နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရီးရဲလ်မက်ဒရစ်မှာ တစ်သက်လုံး နေသွားချင်ကြောင်း ဖွင့်ဟလာတဲ့ ဗင်နီးစီးယပ်စ် | လာလီဂါ

ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း စာချုပ်သစ်ချုပ်ဆိုဖို့ လောလောဆယ်မှာ အလျင်စလို ဖြစ်မနေကြောင်း သိရပါတယ်။

ဘရာဇီးလ် တိုက်စစ်မှူး ဗင်နီးစီးယပ်စ်က သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ “ တစ်သက်လုံး” ရှိနေချင်ပေမယ့်လည်း အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အတွက်တော့ “ အလောမကြီးသေးကြောင်း” အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဖလာမင်ဂို အသင်းမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ သူ့ရဲ့ လက်ရှိ စာချုပ်က ၂၀၂၇ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီ လာလီဂါ ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာရဲ့နောက် ဒုတိယ နေရာနဲ့ ရာသီသိမ်းခဲ့ရပေမယ့်လည်း ဗင်နီက အသင်း အတွက် လာလီဂါ သွင်းဂိုး ၁၆ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်း အတွက် သူ့ထက် ဂိုးပိုသွင်းနိုင်သူ ဆိုလို့ ကီလီယန် အမ်ဘာပေး (၂၅ ဂိုး) တစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီသွင်းဂိုး ပမာဏက ဘရာဇီးလ် လက်ရွေးစင် ဗင်နီးစီးယပ်စ် အတွက် ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ တစ်ရာသီ အတွင်း ဒုတိယ အကြိမ်မြောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ စံချိန်လည်း ဖြစ်လာခဲ့ပါတယ်။ ပထမတကြိမ်က ၂၀၂၁-၂၀၂၂ ရာသီက သွင်းယူခဲ့တဲ့ ၁၇ ဂိုး ဖြစ်ပါတယ်။

အဲဒီနောက် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက်တော့ ၃၇၅ ပွဲ ကစားပြီး ၁၂၈ ဂိုး သွင်းယူထားပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ ဗင်နီးစီးယပ်စ်

ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ကတော့ ဗင်နီးစီးယပ်စ်ကို စပိန်မြို့တော်မှာ ရေရှည် ဆက်ရှိနေမယ့် စာချုပ်မျိုး ချုပ်ဆိုစေချင်ကြမှာ ဖြစ်ပေမယ့်လည်း၊ လက်ရှိမှာ ကလပ် အသင်းရော သူ့ဘက် ကပါ စာချုပ်သစ် အတွက် အရေးတကြီး ဖိအားပေးနေခြင်းမျိုး မရှိကြောင်း အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူးက ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
“ကျွန်တော် စာချုပ် သက်တမ်းတိုးဖို့ အလောမကြီးပါဘူး” လို့ ဗင်နီက ဘရာဇီးလ် Streamer တစ်ဦး ဖြစ်တဲ့ CazeTV ကို ပြောကြားခဲ့ပါတယ်။ “၂၀၂၇ ခုနှစ် အထိ ဆိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးစရာတွေ အများကြီး ရှိပါသေးတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း အေးအေးဆေးဆေးပါပဲ၊ ကျွန်တော်လည်း အေးအေးဆေးဆေးပါပဲ။ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ကျွန်တော့်ကို ယုံကြည်သလို၊ ကျွန်တော် ကလည်း သူ့ကို ယုံကြည်ပါတယ်။ ရီးရဲလ်မက်ဒရစ် အပြင်ဘက်မှာ ကစားနေမယ့် ကျွန်တော့် ပုံရိပ်ကို တစ်ခါမှ စိတ်ကူးမယဉ်ဖူးပါဘူး။ ဒီမှာပဲ တစ်သက်လုံး နေသွားချင်တာပါ။” လို ဗင်နီက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ အနည်းငယ် အတွင်း စီနီယာ ကစားသမားတချို့ အသင်း ကနေ ထွက်ခွာသွားပြီး နောက်ပိုင်း သူ့အနေနဲ့ အသင်းဝတ်လဲခန်း အတွင်း ခေါင်းဆောင် တစ်ဦး ဖြစ်လာတဲ့ အပေါ် မှာလည်း ဗင်နီက အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“အခုဆိုရင် ကျွန်တော်က အသင်းရဲ့ ကပ္ပတိန် အဖွဲ့ဝင်တွေထဲက တစ်ယောက် ဖြစ်နေပါပြီ။ ဒီလောက် အထိ ငယ်ရွယ်သေးတဲ့ အရွယ်မှာ အခုလို ကပ္ပတိန် တာဝန် ရရှိဖို့ ဆိုတာ ခဲယဉ်းသလို၊ ဒါဟာ ကျွန်တော့် အတွက် အလွန် အရေးကြီးတဲ့ အပြောင်းအလဲ တစ်ခုလည်း ဖြစ်ပါတယ်” လို့ သူက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ကစားသမား ဘဝ အစကို ဖလာမင်ဂိုမှာ စတင်ခဲ့ပြီး ၆၉ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းယူထားပါတယ်။ အဲဒီနောက် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက်တော့ ၃၇၅ ပွဲ ကစားပြီး ၁၂၈ ဂိုး သွင်းယူထားပါတယ်။ သူက ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ၄၇ ပွဲ ကစားပြီး ၈ ဂိုး သွင်းထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်