၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (E) အဖွင့် ပွဲစဉ်မှာ အိုင်ဗရီကို့စ်နဲ့ အီကွေဒေါတို့ တစ်မှတ်စီ ခွဲဝေယူရတော့မယ့် အနေအထား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လူစားဝင် ကစားသမား အာမက်ဒ် ဒီယာလို ကတော့ အိုင်ဗရီကို့စ် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
Philadelphia Stadium မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲစဉ်မှာ နှစ်သင်းစလုံးဟာ တိုက်စစ် အဆုံးသတ်ပိုင်း အားနည်းခဲ့ကြပါတယ်။ အီကွေဒေါ ကစားသမားတွေ ဖြစ်တဲ့ ဂျွန် ရီဘိုအာ၊ အလန် မင်ဒါနဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူး အယ်လီ ဝါဟီ တို့ရဲ့ ကန်သွင်းချက်တွေဟာ ဂိုးတိုင်တွေကို အသီးသီး ထိမှန်ခဲ့ကြပါတယ်။
ဒါပေမယ့် ပွဲချိန် မိနစ် ၉၀ မှာတော့ ဝီဖရက် ဆင်ဂိုရဲ့ အကွက်မြင်မြင် ဖြတ်တင် ပေးပို့မှုကို အာမက်ဒ် ဒီယာလိုက ပထမအကြိမ် ထိချက်နဲ့တင် လှလှပပ ပိတ်သွင်းယူခဲ့တာကြောင့် အိုင်ဗရီကို့စ်တို့ ဒရမ်မာဆန်ဆန်နဲ့ ၁-၀ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါဟာ အီကွေဒေါ အသင်း အတွက် ပြိုင်ပွဲစုံ ၂၀ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်း ရပ်တန့်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။
ပွဲစတင်ချိန်မှာ အီကွေဒေါက ပိုမိုဖိအားပေးကစားနိုင်ခဲ့ပေမဲ့ ပထမဆုံး အန္တရာယ်ရှိတဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ကိုတော့ အိုင်ဗရီကို့စ် တို့က စတင်ပြုလုပ်ခဲ့တာပါ။ ဘာဇူမာနာ တိုရေးရဲ့ ဖြတ်တင်ဘောလိုလို ကန်ချက်လိုလို ဘောလုံးကို အီကွေဒေါ ဂိုးသမား ဟာနန် ဂါလင်ဒက်ဇ်က ပုတ်ထုတ်ခဲ့ရသလို၊ နောက်ထပ် ဝါဟီရဲ့ အားပျော့တဲ့ ကန်သွင်းချက် ကိုလည်း ဂိုးသမား အလွယ်တကူ ဖမ်းယူနိုင်ခဲ့ပါတယ်။
သို့သော်လည်း နောက်ပိုင်း မိနစ်ပိုင်းတွေ မှာတော့ အိုင်ဗရီကို့စ်တို့ ခံစစ်ပိုင်း ကံကောင်းခဲ့လို့သာ ဂိုးမပေးခဲ့ရတာ ဖြစ်ပြီး ၇ မိနစ် အတွင်းမှာပဲ အီကွေဒေါရဲ့ ကန်သွင်းချက် နှစ်ကြိမ်စလုံး ဂိုးတိုင်ထိ ထွက်ခဲ့ပါတယ်။ ရီဘိုအာရဲ့ ဘယ်ခြေကန်ချက်နဲ့ မင်ဒါရဲ့ ပထမအကြိမ် ထိချက်ကန်သွင်းချက်တွေဟာ ဂိုးတိုင်ကို ဆက်တိုက် ရိုက်ခတ်ခဲ့တာပါ။
ပွဲချိန် ၃၅ မိနစ် မှာတော့ အီကွေဒေါ နောက်ခံလူ အလန် ဖရန်ကိုက နီကိုလပ်စ် ပေပေရဲ့ ကန်ချက်ကို အကောင်းဆုံး လျောထိုး ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇ မိနစ်မှာတော့ အိုင်ဗရီကို့စ် ဘက်က ယန် ဒီယိုမန်ဒီရဲ့ ဖန်တီး ပေးပို့မှု ကနေ ဝါဟီ ခေါင်းတိုက်ခဲ့တာ ဂိုးတိုင် ထပ်မံထိမှန်ခဲ့ပြန်ပါတယ်။
