နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာဆင်နယ်လိုမျိုး အသင်းကို အသွင်သစ် ပြန်ပြောင်းလဲရမယ်လို့ ဆီမြွန်နီ ဝန်ခံ | လာလီဂါ

ဒီယေဂို ဆီမြွန်နီဟာ လာမယ့် ရာသီ အတွက် လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ကို အသေအချာ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။ ဒီအချိန်မှာ သူတို့ဟာ အာဆင်နယ်ရဲ့ မျှတတဲ့ ကစားဟန်ကို အတုယူ အကောင်အထည် ဖော်ချင်နေကြောင်းလည်း ဖွင့်ဟ ဝန်ခံလာခဲ့တာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် အနေနဲ့ လာလီဂါမှာ ပြန်လည် အောင်မြင်ချင်တယ် ဆိုရင် နည်းပြ မီခဲလ် အာတေးတား လက်ထက် အာဆင်နယ် အသင်းရဲ့ ခြေလှမ်းတွေကို အတုယူ လျှောက်လှမ်းရမယ်လို့ ဒီယေဂို ဆီမြွန်နီက ယုံကြည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အခု သီတင်းပတ် အစောပိုင်း ကပဲ နှစ်ပေါင်း ၂၂ အတွင်း ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ါတယ်။ ဒါဟာ စပိန် လူမျိုး နည်းပြ မီခဲလ် အာတေးတားရဲ့ ၇ နှစ်နီးပါး သက်တမ်း အတွင်း ဒုတိယမြောက် အဓိက ဆုဖလားကြီးလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် အက်တလက်တီကို အတွက်တော့ အခု ရာသီဟာ နှမြောစရာကောင်းလောက်အောင် လွဲချော်မှုတွေနဲ့ပဲ ဖြတ်သန်းခဲ့ရပြီး လက်ရှိမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ရာသီပိတ် ပွဲစဉ်မှာ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့ရင်တော့ အဆင့် ၃ နေရာကို ထပ်မံ တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

ဆီမြွန်နီရဲ့ အသင်းဟာ ကိုပါဒယ်ရေး ဗိုလ်လုပွဲမှာ ရီးရဲလ်ဆိုစီဒက်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ရသလို၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာလည်း အာဆင်နယ်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

အက်တလက်တီကိုမှာ နည်းပြချုပ်အဖြစ် ၁၇ နှစ်ကြာ အောင်မြင်မှုတွေ ရယူပေးခဲ့ပြီး လာလီဂါ ဖလား ၂ လုံး ဆွတ်ခူးပေးထားနိုင်ခဲ့တဲ့ ဆီမြွန်နီဟာ အခုရာသီ အပြီးမှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိ မှာတော့ အသင်းနဲ့ အတူ ဆက်ရှိသွားဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းကလိုပဲ အသင်းကို အကြီးအကျယ် ပြုပြင် ပြောင်းလဲမှုတွေ ထပ်မံ ပြုလုပ်သွားမယ်လို့ ဆီမြွန်နီက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တို့မှာ ရည်မှန်းချက် ရှိပါတယ်၊ ရှာဖွေမှုတွေလည်း ရှိနေပါတယ်၊ နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ အသင်းကို အသွင်သစ်နဲ့ ပြန်လည် တည်ဆောက်နေရပါတယ်။ မနှစ်ကဆို ကစားသမား ၈ ယောက်တောင် ထွက်ခွာသွားခဲ့တာပါ။ နီကို ဂွန်ဇာလက်ဇ် ဆိုရင် အချိန်ကပ်ပြီးမှ ရောက်လာခဲ့ပေမယ့် အရမ်းကို စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ်” လို့ ဆီမြွန်နီက သတင်းထောက်တွေကို ပြောပါတယ်။

“အသင်းကို ပိုမိုတိုးတက်လာအောင် လုပ်ဖို့ဆိုတာ အသင်း အတွက် အကောင်းဆုံး ဖြစ်မယ့် အရာကို ရှာဖွေဖို့ပါပဲ။ ကျွန်တော် အမြဲပြောလေ့ရှိသလိုပါပဲ၊ ဒါဟာ ကစားသမားတွေနဲ့ပဲ ဆိုင်တာပါ၊ နည်းပြတွေနဲ့ မဆိုင်ပါဘူး။ ကစားသမားတွေ ပိုတော်လေလေ၊ နည်းပြတွေ ပိုကောင်းလေလေပါပဲ။” လို့ ဆီမြွန်နီက ဆိုပါတယ်။

