နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မာ့ခ် ကူကူရယ်လာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ‘သဘောတူညီမှု’ ရရှိ | လာလီဂါ

ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး အသင်း တို့ဟာ မာ့ခ် ကူကူရယ်လာကို လာလီဂါ ကလပ်ရဲ့ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ဘယ်နောက်ခံလူ အဖြစ် ခေါ်ယူဖို့ အတွက် မူအားဖြင့် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

စပိန် လက်ရွေးစင် နောက်ခံလူ ကူကူရယ်လာဟာ စိတ်ပျက်စရာကောင်းတဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီ အကုန်ပိုင်းတုန်းက ချဲလ်ဆီး အသင်းရဲ့ ပုံမှန်မဟုတ်တဲ့ စီမံခန့်ခွဲမှု ပုံစံကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှိတဲ့ သူ့ရဲ့အနာဂတ်ကို မရေမရာ ဖြစ်စေခဲ့တာပါ။ မကြာသေးခင်ကမှ နည်းပြသစ် ဇာဘီ အလွန်ဆို ရောက်ရှိလာခဲ့လို့ ချဲလ်ဆီးရဲ့ စီမံကိန်းကို နောက်ထပ် အခွင့်အရေး ပေးဖို့ သူက စိတ်ကူးခဲ့သေးပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုက ပိုမိုဆွဲဆောင်မှုရှိခဲ့ပုံ ရပါတယ်။

ပတ်သက် ဆက်နွှယ်သူ အားလုံး အကြား နှုတ်ကတိပြု သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက တနင်္ဂနွေနေ့မှာ စတင်ဖော်ပြခဲ့တာပါ။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ အဖြစ် ပြန်လည် ခန့်အပ်ခြင်းခံရတဲ့ ဟိုဆေး မော်ရင်ညိုက ကူကူရယ်လာကို သူ့ရဲ့ စိတ်ကြိုက် ဘယ်နောက်ခံလူ ပစ်မှတ် အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဘယ်နောက်ခံလူ နေရာဟာ ပြီးခဲ့တဲ့ရာသီက စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ် အတွက် ပြဿနာ တော်တော်များများ ရှိစေခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကူကူရယ်လာ အတွက် ပေါင် ၅၁.၈ သန်း (ယူရို သန်း ၆၀) အထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။ The Athletic ရဲ့ အဆိုအရ အခြေခံ ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းအပြင် စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ပေးချေရမယ့် အပိုဆုကြေး ယူရို ၅ သန်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါဟာ ကူကူရယ်လာရဲ့ မိခင် ကလပ် ဖြစ်တဲ့ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ မန်ချက်စတာစတီး တို့လို ထိပ်တန်း ကလပ်တွေကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ဦးကို ခေါ်ယူနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် အတွက် အောင်မြင်မှု တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက် မှာလည်း ငွေကြေး အမြောက်အမြားသုံးပြီး ထိပ်ဆုံးနေရာကို ပြန်တက်ဖို့ ကြိုးစားနေတဲ့ ကလပ် အသင်း တစ်သင်းရဲ့ ကုန်ကျစရိတ် များပြားလှတဲ့ အမှားအယွင်းတွေကို ပေါ်လွင်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်မပြည့်ခင်ကတင် ရီးရဲလ်မက်ဒရစ် အသင်းဟာ အဲလ်ဗာရို ကာရီးရက်စ်ကို ယူရို သန်း ၅၀ နဲ့ ခေါ်ယူပြီး ကလပ် အသင်း သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ဘယ်နောက်ခံလူ အဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။ တကယ်တော့ အဲဒီအပြောင်းအရွှေ့ဟာ ရီးရဲလ် အတွက် အရှက်ရစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အကြောင်းရင်းက ကာရီးရက်စ်ဟာ ရီးရဲလ်အကယ်ဒမီမှာ ၃ နှစ်ကြာ ရှိနေခဲ့ဖူးပေမ့် စီနီယာ အသင်း အတွက် တစ်ပွဲမှ ပွဲထွက်ခွင့်မပေးဘဲ မန်ချက်စတာယူနိုက်တက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရလို့ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ နည်းပြ မော်ရင်ညို အလိုရှိတဲ့ ကစားသမားကို ရရှိဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ဆောင်ခဲ့တာပါ။
ကူကူရယ်လာကို အဓိက ခေါ်ယူချင်ခဲ့တဲ့ မော်ရင်ညို

