နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက် ၂ သင်း အပေါ် သုံးသပ်ကြည့်ခြင်း

၂၀၂၄ ခုနှစ်တုန်းက အာဂျင်တီးနား အသင်းကို ကိုပါအမေရိကဖလား နှစ်ကြိမ်ဆက်တိုက် ရယူပေးနိုင်ခဲ့တဲ့ နည်းပြ လီယွန်နယ် စကာလိုနီဟာ ကမ္ဘာ့တစ်ဖက်ခြမ်းက ယူရိုပြိုင်ပွဲ ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပါတယ်။ အဲ့ဒီတုန်းက စကာလိုနီက “ သဘာဝကျကျပြောရရင် ကျွန်တော် စပိန် အသင်းကို အောင်မြင်စေချင်တယ်” လို့ ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ အကြောင်းရင်း ကတော့ သူ့ဇနီးက စပိန်သူ ဖြစ်သလို၊ စပိန်နည်းပြ လူးဝစ် ဒီလာဖွန်တေ ကလည်း ၂၀၁၇ ခုနှစ်မှာ စကာလိုနီ နည်းပြ လိုင်စင်ယူတုန်းက သင်ကြားပေးခဲ့တဲ့ ဆရာ တစ်ယောက် ဖြစ်နေလို့ပါ။ အခုတော့ ဆရာနဲ့ တပည့် နှစ်ယောက်စလုံး ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အထိ တက်လှမ်းလာနိုင်ခဲ့ကြပြီး လာမယ့် တနင်္ဂနွေနေ့ မှာတော့ တစ်သင်းတည်းကပဲ ကမ္ဘာ့ချန်ပီယံ ဖြစ်ခွင့်ရတော့မှာပါ။

ဒီတော့ ကဏ္ဍအလိုက် ဘယ်အသင်းက ဘာတွေ အသာရနေလဲ ဆိုတာ ကြည့်ကြရအောင်ပါ။

 

၁။ တိုက်စစ်ပိုင်း အန္တရာယ်

အသာရသူ – အာဂျင်တီးနား

အာဂျင်တီးနားမှာ လီယွန်နယ် မက်ဆီ ရှိနေတာဟာ ၁ ဂိုး အသာနဲ့ ပွဲစရသလိုပဲဆိုတဲ့ စကားက ဒီနွေရာသီမှာ တကယ့်ကို မှန်ကန်နေဆဲလို့ပဲ ဆိုရပါမယ်။ မက်ဆီဟာ ကမ္ဘာ့ဖလား ၁၁ ပွဲ ဆက်တိုက် ဂိုးသွင်း ဒါမှမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး၊ ဒီနှစ်ပြိုင်ပွဲ တစ်ခုတည်းမှာတင် အာဂျင်တီးနားရဲ့ သွင်းဂိုး ၁၂ ဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သတ်ထားပါတယ်။ ဒါဟာ စပိန် တစ်သင်းလုံး သွင်းထားတဲ့ ဂိုးအရေအတွက်နဲ့ အတူတူပါပဲ။

ဒါပေမယ့် စပိန် တိုက်စစ် ကလည်း တစ်ဦးကောင်းထက် စုဖွဲ့မှု အားကောင်းပြီး ပြိုင်ဘက်ကွင်းထဲမှာတင် ဘောလုံးကို ရက်ရက်စက်စက် ဖိအားပေး နိုင်ကြပါတယ်။ အာဂျင်တီးနား ကတော့ တန်ပြန် တိုက်စစ် ကနေ ဂိုးသွင်းရာမှာ ဒီနှစ် ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး အသင်း ဖြစ်နေပါတယ်။

 

၂။ ခံစစ်ပိုင်း ကျစ်လျစ်မှု 

အသာရသူ – စပိန်

ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ ရိုဒရီက “ကျွန်တော်တို့ ဘောလုံး မရှိတဲ့ အချိန် ကစားပုံက ဘောလုံးရှိတဲ့ အချိန်ထက်တောင် ပိုကောင်းခဲ့တယ်” လို့ ပြောခဲ့ပါတယ်။ စပိန်ဟာ ၇ ပွဲ ကစားရာမှာ ပြိုင်ဘက်ကို ဂိုးမျှော်မှန်းချက် (xG) ၂.၁၅ ပဲ ခွင့်ပြုခဲ့ရပြီး ဂိုးပေါက်တည့် ကန်ချက် ၁၀ ကြိမ်ပဲ အပစ်ခံခဲ့ရပါတယ်။

တစ်ဖက်မှာ အာဂျင်တီးနား ခံစစ်က (xG) ၄ အထိ ခွင့်ပြုထားရပြီး လီဆန်ဒရို မာတီနက်ဇ်နဲ့ ခရစ္စတီယန် ရိုမီယို တို့ရဲ့ အတွဲအဖက်က စပိန်ရဲ့ လာပေါ့တ်နဲ့ လူငယ်လေး ကူဘာဆီတို့ အတွဲလောက် တည်ငြိမ်မှု မရှိဘဲ ဖြတ်ထုတ်ပုံ ကြမ်းတမ်းလွန်းတာကြောင့် တန်ပြန် တိုက်စစ်တွေမှာ ဂိုးပေးရမယ့် အန္တရာယ် ရှိနေပါတယ်။

 

၃။ ဘောလုံးပိုင်ဆိုင်မှု 

အသာရသူ – စပိန်

ပြိုင်ပွဲ အစမှာ ဘရာဇီးလ် နည်းပြ အန်ဆယ်လော့တီက “ဒီကမ္ဘာ့ဖလားက အပြေးအလွှား ပြင်းထန်တဲ့ ပွဲဖြစ်လိမ့်မယ်။
နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်စလုံး သရေ မရှိခဲ့တဲ့ အာဂျင်တီးနားနဲ့ စပိန်

