နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အီရတ်ကို ၅ ဂိုးပြတ် အနိုင်ယူပြီး ရှုံးထွက်တက်ရေး မျှော်လင့်ချက် ဆက်လက် ရှင်သန်စေခဲ့တဲ့ ဆီနီဂေါ | ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလားရဲ့ ၃၂ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် ဆီနီဂေါ အသင်းဟာ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပြီး အမှန်တကယ်လည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူတို့ဟာ Toronto Stadium မှာ ၁၀ ယောက်တည်း ကျန်တဲ့ အီရတ် အသင်းကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးမိုးရွာပြီး သက်သေပြသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲ မှာတော့ ဒုတိယပိုင်းလူစားဝင် ကစားသမား ပက်ပေ ဂီယေးရဲ့ အဝေးကန်ချက် အမိုက်စား သွင်းဂိုး နှစ်ဂိုး မတိုင်ခင် ဟာဘစ် ဒီယာရာနဲ့ အစ္စမိုင်လာ ဆား တို့က ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့တာ ဖြစ်ပြီး၊ ပွဲပြီးဖို့ ၈ မိနစ် အလို မှာတော့ အီလီမန် အန်ဒီယာယေးက ပဉ္စမမြောက် အလှဂိုးကို ထပ်မံ ဖြည့်စွက်ပေးခဲ့တာပါ။

လောလောဆယ် မှာတော့ သူတို့ဟာ အုပ်စု တတိယ နေရာက အကောင်းဆုံး အသင်းတွေထဲမှာ အဆင့် ၅ နေရာမှာ ရှိနေပြီး၊ လက်ရှိအခြေအနေအတိုင်းဆိုရင် လာမယ့် ဇူလိုင်လ ၁ ရက်နေ့ အတ္တလန္တာမှာ အင်္ဂလန် အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ 

ဆီနီဂေါတို့ ပွဲစစချင်း ၄ မိနစ်မှာတင် အဖွင့်ဂိုး ရရှိခဲ့လို့ အစပြုမှု အလွန်လှပခဲ့ပါတယ်။ အိုင်ဒရီဆာ ဂီယေးရဲ့ ကန်ချက် နောက်ခံလူနဲ့ ထိပြီး ထွက်သွားရာ ကနေ ရတဲ့ ထောင့်ကန်ဘောက တစ်ဆင့် အာဘဒူလာယေး ဆက်ခ်ရဲ့ ခေါင်းတိုက်ချက်ကို ဒီယာရာက ဂိုးရှေ့ကနေ အနီးကပ် ပိတ်သွင်းယူခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ် မှာတော့ အီရတ် အသင်း အတွက် အခြေအနေတွေ ပိုဆိုးသွားခဲ့ပါတယ်။ အီရတ် နောက်ခံလူ ရေဘင် ဆူလာကာက ဆီနီဂေါ တိုက်စစ်မှူး ဆာဒီယို မာနေးရဲ့ ဂိုးသွင်းခွင့်ရမယ့် အခြေအနေကို နောက်ကနေ ဆွဲလှဲ ပိတ်ဆို့ခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ဆီနီဂေါတို့ လူသာစီးရပေမယ့် ပထမပိုင်း မှာတော့ ဂိုးထပ်မရခဲ့ပါဘူး။ မာနေး ကိုယ်တိုင် ကန်ခဲ့တဲ့ ပြစ်ဒဏ်ဘောကို အီရတ် ဂိုးသမား အာမက် ဘာဆေလ်က ပုတ်ထုတ်နိုင်ခဲ့သလို၊ ပထမပိုင်း နာကျင်အချိန်ပို မှာလည်း မာနေးရဲ့ ကန်ချက် ဘားတန်းပေါ် ကျော်သွားခဲ့လို့ ၁-၀ ဖြစ်နေခဲ့ပါတယ်။ 

နည်းပြ ပက်ပေ သီယောရဲ့ အသင်းဟာ ဒုတိယပိုင်း ပြန်စချိန် မှာတော့ အရှိန်မြှင့်တင်ခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ ဒုတိယဂိုး ရခဲ့ပါတယ်။ အီရတ် ကစားသမား ဇီဒန်း အစ်ဘရက်ဆီကနေ လာမင်း ကာမာရာက ဘောလုံးလုယူပြီး ဧရိယာထဲ အထိ ဆွဲဝင်ကာ ဖန်တီးပေးလိုက်တာကို အစ္စမိုင်လာ ဆားက အပိုင်ပိတ်သွင်းသွားခဲ့တာပါ။

