နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ၂၀၂၆ – အုပ်စု (F) အကြိုသုံးသပ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (F) မှာ ဂျပန်၊ နယ်သာလန်၊ ဆွီဒင် နဲ့ တူနီးရှား အသင်းတို့ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်သွားကြရမှာ ဖြစ်ပါတယ်။ အုပ်စု (F) ဟာ ပွဲစဉ် မဲခွဲမှုတွေထဲမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အုပ်စုတစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ နယ်သာလန် အသင်းဟာ ဇွန် ၁၄ ရက်နေ့ အာလင်တန်မှာ ဂျပန် အသင်းနဲ့ စတင် ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ အဲဒီနေ့မှာပဲ ဆွီဒင် အသင်း ကလည်း ဂွါဒီလုပ့်မှာ တူနီးရှား အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ယခင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ လက်တစ်ကမ်းအလို အထိ အကြိမ်ကြိမ် ရောက်ရှိခဲ့ဖူးတဲ့ ဒတ်ခ်ျ အသင်း အနေနဲ့ ဒီတစ်ကြိမ်မှာရော ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလား။ အုပ်စုတွင်းကနေ နောက်ဆုံးအဆင့်ထိ တက်လှမ်းနိုင်ခြေ အရှိဆုံးက ဘယ်အသင်းတွေ ဖြစ်မလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

အုပ်စု (F) အတွက် စူပါကွန်ပြူတာရဲ့ ရလဒ်ခန့်မှန်းချက်များ

  • နယ်သာလန် – နောက်တစ်ဆင့်တက်ရန် အလားအလာ ၈၈.၂% (အုပ်စုပထမရရန် ၄၈.၂%)
  • ဂျပန် – နောက်တစ်ဆင့်တက်ရန် အလားအလာ ၇၆.၂%
  • ဆွီဒင် – နောက်တစ်ဆင့်တက်ရန် အလားအလာ ၆၂.၆%
  • တူနီးရှား – နောက်တစ်ဆင့်တက်ရန် အလားအလာ ၄၃.၄%
 

အသင်းအလိုက် အသေးစိတ်သုံးသပ်ချက်

၁။ နယ်သာလန် 

လိမ္မော်ရောင် တို့ဟာ အုပ်စု (F) ရဲ့ ရေပန်းအစားဆုံး အသင်း ဖြစ်ပြီး Opta စူပါကွန်ပျူတာက သူတို့ကို အုပ်စု ပထမရဖို့ ၄၈.၂% အခွင့်အရေး ပေးထားပါတယ်။ အကယ်၍ အုပ်စု ပထမမရခဲ့ရင်တောင် သူတို့ရဲ့ နောက်တစ်ဆင့် တက်နိုင်ခြေ အလားအလာ ၈၈.၂% ရှိနေတာကြောင့် အခက်အခဲ သိပ်မရှိဘဲ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ပြသနေသလိုပါပဲ။

နယ်သာလန် အသင်းဟာ ၁၉၇၄၊ ၁၉၇၈ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဒုတိယ နဲ့သာ ကျေနပ်ခဲ့ရပြီး ကမ္ဘာ့ဖလား ချန်ပီယံဆုကို တစ်ကြိမ်မှ မရရှိဖူးသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် ကစားခဲ့တဲ့ ၅၅ ပွဲမှာ ပွဲ ၃၀ အထိ အနိုင်ရရှိခဲ့ပြီး (ပယ်နယ်တီ အဆုံးအဖြတ်တွေ မပါဝင်) နိုင်ပွဲ ရရှိမှုနှုန်း ၅၄.၅% ရှိခဲ့လို့ ဘရာဇီးလ် (၆၆.၇%) နဲ့ ဂျာမနီ (၆၀.၇%) တို့ ပြီးရင် တတိယမြောက် နိုင်ပွဲ ရရှိမှုနှုန်း အမြင့်ဆုံးအသင်း အဖြစ် ရပ်တည်နေပါတယ်။

