နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပြီးသား ကစားသမားတွေကိုပဲ ထပ်မံ ခေါ်ယူမယ့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနိုင်ကြောင်း သက်သေထူပြီးသား ကစားသမားတွေကို လာမယ့် အပြောင်းအရွှေ့မှာ ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အမှုဆောင်ချုပ် အိုမာ ဘာရာဒါက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီ ဘရန့်ဖို့ဒ် ကနေ ဘရိုင်ယန် အမ်ဘွေမိုနဲ့ ဝုဗ်က မားသီးယပ်စ် ကူညာ တို့ကို ခေါ်ယူနိုင်ခဲ့ပြီး သူတို့ နှစ်ဦးစလုံးက တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ယူနိုက်တက် စီအီးအို အိုမာ ဘာရာဒါက ဒီနွေရာသီ မှာလည်း ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသား ထိပ်တန်းကစားသမားတွေကို ဆက်လက် ခေါ်ယူသွားဖွယ် ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အဆင့် ၃ နေရာရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ကိုလည်း အရယူနိုင်ခဲ့ပါတယ်။ ဒီလို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ခြင်း တွင် အမ်ဘွေမိုနဲ့ ကူညာ တို့က အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ကြပါတယ်။ အမ်ဘွေမိုဟာ ပြိုင်ပွဲစုံမှာ ၁၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ကာ သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၅ ကြိမ်အထိ ရှိခဲ့ပြီး သူ့ထက် ပိုပြီး စွမ်းဆောင်နိုင်သူ ကတော့ သွင်းဂိုး ပါဝင်ပတ်သက်မှု ၃၁ ကြိမ် ရှိခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် တစ်ဦးတည်းသာ ရှိပါတယ်။ တစ်ဖက်မှာလည်း ကူညာက ၁၀ ဂိုးသွင်း၊ ၂ ကြိမ် ဖန်တီးကာ အသင်း အတွက် ၁၂ ဂိုးအထိ ပါဝင် ပတ်သက်ပေးခဲ့ပါတယ်။

ဒါ့အပြင် လိုက်ပ်ဇစ် ကနေ ခေါ်ယူခဲ့တဲ့ ဘင်ဂျာမင် ဆက်စ်ကို ကလည်း နည်းပြ မိုက်ကယ် ကာရစ်ခ် လက်အောက်မှာ ရုန်းထွက် ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးရာသီမှာ ၃၂ ပွဲကစား၊ ၁၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ဝက်စ်ဟမ်း ကွင်းလယ်လူ မားတီးယပ်စ် ဖာနန်ဒက်စ်နဲ့ နယူးကာဆယ်ရဲ့ လူးဝစ် ဟောလ် တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမှုဆောင်ချုပ် ဘာရာဒါ ကလည်း အသင်းရဲ့ ကစားသမားသစ် ရှာဖွေစုဆောင်းရေးအဖွဲ့က ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ဖိအားနဲ့ လိုအပ်ချက်တွေကို ကြံ့ကြံ့ခံနိုင်မယ့် ကစားသမားတွေကို သေချာစွာ စောင့်ကြည့်နေကြောင်း ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့ နွေရာသီက ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ ပုံစံအတိုင်းပဲ ဒီနှစ်မှာလည်း ပုံတူကူးချပြီး ဆက်လုပ်သွားမှာပါ” လို့ ဘာရာဒါက အသင်းရဲ့ Inside Carrington ပေါ့ဒ်ကတ်စ်မှာ ပြောကြားခဲ့ပါတယ်။“အပြောင်းအရွှေ့ ဈေးကွက် တစ်ခုထဲကို ဝင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ဒါကြောင့် တကယ်ကို အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ကျွန်တော် တို့မှာ ရှင်းလင်းတဲ့ အစီအစဉ် ရှိဖို့ လိုသလို ဘယ်နေရာတွေကို အင်အားဖြည့်ရမလဲ ဆိုတာ အတိအကျ သိနေရပါမယ်။ အခု ကျွန်တော်တို့မှာ ပြတ်သားတဲ့ အစီအစဉ်တစ်ခု ရှိနေပါပြီ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့အရာတွေဟာ အသင်းအတွက် ရှေ့ဆက်သွားရမယ့် လမ်းမှန်တစ်ခုလို့ မြင်ပါတယ်။ အဲဒါကတော့ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို မျှမျှတတ စုဖွဲ့သွားဖို့ပါပဲ။”

“ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်တယ်ဆိုတာ သက်သေပြထားပြီးသား ကစားသမားတွေ အပြင် ပရီးမီးယားလိဂ် ပြင်ပမှာ အရမ်းခြေစွမ်းပြနေတဲ့ ကစားသမားတွေကိုပါ ရောနှောပြီး ခေါ်ယူချင်တာပါ။ ဒါပေမယ့် အသင်းရဲ့ သတ်မှတ်ချက် ဘောင်ထဲကနေပဲ လုပ်ဆောင်သွားမှာ ဖြစ်သလို ကျွန်တော်တို့ ချမယ့် ဆုံးဖြတ်ချက်တိုင်းဟာ ရေတိုအတွက်တင်မဟုတ်ဘဲ ရေရှည်အတွက်ပါ ဖြစ်စေရပါမယ်။” လို့ ဘာရာဒါက ဆိုပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အဆင့် ၃ နေရာရခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ကိုလည်း အရယူနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့်ရထားလို့ ပြင်ဆင်မှုတွေ ပြုလုပ်မယ့် ယူနိုက်တက်

ပြီးခဲ့တဲ့ ရာသီ မတိုင်ခင်က ယူနိုက်တက်က ၂၀၂၃-၂၄ ရာသီမှာ မေဆန် မောင့်နဲ့ ဂျွန်နီ အီဗန်စ် တို့ကို ခေါ်ယူခဲ့ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားမျိုး ထပ်မံ ခေါ်ယူခြင်း မရှိခဲ့ပါဘူး။

လက်ရှိမှာ အတ္တလန္တာ အသင်းရဲ့ ကွင်းလယ်လူ အီဒါဆင် ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း (ယူရို ၄၀.၅ သန်း) နဲ့ နှစ်ဦးသဘောတူ ညှိနှိုင်းမှု ရရှိထားပြီး ဖြစ်တာကြောင့် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူနိုက်တက် အနေနဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေသော်လည်း အမှုဆောင်ချုပ် ဘာရာဒါ ဖြေရှင်းဖို့ အလေးအနက်ထားနေတဲ့ တခြား အခြေအနေ တစ်ခုက ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အထူးခြေစွမ်းပြခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အနာဂတ် ကိစ္စ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ဘရိုက်တန်နဲ့ ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တစ်ရာသီတည်းမှာ ဂိုးဖန်တီးမှု ၂၁ ကြိမ်နဲ့ သီဟာရီ အွန်နရီနဲ့ ကီဗင် ဒီဘရွန်းနားတို့ တင်ရှိထားခဲ့တဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ မန်ချက်စတာယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက် သမိုင်းတွင် သူ့ထက် ပိုမိုစွမ်းဆောင်နိုင်သူ အဖြစ် ဝိန်း ရွန်နီ (၃၅ ပွဲ) နဲ့ ရိုင်ယန် ဂစ် (၂၂ ပွဲ) တို့ နှစ်ဦးသာ ရှိပါတော့တယ်။

အသက် ၃၁ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကစားသမားကြီးဟာ ပြီးခဲ့တဲ့ နွေရာသီက အဲလ်ဟီလာ အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖွယ် ရှိတဲ့ အလားအလာတွေကို လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။

“ကျွန်တော် တို့မှာ ဘရူနိုလိုမျိုး တကယ့်ကို ထက်မြက်ပြီး ထူးချွန်တဲ့ အသင်းခေါင်းဆောင် တစ်ယောက် ရှိနေတာပါ။ အသေအချာပါပဲ၊ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူဟာ ကွင်းထဲမှာ ကောင်းမွန်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ ဒါထက် ပိုအရေးကြီးတာက သူဟာ ကောင်းမွန်တဲ့ ခေါင်းဆောင် တစ်ယောက် ဆိုတာ လူတိုင်းကို သက်သေပြနိုင်ခဲ့တာပါပဲ။ ကွင်းပြင်ပမှာ သူ ဘာတွေလုပ်ပေးနေလဲ ဆိုတာ ကိုတော့ လူတွေ သိပ်မမြင်ကြပါဘူး။ သူဟာ ကလပ်အသင်းကို ကောင်းကောင်း ကိုယ်စားပြုနိုင်သလို အသင်းရဲ့ တန်ဖိုးထားမှုတွေကိုလည်း ကောင်းကောင်း နားလည်ထားတဲ့သူ ဖြစ်ပါတယ်။” လို့ ဘာရာဒါက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်