အီကွေဒေါ အသင်း အနေနဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုရဖို့ ဒုတိယပိုင်း အလယ်လောက်အထိ စောင့်ဆိုင်းခဲ့ရပြီး ဂွန်ဇာလို ပလာတာရဲ့ ကိုက် ၂၀ အကွာ ပြင်းထန်တဲ့ ကန်ချက်ကို အိုင်ဗရီကို့စ် ဂိုးသမား ယာဟီယာ ဖိုဖာနာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲက သရေရလဒ်နဲ့ပဲ ပြီးဆုံးတော့မလို ဖြစ်နေချိန် ပွဲချိန်ပြည့်ခါနီး မိနစ်ပိုင်းအလို မှာတော့ ဆင်ဂိုက အီကွေဒေါ ဘောလုံး ဆွဲပြေးပြီး ပေးပို့ခဲ့ရာမှာ အာမက်ဒ် ဒီယာလိုက ဂိုးရဲ့ အဝေးထောင့်ထဲကို အကောင်းဆုံး ပိတ်သွင်းယူပြီး အသင်း အတွက် အနိုင်ဂိုး ရယူပေးခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှတ်တမ်းတွေအရ ဖီလာဒဲလ်ဖီးယားကွင်းမှာ အုပ်စု (E) ရဲ့ တခြား တစ်ပွဲ ဖြစ်တဲ့ ဂျာမနီက ဟူစတန်ကွင်းမှာ ကူရာဆောင်းကို ၇-၁ နဲ့ သွင်းခဲ့သလိုမျိုး ဂိုးမိုးရွာမယ့်ပွဲ ဖြစ်မလာနိုင်တာ ကြိုတင်ခန့်မှန်းပြီးသား ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်ဟာ အာဖရိကဇုန် ခြေစစ်ပွဲတွေမှာ တစ်ဂိုးမှ ပေးမထားခဲ့ရသလို၊ အီကွေဒေါ ကလည်း တောင်အမေရိကဇုန်မှာ အနည်းဆုံးဂိုး (၅ ဂိုး) သာ ပေးထားရပြီး ဂိုးမရှိသရေ ၈ ပွဲအထိ ကစားခဲ့တဲ့အသင်း ဖြစ်လို့ပါ။
အီကွေဒေါ အသင်းဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် ပြည်တွင်းလိဂ် ကစားသမား တစ်ဦးမှ မပါဝင်တဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာတဲ့ ချဲလ်ဆီး ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုလည်း ပါဝင်ကစားခွင့် ရခဲ့ပါတယ်။
ကိုင်စီဒိုဟာ ကွင်းလယ်မှာ အသင်းကို ကောင်းကောင်း ထိန်းကျောင်းနိုင်ခဲ့ပြီး မျှော်မှန်းဂိုး (xG) ၁.၀၃ အထိ ရှိခဲ့ကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အီကွေဒေါဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းမှာ ဂိုးတိုင် ၃ ကြိမ်ထိပြီး ရှုံးနိမ့်ခဲ့ရတဲ့ စတုတ္ထမြောက် အသင်း ဖြစ်လာခဲ့ပါတယ်။ ယခင် အသင်းတွေ ကတော့ ၁၉၉၈ မှာ အမေရိကန်၊ ၁၉၉၀ မှာ ဘရာဇီးလ်၊ ၁၉၇၈ မှာ အီတလီတို့ ဖြစ်ကြပါတယ်။
ဒါပေမယ့် ၂၀၀၆ ခုနှစ် ဆားဘီးယားနဲ့ ပွဲပြီးရင် သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်လူစာရင်းကို ထုတ်သုံးခဲ့တဲ့ အိုင်ဗရီကို့စ် အသင်း ကတော့ ပွဲပြီးအထိ အကောင်းဆုံး ကြံ့ကြံ့ခံ ကစားသွားခဲ့တာပါ။ အိုင်ဗရီကို့စ် နောက်ခံလူ ဒီယိုမန်ဒီဟာ တိုက်စစ်ကို ကောင်းကောင်း ပံ့ပိုးပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အိုင်ဗရီကို့စ် အသင်း သမိုင်းမှာ ကမ္ဘာ့ဖလား တစ်ပွဲတည်းမှာ သူ့ထက် ဂိုးဖန်တီးမှု ပိုလုပ်နိုင်ခဲ့တာ ကတော့ ၂၀၁၀ တုန်းက အာသာ ဘိုကာ (၆ ကြိမ်) နဲ့ ၂၀၀၆ တုန်းက ဒီဒီယာ ဇိုကိုရာ (၇ ကြိမ်) တို့ပဲ ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီပွဲရဲ့ အလှည့်အပြောင်းကတော့ အာမက်ဒ် ဒီယာလို ဒီယာလို ပါပဲ။ သူဟာ ပွဲကစားချိန် ၃၄ မိနစ်သာ ရရှိခဲ့ပေမယ့် ပွဲအတွင်း ကျော်ပြီး ဘောလုံးဆွဲပြေးမှု အများဆုံး ကစားသမား (၅ ကြိမ်) အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အိုင်ဗရီကို့စ် အတွက် အဖိုးတန် ၃ မှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