အဲဒီနောက် ၃ မိနစ်အကြာ မှာတော့ လူစားဝင်လာတဲ့ ပက်ပေ ဂီယေးရဲ့ တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ ဆီနီဂေါ ဂိုးထပ်ရခဲ့ပါတယ်။ သူဟာ ဒီယာရာရဲ့ နေရာမှာ လူစားဝင်ပြီး ၁ မိနစ်နဲ့ ၂၉ စက္ကန့်အကြာမှာတင် ဘယ်ခြေနဲ့ အမိုက်စား ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂီယေးဟာ ပွဲချိန် ၇၁ မိနစ် မှာလည်း အီရတ် ဂိုးသမား ဂျာလယ် ဟာဆန် ဘာမှမတတ်နိုင်မယ့် ပြင်းထန်လှတဲ့ အဝေးကန်ချက်နဲ့ နောက်ထပ် ကမ္ဘာ့ဖလား သွင်းဂိုး တစ်ဂိုး ထပ်မံရယူခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ အန်ဒီယာယေးက ဧရိယာ အပြင်ဘက် ကနေ ဂိုးရဲ့ အနီးဆုံးတိုင်ထောင့်ထဲကို အားပြင်းပြင်းနဲ့ ကန်သွင်းပြီး ဆီနီဂေါ အတွက် ၅-၀ ဆိုတဲ့ စံချိန်တင် နိုင်ပွဲကြီးကို အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ နော်ဝေ တို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဆီနီဂေါဟာ အုပ်စုတွင်း ထိပ်ဆုံး နှစ်နေရာ ကနေ နောက်တဆင့် တက်ခွင့်မရှိတော့တာ သေချာခဲ့ပေမယ့် အကောင်းဆုံး တတိယနဲ့ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက် ကိုတော့ အမိအရ ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲဟာ အချက်အလက်နဲ့ စံချိန် မှတ်တမ်းကောင်းတွေ အများကြီး ထွက်ပေါ်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ အာဖရိကတိုက်က အသင်း တစ်သင်း အနေနဲ့ တစ်ပွဲတည်း ၅ ဂိုး သွင်းနိုင်တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အစ္စမိုင်လာ ဆားဟာ လက်ရှိမှာ ဆီနီဂေါ နိုင်ငံ အတွက် ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံး (၄ ဂိုး) သွင်းယူထားတဲ့ ကစားသမား ဖြစ်လာပါတယ်။ ဒါ့အပြင် ဂိုးပါဝင်ပတ်သက်မှု အများဆုံး (၅ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး) စံချိန်ကိုပါ တစ်ယောက်တည်း ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဒါ့အပြင် ဆီနီဂေါ သမိုင်းမှာ ကမ္ဘာ့ဖလား တစ်ပွဲတည်း သွင်းဂိုးရော ဂိုးဖန်တီးမှုပါ လုပ်နိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ပက်ပေ ဂီယေး ကတော့ အရင်နှစ်ပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ဒီပွဲမှာ အရန်ခုံထိုင်ခဲ့ရတဲ့ အပေါ် ကောင်းကောင်းကြီး တုံ့ပြန်ပြခဲ့ပါတယ်။ သူဟာ ဆီနီဂေါ အသင်း သမိုင်းမှာ ကမ္ဘာ့ဖလား ပွဲစဉ် တစ်ခု အတွင်း အရန်ခုံ ကနေ ဝင်ပြီး ၂ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ အဲဗာတန်ကွင်းလယ်လူ အန်ဒီယာယေးဟာလည်း အရန်ခုံကနေဝင်ပြီး ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့လို့ ကမ္ဘာ့ဖလား သမိုင်းမှာ အရန်ခုံ ကနေ ဂိုးဖန်တီးမှု အများဆုံး စံချိန် အဖြစ် စပိန် ဝါရင့် ကစားသမား ဆက်စ် ဖာဘရီဂတ်စ်နဲ့ အတူ ပူးတွဲ စံချိန်တင်နိုင်ခဲ့ပါတယ်။

ကွင်းတွင်း ခြေစွမ်းပိုင်းအရ ကြည့်ရင်လည်း ဆီနီဂေါဟာ ဒီနိုင်ပွဲနဲ့ တကယ်ကို ထိုက်တန်ခဲ့တာပါ။ သူတို့ဟာ ပွဲအတွင်းမှာ ဂိုးကန်ချက် ၂၈ ကြိမ် အထိ ရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၃.၀၃ အထိ ရှိခဲ့ချိန်မှာ အီရတ် အသင်း ကတော့ ကန်ချက် ၆ ကြိမ်ပဲရှိခဲ့ပြီး မျှော်မှန်းဂိုး ၀.၁၈ သာ ရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်