နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာ အဖြစ် ရွေးချယ်ခံရတဲ့ မီခဲလ် အာတေးတား

မီခဲလ် အာတေးတား ကတော့ အာဆင်နယ်ကို ၂၂ နှစ် အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မီခဲလ် အာတေးတား ကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ဂန်းနား တို့ရဲ့ ၂၂ နှစ်ကြာ ဝေးကွာနေခဲ့ရတဲ့ အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံးလိဂ် ချန်ပီယံဆု မျှော်လင့်ချက်ကို အဆုံးသတ်ပေးနိုင်ခဲ့တာပါ။ အာတေးတားက အာဆင်နယ် နည်းပြတွေထဲမှာ အာစင်ဗန်းဂါး ပြီးနောက် ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် နည်းပြ ဖြစ်လာခဲ့ပါတယ်။ ဗန်းဂါးက ပြီးခဲ့တဲ့ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ အသင်းကို ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဒီဆုကို နောက်ဆုံး အကြိမ် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၃ ရာသီ ဆက်တိုက် အဆင့် ၂ နေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့်လည်း ဒီတကြိမ် မှာတော့ အသက် ၄၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာတေးတားက သူ့ရဲ့ အသင်းကို ချန်ပီယံဆုရရှိအောင် အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ရာသီ အစပိုင်းကတည်းက ကြည့်မယ်ဆိုရင် အာဆင်နယ်က တခြားအသင်းတွေထက် ပရီးမီးယားလိဂ် ရမှတ် ပိုမို ရရှိခဲ့ကာ (၃၃၂ မှတ်)၊ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရက်ပေါင်း အများဆုံး (၅၆၂ ရက်) ရပ်တည်နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

အသက် ၄၄ နှစ်နဲ့ ၅၄ ရက်သားသာ ရှိသေးတဲ့ အာတေးတားက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး နည်းပြ ဖြစ်လာတဲ့ အာတေးတား

ချန်ပီယံ ဖြစ်ခဲ့တဲ့ ဒီရာသီ အတွင်း အာဆင်နယ်က ၃၈ ပွဲ ကစားခဲ့ရာမှာ ၁၉ ပွဲ အထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုး ၂၇ ဂိုးသာ ရှိခဲ့ပါတယ်။ ဒီစံချိန် နှစ်ခုစလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး စံချိန်တွေ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်း မှာတော့ နွေရာသီက ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်ရဲ့ သွင်းဂိုး ၁၄ ဂိုး အပါအဝင် စုစုပေါင်း ၇၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး မန်ချက်စတာစီးတီး (၇၇ ဂိုး) ပြီးရင် ဂိုးအများဆုံး သွင်းယူနိုင်တဲ့ အသင်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်က ပရီးမီးယားလိဂ် သမိုင်းတလျှောက် ရာသီ တစ်ခု အတွင်း ပင်နယ်တီလည်း အပေးမခံရ၊ အနီကတ်လည်း တစ်ကတ်မျှ မထိခဲ့တဲ့ ပထမဆုံးသော အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စပိန် လူမျိုး နည်းပြက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူကိုယ်တိုင် ကစားသမား အဖြစ် ၁၁၀ ပွဲ အထိ ပါဝင် ကစားပေးခဲ့ဖူးတဲ့ ကလပ် အသင်းကို နည်းပြ အဖြစ် ပြန်လည် ကိုင်တွယ်ကာ ချန်ပီယံဖလား ရယူပေးနိုင်တဲ့ ပထမဆုံးသော နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ အသက် ၄၄ နှစ်နဲ့ ၅၄ ရက်သားသာ ရှိသေးတဲ့ အာတေးတားက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။

အာတေးတားက ဒီဆုကို ကိသ် အန်ဒရူးစ်၊ မိုက်ကယ် ကာရစ်ခ်၊ ပပ် ဂွါဒီယိုလာ၊ အန်ဒိုနီ အိုင်ရာအိုလာနဲ့ ရက်ဂျစ် လီဘရစ် တို့လို နည်းပြတွေကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ အာတေးတား အနေနဲ့ နောက်ထပ် ဆုဖလား တစ်လုံး ကိုပါ ထပ်မံ ရယူနိုင်မယ့် အခွင့်အရေး ရှိနေပါသေးတယ်။ အာဆင်နယ်ဟာ လာမယ့် စနေနေ့မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပြီး သူတို့ရဲ့ ပထမဆုံးသော ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်