ဒါ့အပြင် ဒတ်ခ်ျ တို့ရဲ့ မကြာသေးမီက ကမ္ဘာ့ဖလား ရလဒ်တွေ ဟာလည်း အလွန်အထင်ကြီးစရာ ကောင်းပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်တွေကို ဖယ်ထုတ်ရင် နယ်သာလန်ဟာ သူတို့ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၉ ပွဲမှာ ၁ ပွဲတည်းသာ ရှုံးနိမ့်ခဲ့ပြီး ၁၄ ပွဲ အထိ အနိုင်ရရှိထားပါတယ်။ နောက်ပြီး ၁၉၉၄ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား အုပ်စု အဆင့် ပွဲစဉ်တွေ မှာလည်း လုံးဝရှုံးနိမ့်ဖူးခြင်း မရှိပါဘူး။ ဒါကြောင့်လည်း သူတို့နောက်တစ်ဆင့် တက်မယ်လို့ အားလုံးက ထိပ်ဆုံးက ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

နည်းပြ ရော်နယ်လ် ကိုးမန်း ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက နယ်သာလန်ကို ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုကမ္ဘာ့ဖလားမှာ အဲဒီထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ရဖို့ဆိုရင် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ဝါရင့်တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းရဲ့ ခြေစွမ်းပြမှု လိုအပ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် ဒီပိုင်းဟာ နိုင်ငံတကာသွင်းဂိုး ၅၅ ဂိုး ရရှိထားရုံတင်မကဘဲ ၁၉၇၈ ကမ္ဘာ့ဖလား နောက်ပိုင်း နယ်သာလန် အသင်း အတွက် ဂိုးဖန်တီးမှု အများဆုံး (၃၅ ကြိမ်) ပြုလုပ်ထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒီပိုင်းဟာ ခြေစစ်ပွဲစဉ်တွေ အတွင်းမှာ ကိုဒီ ဂက်ခ်ပို နဲ့အတူ အသင်းရဲ့ ဖန်တီးမှုပိုင်းကို တာဝန်ယူခဲ့ပြီး တစ်ဦးကို ဂိုးဖန်တီးမှု ၄ ကြိမ်စီ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုင်းက ၈ ဂိုးနဲ့ အသင်းရဲ့ ဂိုးအများဆုံး သွင်းယူသူ ဖြစ်ခဲ့တာကြောင့် ဒီနွေရာသီ မြောက်အမေရိကမြေမှာ ဒတ်ခ်ျတို့ အတွက် တော်တော်လေး အရေးပါတဲ့ ကစားသမား ဖြစ်လာမှာပါ။

 

၂။ ဂျပန်

ဂျပန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို (၈) ကြိမ်ဆက်တိုက် လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အခု ၂၀၂၆ မျိုးဆက်သစ် ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ စီနီယာဟောင်းတွေထက် ပိုမိုကောင်းမွန်တဲ့ မှတ်တမ်းကောင်းတွေ ရေးထိုးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဂျပန် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို (၈) ကြိမ်ဆက်တိုက် လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်ကို မရောက်ဖူးတဲ့ ဂျပန်