အက်တလက်တီကိုမှာ နည်းပြချုပ်အဖြစ် ၁၇ နှစ်ကြာ အောင်မြင်မှုတွေ ရယူပေးခဲ့ပြီး လာလီဂါ ဖလား ၂ လုံး ဆွတ်ခူးပေးထားနိုင်ခဲ့တဲ့ ဆီမြွန်နီဟာ အခုရာသီ အပြီးမှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။
အက်တလက်တီကိုမက်ဒရစ်ကို နည်းပြချုပ်အဖြစ် ၁၇ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဒီယေဂို ဆီမြွန်နီ

လာမယ့်ရာသီ အတွက် ဘာတွေလိုအပ်သလဲလို့ ထပ်မံ မေးမြန်းရာ မှာတော့ ဆီမြွန်နီက အာတေးတားရဲ့ အာဆင်နယ်ကို စံပြ အဖြစ် အတုယူသွားမယ်လို့ ပြောဆိုခဲ့တာပါ။ “တိုက်စစ်ပိုင်း မှာတော့ ကျွန်တော်တို့ အများကြီး တိုးတက်လာခဲ့ပါတယ်။ ဝေဖန်မှုတွေ ရှိနေပေမယ့် အသင်းက တိုက်စစ်ဆင်တာ ကောင်းမွန်ပါတယ်။ ဒါကြောင့် ခံစစ်ပိုင်း ကိုတော့ ပိုပြီးတိုးတက်အောင် လုပ်ဖို့ လိုအပ်နေပါတယ်။”

“အာဆင်နယ်ဟာ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်နေတဲ့ အသင်းတွေထဲမှာ ကစားဟန် အမျှတဆုံး အသင်း ဖြစ်တယ် ဆိုတာကို သက်သေပြနေပါတယ်။ ကျွန်တော်တို့ အားလုံး လိုအပ်နေတဲ့ အဲဒီလို ကစားဟန် မျှတမှုကို ကျွန်တော် တို့လည်း ရှာဖွေနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

အက်တလက်တီကိုရဲ့ ၂၀၂၅-၂၆ ရာသီ လာလီဂါ နောက်ဆုံး ပွဲစဉ်ကို Estadio de la Ceramica ကွင်းမှာ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ ဗီလာရီးရဲလ် ကလည်း သူတို့ရဲ့ ကောင်းမွန်တဲ့ ရာသီကို အနိုင်နဲ့ ပိတ်သိမ်းနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲဟာ အကြောင်းပြချက် အမျိုးမျိုးကြောင့် စိတ်လှုပ်ရှားစရာ ကောင်းနေပြီး၊ အန်တွန် ဂရစ်ဇ်မန်း အနေနဲ့ ကမ္ဘာ့ဖလား အပြီး မေဂျာလိဂ်ဆီ မပြောင်းရွှေ့မီ အသင်း အတွက် နောက်ဆုံး ပွဲစဉ်ကို ကစားပေးရတော့မှာ ဖြစ်ပါတယ်။

ဗီလာရီးရဲလ် နည်းပြ မာဆီလီနို ကလည်း အသင်း ကနေ ထွက်ခွာတော့မယ်လို့ အခုလ အစောပိုင်းက ကြေညာထားခဲ့တာကြောင့် ဒါဟာ အဝါရောင် ရေငုပ်သင်္ဘော အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်လာမှာပါ။ အသက် ၆၀ အရွယ် ရှိပြီ ဖြစ်တဲ့ နည်းပြ မာဆီလီနိုဟာ ဗီလာရီးရဲလ်ကို ချန်ပီယံလိဂ် ဝင်ခွင့် နှစ်နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာကြောင့် ရာသီပိတ် ပွဲစဉ်မှာ သူတို့ အသင်း ခက်ခက်ခဲခဲ ကစားရလိမ့်မယ်လို့ ဆီမြွန်နီက ဝန်ခံခဲ့ပါတယ်။

“ဒီပွဲဟာ လာလီဂါမှာ ရာသီတစ်ခုလုံး ဖြတ်သန်းခဲ့ရတာထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့ ရာသီပိတ်နိုင်ဖို့ အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်တယ် ဆိုတာ ရှင်းပါတယ်။

ကျွန်တော်တို့ ဒီရည်မှန်းချက်ကို သိရှိပြီး အမြင့်ဆုံးနေရာ ဖြစ်တဲ့ အဆင့် ၃ နေရာနဲ့ ရာသီပိတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ပြိုင်ဘက် အသင်း ကလည်း နည်းပြ မာဆီလီနိုနဲ့ ပါရီဟို တို့ရဲ့ နှုတ်ဆက်ပွဲဖြစ်တာကြောင့် အကောင်းဆုံး ပုံစံနဲ့ ကြိုးစားလာမှာ သေချာပါတယ်၊ ဒါကြောင့် ကွင်းထဲမှာ ဘာတွေဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်” လို့ ဆီမြွန်နီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်