပ်တန်း အဆင့်ရှိ ကစားသမားတွေကို ခေါ်ယူဖို့ လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။
ကွင်းလယ်ပိုင်း အတွက် ဘာနာဒို ဆေးလ်ဗား တစ်ဦးတည်း ခေါ်ယူထားရသေးတဲ့ ရီးရဲလ်မက်ဒရစ်

အေဇက် အဲလ်ခမာ အသင်းရဲ့ အသက် ၂၀ အရွယ် ကြယ်ပွင့် ကီးစ် စမစ် ကလည်း ပစ်မှတ် စာရင်းထဲ ပါဝင်နေပေမယ့် အတွေ့အကြုံ နည်းပါးမှုကြောင့် ဘူအာဒီလိုပဲ စိုးရိမ်စရာ ဖြစ်နေပါတယ်။ တစ်ဖက် မှာလည်း မာတီးယက်စ် ဖာနန်ဒက်စ်ဟာ တော့တင်ဟမ်ဟော့စပါးဆီ ပေါင် ၈၅ သန်းနဲ့ မပြောင်းရွှေ့မီက ရီးရဲလ်ရဲ့ ပစ်မှတ် စာရင်းထဲ ပါဝင်ခဲ့ပေမယ့် အခုလို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေကြောင့် ဈေးကွက် အတွင်း တန်ဖိုးရှိတဲ့ ကစားသမား ရှာဖွေဖို့ ခက်ခဲနေပါတယ်။

ဒါ့အပြင် လာလီဂါ ထိပ်သီးတို့ အနေနဲ့ ထိပ်တန်း အဆင့်ရှိ ကစားသမားတွေကို ခေါ်ယူဖို့ လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ ပီအက်စ်ဂျီရဲ့ အသက် ၂၁ နှစ် အရွယ် ကွင်းလယ်လူ ယာအို နီးဗက်စ်ကို ပီရက်ဇ်က သဘောကျနေပေမယ့် ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ချန်ပီယံဖြစ်ထားတဲ့ အသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ရှိနေသလို၊ အသင်းဖော် ဗစ်တင်ညာရဲ့ အခြေအနေကလည်း ထပ်တူပါပဲ။

 

ကစားသမားသစ် မခေါ်ဘဲ ရီးရဲလ်မက်ဒရစ် ပွဲထွက်လာနိုင်မလား

မန်စီးတီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို စဉ်းစားနေပြီး ကမ္ဘာ့ဖလား အပြီး ကျောဒဏ်ရာ ခွဲစိတ်မှု ခံယူရတော့မယ့် ရိုဒရီ သို့မဟုတ် အန်ဇို ဖာနန်ဒက်ဇ် တို့နဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ သဘောထား ပြောင်းလဲသွားနိုင်ခြေ နည်းပါးပါတယ်။ အသစ်အဆန်း အခွင့်အရေးတစ်ခု ထွက်ပေါ်မလာရင်တော့ ရီးရဲလ် အနေနဲ့ ကွင်းလယ် ဖန်တီးရှင် ပြဿနာကို နောက်ထပ် အပြောင်းအရွှေ့ စျေးကွက်တွေဆီ ရွှေ့ဆိုင်းလိုက်ပြီး လတ်တလော မှာတော့ လက်ရှိ အင်အားနဲ့ပဲ အဆင်ပြေအောင် ဖြေရှင်းသွားဖွယ် ရှိပါတယ်။

နည်းပြ မော်ရင်ညို နှစ်သက်တဲ့ ၄-၂-၃-၁ ကစားကွက်မှာ တိုက်စစ်မှူး နောက်က နံပါတ် ၁၀ နေရာရဲ့ အနောက်မှာ Double Pivot (ကွင်းလယ်ခံစစ် နှစ်ဦး) တွဲဖက် သုံးရတာပါ။ လက်ရှိ မှာတော့ အော်ရီလီယန် ချူအာမေနီ၊ အက်ဒူယာဒို ကာမာဗင်ဂါနဲ့ အကယ်ဒမီထွက် သီယာဂို ပီတာ့ချ် တို့ဟာ ကွင်းလယ် အနက်ပိုင်းမှာ ကစားဖို့ ရေပန်းစားနေပြီး ဂျူ့ဒ် ဘယ်လင်ဟမ် ကတော့ ကီလီယန် အမ်ဘာပေးရဲ့ အနောက်မှာ ပွဲထွက်လာဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါ့အပြင် ဖီဒီ ဗယ်လ်ဗာဒီ၊ အာဒါ ဂူလာနဲ့ အသစ် ရောက်လာတဲ့ ဘာနာဒို ဆေးလ်ဗား တို့ဟာလည်း ကွင်းလယ် နေရာစုံမှာ ကစားနိုင်ကြသူတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ရာသီကြို လေ့ကျင့်ခန်းတွေ စတင်နေပြီ ဖြစ်တာကြောင့် နည်းပြ မော်ရင်ညို အနေနဲ့ လက်ရှိ ရှိနေတဲ့ ကစားသမား အင်အားနဲ့ပဲ ရာသီကို ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်ရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်