ဂျပန် နိုင်ငံဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ၁၆ သင်းအဆင့်ထက် ပိုမိုကျော်လွန်ပြီး မတက်လှမ်းနိုင်ခဲ့ဖူးပါဘူး။ အမှန်တကယ်တော့ သူတို့ဟာ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ကို တစ်ခါမှ မရောက်ဖူးဘဲ ပွဲအများဆုံး (၂၅ ပွဲ) ကစားထားရတဲ့ မှတ်တမ်းဆိုး တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ကွင်းတွင်း ကွင်းပြင်က သူတို့ရဲ့ အတွေ့အကြုံတွေကြောင့် အခုနှစ်မှာ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးကောင်း ရှိနေပါတယ်။ နည်းပြ ဟာဂျီမေ မိုရိယာစု ဟာ ဂျပန် အသင်းကို ကမ္ဘာ့ဖလား ၂ ကြိမ် ဆက်တိုက် ဦးဆောင်ခွင့် ရတဲ့ ပထမဆုံးသော နည်းပြ ဖြစ်လာသလို ဂျပန်အသင်းကို ပွဲပေါင်း ၁၀၀ ကျော် ကိုင်တွယ်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန် အသင်းရဲ့ တိုက်စစ်ပိုင်း ဟာလည်း အလွန်ကြောက်စရာကောင်းပြီး အာရှဇုန် ခြေစစ်ပွဲတွေမှာ စုစုပေါင်း ၅၄ ဂိုး အထိ သွင်းယူကာ ဂိုးအများဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ သူတို့အသင်းမှာ ဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်နဲ့ အထက် ရှိခဲ့တဲ့ ကစားသမား ၃ ဦးအထိ ရှိခဲ့ပြီး ၎င်းတို့မှာ တာကီဖူဆာ ကူဘို (၄ ဂိုးသွင်း၊ ၈ ကြိမ်ဖန်တီး)၊ ဂျွန်ယာ အီတို (၁ ဂိုးသွင်း၊ ၁၀ ကြိမ် ဖန်တီး) နဲ့ အာယာဆေး အူအေဒါ (၈ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီး) တို့ ဖြစ်ကြပါတယ်။ အကယ်၍ ဒီတိုက်စစ် ၃ ဦးတွဲသာ ခြေစွမ်းပြနိုင်ရင် ဂျပန်တို့ ရလဒ်ကောင်းနိုင်ပါတယ်။

 

၃။ ဆွီဒင်

ဆွီဒင် အသင်း ကလည်း ကမ္ဘာ့ဖလား ပုံမှန် ကစားခွင့်ရတဲ့ အသင်းကြီး တစ်သင်း ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ (၁၃) ကြိမ်မြောက် ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်မှု ဖြစ်ပြီး ပြီးခဲ့တဲ့ ၄ ကြိမ်စလုံးမှာ အုပ်စု အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို ခြေစစ်ပွဲ မအောင်ခဲ့လို့ လွဲချော်ခဲ့ရပြီး အခုတစ်ကြိမ် ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ကို ရောက်ရှိလာတာဟာလည်း အံ့ဖွယ်တစ်ခုလို ဖြစ်ခဲ့ရပါတယ်။

ဆွီဒင် အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲတုန်းက ဆွတ်ဇာလန်၊ ကိုဆိုဗို၊ ဆလိုဗေးနီးယား တို့ရဲ့နောက် အုပ်စု စတုတ္ထနေရာနဲ့သာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အုပ်စုတွင်း ၆ ပွဲစလုံးမှာ ၁ ပွဲမှ မနိုင်ခဲ့ဘဲ နေးရှင်းလိဂ် အဆင့် သတ်မှတ်ချက်ကြောင့်သာ ဥရောပဇုန် ရှုံးထွက် ပလေးအော့ဖ် ကစားခွင့်ရပြီး ကမ္ဘာ့ဖလားဆီ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ အသင်း မှာတော့ လက်ရှိ ခြေစွမ်းပြနေပြီး ယုံကြည်မှု အပြည့် ရှိတဲ့ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ် ရှိနေပါတယ်။ သူဟာ ပလေးအော့ဖ် ပွဲစဉ်တွေမှာ ဆွီဒင် အတွက် ၄ ဂိုး သွင်းယူပေးခဲ့ပြီး အဲဒီထဲမှာ ယူကရိန်းနဲ့ ပွဲက ဟက်ထရစ်ဂိုးနဲ့ ပိုလန်နဲ့ ကစားတဲ့ ဖိုင်နယ်ပွဲစဉ်က မိနစ် ၈၈ မှာ သွင်းယူခဲ့တဲ့ အဖိုးတန် အနိုင်ဂိုးတို့ ပါဝင်ပါတယ်။