စပိန်ရဲ့ ဘောလုံး ပိုင်ဆိုင်မှု စိုးမိုးနိုင်စွမ်း ကတော့ ကမ္ဘာမှာ ပြိုင်ဘက် မရှိပါဘူး။ ဒါပေမယ့် အာဂျင်တီးနား ကလည်း ဘောလုံးပိုင်ဆိုင်မှု ကစားရမှာကို မကြောက်တဲ့ အသင်းပါ။ နှစ်သင်းစလုံးဟာ ပွဲစဉ်တိုင်းမှာ ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော် ရယူနိုင်ခဲ့ကြပါတယ်။ အင်္ဂလန် နည်းပြ တူချယ်တောင် ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးပြီးနောက် “ဘောလုံးကို အသေအချာ ထိန်းကစားတာဟာ အာဂျင်တီးနားရဲ့ DNA ပဲ” လို့ ချီးကျူးခဲ့ရပါတယ်။ စပိန်ရဲ့ နေရာကျဉ်းကျဉ်းထဲ ကစားနိုင်တဲ့ စွမ်းရည်ကို လိုက်မီနိုင်တာဆိုလို့ အာဂျင်တီးနား တစ်သင်းပဲ ရှိပါတယ်။

 

၄။ ဖိအားပေး ကစားပုံ 

အသာရသူ – စပိန်

စပိန် အသင်း ကွင်းလယ်ထက်မှာ ပြိုင်ဘက်ကို အသက်ရှူကျပ်အောင် ဖိအားပေးပုံက တကယ့်ကို အံ့ဩစရာပါ။ ပြိုင်ပွဲ အစမှာ ဘရာဇီးလ် နည်းပြ အန်ဆယ်လော့တီက “ဒီကမ္ဘာ့ဖလားက အပြေးအလွှား ပြင်းထန်တဲ့ ပွဲဖြစ်လိမ့်မယ်။ စပိန်က Pressing အရမ်းကောင်းပြီး အာဂျင်တီးနား ကတော့ အရှိန်အဟုန်ပြင်းပြင်း ကစားတဲ့ အသင်း မဟုတ်ဘူး။” လို့ သုံးသပ်ခဲ့ပါတယ်။ မက်ဆီ ကိုယ်တိုင်လည်း သူတို့ အသင်းရဲ့ ဖိအားပေး စနစ် မကောင်းလို့ ကိပ်ဗာဒီနဲ့ ပွဲမှာ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံထားဖူးတာကြောင့် စပိန်ရဲ့ ဖိအားပေး ကစားကွက်ကို အာဂျင်တီးနားတို့ ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။

 

၅။ တည်ကန်ဘောများ

အသာရသူ – အာဂျင်တီးနား

ဒီနှစ် ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုးမှာ ၁ ဂိုးက တည်ကန်ဘော (Set Pieces) တွေကနေ လာတာ ဖြစ်ပြီး အာဂျင်တီးနား ကတော့ ဒီနေရာမှာ အထိရောက်ဆုံး ဖြစ်ပါတယ်။ မက် အယ်လစ္စတာနဲ့ လီဆန်ဒရို မာတီနက်ဇ် တို့လို အရပ်ပုပေမယ့် အခုန်ကောင်းတဲ့သူတွေ ရှိသလို၊ ဖြတ်တင်ပေးမယ့်သူက မက်ဆီ ဖြစ်နေတာကြောင့် အာဂျင်တီးနား အတွက် တည်ကန်ဘောတွေက အားကိုးရဆုံး လက်နက်ပါ။ စပိန် ကတော့ ဒီပြိုင်ပွဲမှာ တည်ကန်ဘော ကနေ တစ်ဂိုးမှ မပေးရသေးတဲ့ စံချိန် ရှိထားပါတယ်။

 

၆။ မမြင်ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အစွမ်း

နှစ်သင်းစလုံး တန်းတူပါပဲ

ဇွဲလုံ့လနဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ပိုင်း မှာတော့ အာဂျင်တီးနားကို ယှဉ်နိုင်တဲ့သူ မရှိပါဘူး။ နည်းပြ စကာလိုနီက အင်္ဂလန်ကို နိုင်တဲ့ပွဲ အပြီးမှာ “ဒီအသင်းဟာ ဒုက္ခရောက်နေတဲ့အချိန်မှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိတယ်” လို့ ပြောခဲ့ပါတယ်။ တစ်ဖက်မှာလည်း စပိန် နည်းပြ ဒီလာဖွန်တေက ပြင်သစ်ကို နိုင်ပြီးနောက် “ဒီနေ့ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်းကို ရင်ဆိုင်ခဲ့ရတာ၊ ဒါပေမယ့် သူတို့ ရှေ့မှာ ရှိနေတာက ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်နေလို့ပါ”လို့ ဆိုကာ စပိန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားပုံကို ပြသခဲ့ပါတယ်။

 

အကျဉ်းချုပ် သုံးသပ်ချက်

စပိန် ကတော့ စုဖွဲ့မှုနဲ့ ကစားကွက် အသာစီးနဲ့ ပွဲကို စိုးမိုးဖို့ ကြိုးစားမှာ ဖြစ်ပြီး၊ အာဂျင်တီးနား ကတော့ မက်ဆီရဲ့ တစ်ကိုယ်တော် ပါရမီ၊ တန်ပြန် တိုက်စစ်နဲ့ မလျှော့သော ဇွဲစိတ်ဓာတ်တို့နဲ့ တုံ့ပြန်မှာ ဖြစ်တာကြောင့် လာမယ့် ဗိုလ်လုပွဲဟာ တကယ့်ကို ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်