နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကာရစ်ခ် လက်အောက်မှာ ယူနိုက်တက် အနေနဲ့ ချက်ချင်း ဖလားစိန်ခေါ်ရမယ်လို့ နောက်ခံလူဟောင်း ဘရောင်း ဆို | ပရီးမီးယားလိဂ်

ဘရူနို မိုက်ကယ် ကာရစ်ခ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီပိတ် ပွဲစဉ်တွေကို အကောင်းဆုံး ကိုင်တွယ်ပြသနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်တဲ့ အဆင့် ရောက်အောင် ပြန်လည် ဦးဆောင်ဖို့ တာဝန်ပေးခြင်း ခံထားရပါတယ်။

ဒါကြောင့် ယူနိုက်တက် အနေနဲ့ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ ပထမဆုံး ရာသီအစအဆုံး ကိုင်တွယ်ရမယ့် ရာသီမှာတင် အဓိက ဆုဖလားတွေ အတွက် စိန်ခေါ်နိုင်တဲ့ အသင်း စာရင်းထဲမှာ ပါဝင်နေရလိမ့်မယ်လို့ ကာရစ်ခ်ရဲ့ အသင်းဖော်ဟောင်း ဝက်စ်ဘရောင်းက ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက နည်းပြ ရူဘင် အမော်ရင် ရာထူး ကနေ ထွက်ခွာသွားချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၆) နေရာမှာ ရှိနေခဲ့တာ ဖြစ်ပြီး ကာရစ်က ယာယီ နည်းပြ အဖြစ် ယူနိုက်တက်ကို စတင် တာဝန်ယူခဲ့တာပါ။ ရာသီကုန် မှာတော့ သူဟာ ယူနိုက်တက်ကို အမှတ်ပေးဇယား အဆင့် (၃) နေရာ အထိ ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် (၂) နှစ် သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုကာ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

ကာရစ်ခ်ဟာ ယူနိုက်တက်ကို ယာယီ နည်းပြ အဖြစ် (၂) ကြိမ် တာဝန်ယူခဲ့တဲ့ ကာလ တစ်လျှောက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပြီး နိုင်ပွဲ ရရှိမှု ရာခိုင်နှုန်း ၆၈% အထိ ရှိခဲ့ပါတယ်။ သူ့ရဲ့ နိုင်ပွဲ ရရှိမှု ၆၈% ဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘယ်နည်းပြထက်မဆို အမြင့်ဆုံး ဖြစ်ပြီး နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ၆၅ ရာခိုင်နှုန်းထက်တောင် သာလွန်နေပါတယ်။ ဒါပေမယ့် ဖာဂူဆန်ရဲ့ စံချိန်ဟာ နိုင်ပွဲ ၅၂၈ ပွဲ အပါအဝင် ၈၁၀ ပွဲ အထိ ကိုင်တွယ်ခဲ့တဲ့ စံချိန် ဖြစ်ပါတယ်။ ကာရစ်ခ်နဲ့ ဖာဂူဆန်က လွဲရင် ကျန်တဲ့ ယူနိုက်တက် နည်းပြတွေထဲမှာ ဟိုဆေး မော်ရင်ညို တစ်ဦးပဲ ၅၄ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူသွားခဲ့ပြီး နောက်ပိုင်း ၁၃ နှစ်တိုင်တိုင် ပရီးမီးယားလိဂ် ဖလားနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၉ နှစ်အတွင်း သူတို့ ရရှိခဲ့တဲ့ ဆုဖလားတွေ ကတော့ နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက်က ရရှိခဲ့တဲ့ ၂၀၂၃ ခရာဘောင်ဖလားနဲ့ ၂၀၂၄ အက်ဖ်အေဖလား တို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး အစ ရှိတဲ့ ယူနိုက်တက်ရဲ့ အဓိက ပြိုင်ဘက် အသင်းတွေမှာ နည်းပြ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကြောင့် ကာရစ်ခ် အနေနဲ့ လာမယ့်ရာသီမှာ ဆုဖလားတွေကို ချက်ချင်း စိန်ခေါ်ဖို့ ရည်မှန်းထားလိမ့်မယ်လို့ ဘရောင်းက ယူဆနေပါတယ်။

လာမယ့် ရာသီမှာ ယူနိုက်တက်တို့ ဖလားစိန်ခေါ်နိုင်မလားလို့ Stats Perform က မေးမြန်းခဲ့ရာမှာ ဘရောင်းက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ကျွန်တော် ကတော့ သူတို့ ဖလား စိန်ခေါ်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ရာသီသိမ်းခဲ့တဲ့ ပုံစံနဲ့ ပရီးမီးယားလိဂ် ပြီးဆုံးသွားတဲ့ အနေအထားတွေကြောင့်ပါ။ ရာသီအစတုန်းက ဆိုရင် မကြာသေးမီ နှစ်တွေ အတွင်း အသင်းရဲ့ အခြေအနေတွေအရ ချန်ပီယံလိဂ် ဝင်ခွင့် ရရင်ပဲ ကျွန်တော် တော်တော်လေး ကျေနပ်နေမိမှာပါ။ ကာရစ်ခ်ကို ဘယ်လိုအဆင့်အထိ ပို့ပေးခဲ့လဲ ဆိုတာ ကနေ စကြည့်ရအောင်၊ အဲ့ဒီလို ဖြစ်လာမယ်လို့ ကျွန်တော် အပါအဝင် ဘယ်သူမှ ထင်မှတ်ထားခဲ့ကြမှာ မဟုတ်ပါဘူး။”

ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် ရရှိခဲ့တဲ့ နောက်ခံလူဟောင်းက အခုလိုပဲ ပြောပါတယ်။
ကာရစ်ခ်နဲ့ အတူ ယူနိုက်တက်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရမယ် ဆိုတဲ့ ဝက်စ် ဘရောင်း

“အခြေအနေတွေက ရာနှုန်းပြည့် ပြီးပြည့်စုံမနေသေးရင်တောင် သူက ရလဒ်ကောင်းတွေ ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ကစားသမားတွေကို အကောင်းဆုံး ကစားနိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်။ သူ့ရဲ့ စံနှုန်းတွေက လူတွေ မျှော်လင့်ထားတာထက် ပိုမြင့်မားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ဒီနှစ်မှာ ကျွန်တော်တို့ အဆင့် (၃) နဲ့ ရာသီပိတ်နိုင်ခဲ့တော့ ‘အိုကေ။ ငါတို့ ဘာလို့ ချန်ပီယံဆုကို မစိန်ခေါ်နိုင်ရမှာလဲ’ လို့ တွေးမိတယ်။ ကစားသမားသစ် တချို့ ရောက်လာမယ်၊ တချို့လည်း အသင်းက ထွက်ခွာကြလိမ့်မယ်။ ဒါပေမယ့် ဒီစိတ်ဓာတ် အတိုင်း ဆက်သွားနိုင်ပြီး ကစားသမားသစ်တွေနဲ့ပါ အချိန်ပိုရမယ် ဆိုရင် အသင်းက ပိုကောင်းလာမှာပါ။ ဒါကပဲ အသင်းရဲ့ စံနှုန်း ဖြစ်လာရပါမယ်။” လို့ ဘရောင်းက ဆိုပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိလုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။ ကာရစ်ခ် အနေနဲ့ အသင်းကို ဘယ်နေရာတွေမှာ ထပ်မံ ဖြည့်တင်းသင့်လဲလို့ မေးမြန်းရာ မှာတော့ ဘရောင်းက အင်္ဂလန် ကွင်းလယ်လူတွေ ဖြစ်တဲ့ အီလီယော့ အန်ဒါဆန်နဲ့ အာဒမ် ဝှာတန် တို့ကို အလားအလာ ရှိတဲ့ ပစ်မှတ်တွေ အဖြစ် သတ်မှတ်ပေးခဲ့ပြီး အသင်းရဲ့ အင်အား စုဖွဲ့မှုကို တိုးမြှင့်ဖို့ လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် ရရှိခဲ့တဲ့ နောက်ခံလူဟောင်းက အခုလိုပဲ ပြောပါတယ်။ “ကျွန်တော့် အတွက်တော့ အသင်းကောင်း တစ်သင်း ဆိုတာ အရန်ခုံတန်းကို ကြည့်ရပါတယ်။ ပွဲထွက် ၁၁ ယောက် အပြင် အရန်ခုံမှာ ဘယ်သူတွေ ရှိနေလဲ။ ကျွန်တော် ကစားခဲ့ပြီး ချန်ပီယံလိဂ် ဖလား ရခဲ့တဲ့ ယူနိုက်တက် အသင်း ၂ သင်းစလုံးမှာ အရန်ခုံက ဘယ်ကစားသမားမဆို ပရီးမီးယားလိဂ်က တခြား အသင်း အများစုမှာ ပွဲထွက် ကစားနိုင်တဲ့သူတွေချည်းပါပဲ။”

“ဒါက အဓိက သော့ချက်လို့ ထင်ပါတယ်။ မန်စီးတီးမှာ ဒါမျိုးရှိတယ်၊ အာဆင်နယ် မှာလည်း ရှိတယ်။ ကျွန်တော်တို့ အသင်း ကတော့ အဲ့ဒီအဆင့်ရောက်ဖို့ နည်းနည်းလိုသေးတယ်လို့ ထင်ပါတယ်။ အီဒါဆင်က ကစားသမားကောင်း တစ်ဦးပါ။ ပြီးတော့ လူတိုင်း သတိထားမိနေတဲ့ အန်ဒါဆန် ရှိသလို၊ ဝှာတန်လည်း ရှိပါတယ်။ ကွင်းလယ်ပိုင်းက ကျွန်တော်တို့ အတွက် အဓိက ဖြည့်တင်းရမယ့် နေရာ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်က ကတ်စ်မဲရိုး ခြေစွမ်းပြခဲ့တာ ကတော့ တကယ်ကို ထူးချွန်လွန်းပါတယ်။”

“ကျွန်တော့် တစ်ကိုယ်ရေ အမြင်အရတော့ တချို့နေရာတွေမှာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေကို ပိုသဘောကျတယ်။ ဘာလို့လဲဆိုတော့ သူတို့က အင်္ဂလန်ဘောလုံးလောကနဲ့ တခြား ပြိုင်ဘက် အသင်းတွေကို ကောင်းကောင်းသိလို့ပါ။ ဒါပေမယ့် ခင်ဗျား ပြောသလိုပဲ အီဒါဆင် ကလည်း တကယ့်ကို ကစားသမားကောင်း တစ်ဦးပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်