ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်း အပေါ် ချီးကျူးစကား ပြောကြားခဲ့တဲ့ တောင်ပံ ကစားသမား ဒီဆီရီ ဒူယေးကို ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ် တစ်ခု အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒူယေး ကိုယ်တိုင် ကလည်း လာလီဂါ ထိပ်သီး ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ သူသာ လာမယ့် ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရရှိခဲ့ရင် လစ်ဗာပူးလ် အသင်း ကနေ ထွက်ခွာတော့မယ့် ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဒေါ့မန် ဗဟိုနောက်ခံလူ နီကို ရှလော့တ်တာဘက်ခ် ကလည်း လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အလားအလာ ရှိတဲ့ ပစ်မှတ် တစ်ခု အဖြစ် ပြန်လည် ပေါ်ထွက်လာနေပါတယ်။
မန်စီးတီး အသင်း ကနေ ထွက်ခွာမယ့် ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားနဲ့ ဘာစီလိုနာ အသင်းတို့ အကြား အပြည့်အဝ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နူးကမ့်ပ် ကနေ ကစားသမား တစ်ဦးဦး ထွက်ခွာမှသာ ဒီအပြောင်းအရွှေ့ကို အတည်ပြုနိုင်မှာ ဖြစ်ပြီး အသင်း ကနေ ထွက်ခွာဖို့ စာရင်းထဲပါနေသူတွေထဲမှာ ရွန်နီ ဘတ်ဂျီလည်း ပါဝင်နေပါတယ်။
ဘာစီလိုနာဟာ ဘတ်ဂျီကို ပြန်လည် ဝယ်ယူခွင့် ထည့်သွင်းပြီး အမြဲတမ်း အပြောင်းအရွှေ့နဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်ပေမယ့် အငှားချတာ ကတော့ အဖြစ်နိုင်ဆုံး ရလဒ် အဖြစ် ရှုမြင်ခံနေရပါတယ်။ လက်ရှိ မှာတော့ အိုင်းယက်စ် အသင်းက သူ့ကို အငှားနဲ့ ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပါတယ်။
အာဆင်နယ် အသင်းရဲ့ ပြင်သစ် နာမည်ကျော် နောက်ခံလူ ဝီလီယမ် ဆလီဘာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမယ့် ပြင်သစ် အသင်း နည်းပြ ဒက်စ်ရွှမ့်စ် ကတော့ ဆလီဘာဟာ အခြေအနေ ကောင်းတယ်လို့ ပြောခဲ့တာကြောင့် ပြင်သစ် ပရိသတ်တွေ အတွက် စိတ်အေးစရာ ဖြစ်စေခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆလီဘာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်ကတည်းက နောက်ကျောမှာ နာကျင်မှု ဝေဒနာခံစားခဲ့ရတာ ဖြစ်ပေမယ့် အာဆင်နယ် အတွက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလားရယူပေးချင်တဲ့ အတွက် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဆလီဘာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မိနစ် ၁၂၀ ပြည့်တဲ့ အထိ ကစားခဲ့ပြီး သူ့ရဲ့ ခံစစ် အတွဲအဖက်ဖြစ်သူ ဂါဘရီရယ်ရဲ့ ပယ်နယ်တီ လွဲချော်မှုကြောင့် ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ခွင့် မရခဲ့ပါဘူး။ အခြေအနေ ပိုဆိုးသွားတာက ဆလီဘာဟာ ဗိုလ်လုပွဲမှာ ပါဝင်ကစားရင်း နောက်ကျော ဒဏ်ရာက ပိုပြင်းထန်သွားတယ်လို့ သတင်းထွက်ခဲ့တာပါပဲ။ Foot Mercato ဝက်ဘ်ဆိုက်က ဆလီဘာဟာ အဲဒီဒဏ်ရာကြောင့်၊ ရက်သတ္တပတ် အတော်ကြာအောင် အနားယူရဖို့ရှိပြီး အဲဒီအတွက် ပြင်သစ် ဘောလုံးအဖွဲ့ချုပ်က စိုးရိမ်တကြီးဖြစ်နေတယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။
၂၀၂၅-၂၆ ရာသီ အတွက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နောက်ဆုံး တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အငြင်းပွားစရာမရှိ ဆွတ်ခူးခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ မေလအတွင်း Sir Matt Busby Player of the Year ဆုနဲ့ အသင်းဖော်တွေက ရွေးချယ်တဲ့ Players’ Player of the Year ဆုတွေ ကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဘောလုံးအားကစား ကလောင်ရှင်များ အဖွဲ့က ချီးမြှင့်တဲ့ FWA အကောင်းဆုံးဆု သာမက ဘရူနို ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ၁ နှစ်တာ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ အခု မေလအတွက် ယူနိုက်တက် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ပရိသတ် ၂၅၀,၀၀၀ က မဲပေးခဲ့ကြတာမှာ ဘရူနို ဖာနန်ဒက်စ်က မဲအရေအတွက် အများဆုံးနဲ့ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်ရဲ့ အင်္ဂလန် ဝါရင့် ကစားသမားကြီး ဂျိမ်းစ် မီလ်နာဟာ အသက် ၄၀ အရွယ်မှာ ဘောလုံးသမားဘဝ ကနေ အနားယူသွားပြီ ဖြစ်ပါတယ်။ အသက် ၁၆ နှစ် အရွယ်မှာ လိဒ်စ်နဲ့ အတူ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ စတင်ခဲ့သူ မီလ်နာဟာ ပရီးမီးယားလိဂ်မှာ စံချိန်တင် အဖြစ် ပွဲပေါင်း ၆၅၈ ပွဲ အထိ ကစားခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဂါရတ်သ် ဘယ်ရီကို ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ မီလ်နာဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ရရှိခဲ့ပြီး လစ်ဗာပူးလ် အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလပ် အသင်း ကစားသမားဘဝ တစ်လျှောက်မှာတော့ မီလ်နာက ဆွင်ဒန်း၊ နယူးကာဆယ်၊ အက်စတွန်ဗီလာနဲ့ ဘရိုက်တန် အသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီး အင်္ဂလန် အတွက် ၆၁ ပွဲ ပါဝင်ကစားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