ဆွီဒင် အသင်းဟာ ပုံမှန်အားဖြင့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်တွေကို ကောင်းမွန်စွာ စတင်နိုင်လေ့ ရှိပြီး ယခင်ပြိုင်ပွဲ ၁၂ ကြိမ်မှာ အဖွင့်ပွဲ ရှုံးနိမ့်ခဲ့တာ ၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။ နည်းပြ ဂရေဟမ် ပေါ်တာ အနေနဲ့ အခုနှစ် သူတို့ အတွက် အလွယ်ကူဆုံးလို့ သတ်မှတ်နိုင်မယ့် တူနီးရှားနဲ့ အဖွင့် ပွဲစဉ်မှာ အဆိုပါ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

 

၄။ တူနီးရှား

တူနီးရှား အသင်း ကတော့ အထက်ပါ မှတ်တမ်းတွေကို ရိုက်ချိုးပစ်ဖို့ တခြား အတွေးမျိုး ရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် သူတို့ရဲ့ သမိုင်းကြောင်း မှတ်တမ်းတွေ ကတော့ သိပ်ပြီး အခြေအနေ မကောင်းလှပါဘူး။ သူတို့ဟာ ကမ္ဘာ့ဖလား ၆ ကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ အုပ်စု ပထမအဆင့်ကို တစ်ခါမှ မကျော်ဖြတ်နိုင်ခဲ့ဖူးသလို ကမ္ဘာ့ဖလား ၁၈ ပွဲ ကစားခဲ့ရာမှာလည်း ၃ ပွဲသာ အနိုင်ရဖူးပါတယ်။

ဒါပေမယ့်လည်း သူတို့ အတွက် မျှော်လင့်ချက် ရှိနေစေတာ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို သက်သောင့်သက်သာ ဖြတ်ကျော်လာနိုင်ခဲ့တဲ့ အချက် ဖြစ်ပါတယ်။ တူနီးရှားဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၉ ပွဲ အနိုင်ရပြီး ၁ ပွဲသာ သရေကျခဲ့ပါတယ်။ ပိုပြီး အထင်ကြီးစရာကောင်းတာ ကတော့ ခြေစစ်ပွဲ တစ်လျှောက်လုံးမှာ “ တစ်ဂိုးမှ မပေးခဲ့ရခြင်း” ပဲ ဖြစ်ပါတယ်။

တိုက်စစ်ပိုင်း မှာတော့ မိုဟာမက် ဘင် ရွမ်ဒါနီ (၄ ဂိုးသွင်း) နဲ့ နောက်ခံလူ အလီ အက်ဘ်ဒီ (၁ ဂိုးသွင်း၊ ၃ ကြိမ်ဖန်တီး) တို့ဟာ ခြေစစ်ပွဲမှာ အသင်း အတွက် အဓိက အားထားခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းတာက ပြင်သစ် လက်ရွေးစင်ဟောင်းလည်း ဖြစ်တဲ့ အသင်း နည်းပြ ဆာဘရီ လာမူချီ ဟာ ဘင် ရွမ်ဒါနီ ကို ကမ္ဘာ့ဖလား လူစာရင်း ကနေ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။တူနီးရှား အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ရှုံးထွက်ဆင့် မတက်နိုင်ခဲ့ပေမယ့် အုပ်စုအဆင့် ၃ ပွဲစလုံးမှာ ၁ ဂိုးတည်းသာ ပေးခဲ့ရလို့ ပြိုင်ပွဲမှာ ပေးဂိုး အနည်းဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကစားပုံကို ဒီတစ်ကြိမ် မှာလည်း ထပ်မံ အသုံးပြုပြီး ပြိုင်ဘက်တွေကို ဒုက္ခပေးသွားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်