ပရီးမီးယားလိဂ်ရဲ့ ကစားသမား စွမ်းဆောင်ရည် မြှင့်တင်မှု အပိုင်းမှာ ကာရီးရက်စ် တစ်ယောက် အဆင်မပြေခဲ့ဘဲ ဘင်ဖီကာ အသင်းဆီ ရောက်ရှိသွားပြီးမှသာ သူ့ရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ် ကာရီးရက်စ် ရီးရဲလ်မက်ဒရစ်ဆီ ပြန်လည် ရောက်ရှိလာချိန်မှာ အစပိုင်းက အလားအလာကောင်းခဲ့ပြီး၊ စပိန်မီဒီယာတွေက ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲထွက် လူစာရင်းကို “ကာရီးရက်စ်နဲ့ တခြား ကစားသမား ၁၀ ယောက်” လို့တောင် တင်စားခဲ့ကြပါတယ်။ ဒါပေမယ့် ဘာနေဗျူး ကွင်းအတွင်းက ရုန်းကန်ရမှုတွေက ဒီလူငယ် ကစားသမားလေး အပေါ် သက်ရောက်မှု ရှိလာခဲ့ပါတယ်။

မကြာခင်မှာပဲ ကာရီးရက်စ်ဟာ ဒဏ်ရာ ကနေ ရာနှုန်းပြည့် မသက်သာသေးတဲ့ ဖာလန်း မန်ဒီ ကို ပွဲထွက်နေရာ ဖယ်ပေးခဲ့ရပြီး၊ ပွဲထွက်ခွင့် ပြန်ရတဲ့ အချိန်တွေ မှာလည်း သူ့ရဲ့ နေရာကို ပြန်လည် လုယူဖို့ ထိုက်တန်ကြောင်း သက်သေမပြနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်နဲ့ ကစားရတုန်းက မိုက်ကယ် အိုလီဆေးရဲ့ အရိပ်ကိုပဲ လိုက်ဖမ်းနေခဲ့ရတဲ့ ပွဲစဉ်ဟာ ကွင်းအတွင်းမှာ သူ့အတွက် အဆိုးရွားဆုံး ညတစ်ည ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လေ့ကျင့်ရေးကွင်း အတွင်းမှာ အသင်းဖော် အန်တိုနီယို ရူဒီဂါနဲ့ အချင်းများခဲ့တာ ကလည်း အသင်းတွင်းမှာ စိတ်ပျက်မှုတွေ တောက်လောင်နေပြီ ဆိုတာကို ပြသနေပါတယ်။

ကူကူရယ်လာ အတွက် အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေး အမြောက်အမြားကို ပြန်လည်ကာမိစေဖို့ အတွက် ကာရီးရက်စ်ကို အသင်း ကနေ ပြန်လည် ရောင်းချမလား ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် ကာရီးရက်စ်ထက် ပွဲထွက်ခွင့် ပိုမိုနည်းပါးနေတဲ့ ဖရန် ဂါစီယာနဲ့ ဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူနေရတဲ့ မန်ဒီတို့ရဲ့ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ နည်းပြ မော်ရင်ညို အလိုရှိတဲ့ ကစားသမားကို ရရှိဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ဆောင်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ နောက်ထပ် အမှားအယွင်း တစ်ခု ဖြစ်လာဦးမလား ဆိုတာ ကတော့ အချိန်ကပဲ သက်သေပြသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်