နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဆာလာ နေရာမှာ နီကို ဝီလီယမ်စ်နဲ့ အစားထိုးမယ့် လစ်ဗာပူးလ်၊ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဗူစကိုဗစ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘာစီလိုနာ ကတော့ အန်သိုနီ ဂေါ်ဒွန်နဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း စရိတ်စက တော်တော်လေး ကြီးမားနိုင်တာကြောင့် ဘာစီလိုနာ အနေနဲ့ ဘဏ္ဍာရေး ညီမျှအောင် ကစားသမား တချို့ကို ပြန်လည်ရောင်းထုတ်ရမယ့် အခြေအနေ ရှိနေပါတယ်။

ဒါကြောင့် အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဖာမင်း လိုပက်ဇ်ကို ရောင်းချပြီး ရန်ပုံငွေကို ရှာဖွေဖို့ အသင်းက ပစ်မှတ်ထားနေပါတယ်။ စပိန်သားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြပါတယ်။ လက်ရှိ မှာတော့ ဖာမင်း လိုပက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ (ပေါင် ၈၆.၆ သန်း) ဝန်းကျင် အထိ ဈေးသတ်မှတ်ထားကြပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ တော်တင်ဟမ်ဟော့စပါး ကနေ အငှားချထားပြီး ခြေစွမ်းပြနေတဲ့ နောက်ခံလူ လူကာ ဗူစကိုဗစ်ကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ ဥရောပ ထိပ်သီးအသင်းတွေ ထဲမှာ တစ်သင်း အပါအဝင် ဖြစ်နေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်နဲ့ အပြိုင် အင်တာမီလန်နဲ့ ဒေါ့မန် တို့ကလည်း ဒီဗဟိုနောက်ခံလူရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။

နည်းပြ ဇာဗီ အလွန်ဆိုက အလာဗက်စ် အသင်းရဲ့ ကြယ်ပွင့် ကစားသမား အန်တိုနီယို ဘလန်ကိုကို အခုနွေရာသီမှာ ချဲလ်ဆီး အတွက် တန်ဖိုးနည်းနည်းနဲ့ အရည်အသွေး ကောင်းမွန်မယ့် ကွင်းလယ်လူသစ် အဖြစ် အကြံပြု ညွှန်ပြထားပါတယ်။

လစ်ဗာပူးလ်ဟာ အက်တလက်တစ် ဘီလ်ဘာအို အသင်းရဲ့ တိုက်စစ်မှူး နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အပြင်းအထန် စိတ်ဝင်စားနေပြီး၊ သူ့ကို အသင်း ကနေ ထွက်ခွာဖွယ် ရှိတဲ့ မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဘီလ်ဘာအိုဟာ နီကို ဝီလီယမ်စ်ရဲ့ စာချုပ်ပါ လျော်ကြေး ဖြစ်တဲ့ ယူရို ၉၅ သန်း (ပေါင် ၈၂.၃ သန်း) အစား ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ စဉ်းစားနေပုံရပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ပုံသေ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ (ပေါင် ၅၂ သန်း) နဲ့ အတူ အပိုဆုကြေး ယူရို သန်း ၂၀ (ပေါင် ၁၇.၃ သန်း) ပေးချေရုံနဲ့တင် သူ့ကို ခေါ်ယူနိုင်ခွင့် ရရှိနိုင်ပါတယ်။ 

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်နဲ့ အပြိုင် အင်တာမီလန်နဲ့ ဒေါ့မန် တို့ကလည်း ဒီဗဟိုနောက်ခံလူရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
ဒေါ့မန်နဲ့ အင်တာတို့ရဲ့ ပစ်မှတ်လည်း ဖြစ်နေတဲ့ လူကာ ဗူစကိုဗစ်

တော်တင်ဟမ်ဟော့စပါး ကတော့ မန်ချက်စတာစီးတီးရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ဆာဗင်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး၊ ပေါင် သန်း ၆၀ ဝန်းကျင် ရှိမယ့် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ အလေးအနက် စဉ်းစားနေပါတယ်။

အန်ဒီ ရောဘတ်ဆန်ကို တော့တင်ဟမ်ဟော့စပါးဆီ ပြောင်းရွှေ့ဖို့ သဘောတူညီချက်ဟာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်လာနိုင်ခဲ့တဲ့ ဟားလ်စီးတီးက သူတို့ရဲ့ ကစားသမားဟောင်းကို အရ ခေါ်ယူဖို့ အတွက် နောက်ဆုံး မိနစ်မှာ ကြားဖြတ် ချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

နည်းပြ ပပ် ဂွါဒီယိုလာ မန်စီးတီး ကနေ ထွက်ခွာသွားခဲ့တာကြောင့် နောက်ခံလူ ရူဘင် ဒီးရာ့စ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို လှုပ်ခတ်သွားစေခဲ့ပြီး အသင်း ကနေ ထွက်ခွာဖို့ အတွက် ပွင့်ပွင့်လင်းလင်း ကြိုးပမ်းလာနေပါတယ်။ အဆိုပါ ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က သဘောကျ စောင့်ကြည့်နေကြပါတယ်။ 

မန်ချက်စတာစီးတီးဟာ စပါးရဲ့ နောက်ခံလူ ပက်ဒရို ပေါ်ရိုကို ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာ ညာနောက်ခံလူ နေရာဟာ မန်စီးတီး အတွက် အခက်အခဲ ဖြစ်နေပြီး ကွင်းလယ်လူ မားသီးယပ်စ် ကူညာ ကိုတောင် အဆိုပါ နေရာမှာ အစားထိုး သုံးစွဲနေရတာ ဖြစ်ပါတယ်။ ပေါ်ရိုဟာ အရင်က မန်စီးတီးမှာ ၂၀၁၉ ကနေ ၂၀၂၂ ခုနှစ် အထိ ၃ နှစ်ကြာ ရှိနေခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်း ယူနိုက်တက်အသင်း တန်းဆင်းသွားခဲ့ရပြီးနောက် လိဒ်စ်ယူနိုက်တက်ဟာ သူတို့ရဲ့ ကစားသမားဟောင်း ခရိုက်ဆန်စီယို ဆမ်းမားဗီးလ်ကို အယ်လန်ရုဒ်ဆီ ပြန်လည် ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒါ့အပြင် အီတလီ ကလပ် ရိုးမား အသင်း ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်