နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေချင်တယ်” – ဒေးဗစ် မွိုက်စ်

ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်မှာ အဲဗာတန်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟောင်း ဝက်စ်ဟမ်း အနေနဲ့ တန်းမဆင်းရဖို့ အတွက် အဲဗာတန်ရဲ့ အကူအညီကို လိုအပ်နေပါတယ်။

အဲဗာတန် နည်းပြ ဒေးဗစ် မွိုက်စ်က ရာသီပိတ် နောက်ဆုံးရက်မှာ သူ့ရဲ့ အသင်းဟောင်း ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှင်သန်ခွင့် ရအောင် ကူညီပေးချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ မွိုက်စ်ရဲ့ အဲဗာတန်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ စပါးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ ဝက်စ်ဟမ်း အနေနဲ့ တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ ဆိုရင် သူတို့ ကိုယ်တိုင်က လိဒ်စ်ယူနိုက်တက်ကို အနိုင်ကစားဖို့ လိုနေတဲ့ အပြင်၊ စပါး ကလည်း အဲဗာတန်ကို ရှုံးနိမ့်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

မှတ်တမ်းတွေအရ အဲဗာတန် အသင်းဟာ စပါးကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် အဝေးကွင်း ၁၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ ဒါ့အပြင် နောက်ဆုံး ၄ ပွဲ ဆက်တိုက် ကိုလည်း စုစုပေါင်း ရလဒ် ၁၃-၁ ဂိုး ဆိုတဲ့ ဂိုးပြတ် ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက် မှာတော့ စပါး အသင်းဟာ သူတို့ရဲ့ အိမ်ကွင်း နောက်ဆုံး ၁၀ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။ ဒါဟာ ၁၉၉၃ ခုနှစ် အောက်တိုဘာ ကနေ ၁၉၉၄ ခုနှစ် ဧပြီလ အထိ ၁၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ စံချိန် ပြီးရင် သူတို့ ကလပ်သမိုင်းတစ်လျှောက် ဒုတိယမြောက် အရှည်ကြာဆုံး အိမ်ကွင်း နိုင်ပွဲ ပျောက်ဆုံးနေမှု ဖြစ်ပါတယ်။

ဒေးဗစ် မွိုက်စ် ကတော့ နောက်ဆုံး ပွဲမတိုင်ခင် အခုလိုပဲ ပြောပါတယ်။ “ကျွန်တော် လုပ်နိုင်မယ် ဆိုရင် ဝက်စ်ဟမ်းကို ဒီလိဂ်ထဲမှာပဲ ဆက်ပြီး ရှိနေစေချင်တာပေါ့ဗျာ။ ဒါပေမယ့် ပိုပြီး အရေးကြီးတာက ကျွန်တော့်ရဲ့ အဲဗာတန် အသင်း အမှတ်ပေးဇယား အဆင့် ၁၀ အတွင်းနဲ့ ရာသီပိတ်နိုင်ဖို့နဲ့ လိဂ်ရပ်တည်မှု အရ ကလပ် အသင်း အတွက် နောက်ထပ် ပေါင် သန်းပေါင်း များစွာ ပိုရဖို့က ပိုအရေးကြီးပါတယ်။” လို့ မွိုက်စ်က ဆိုပါတယ်။

အဲဗာတန် နည်းပြ ဒေးဗစ် မွိုက်စ်က ရာသီပိတ် နောက်ဆုံးရက်မှာ သူ့ရဲ့ အသင်းဟောင်း ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှင်သန်ခွင့် ရအောင် ကူညီပေးချင်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
တန်းမဆင်းရရေး အပြိုင်အဆိုင် ဖြစ်နေတဲ့ စပါးနဲ့ ဝက်စ်ဟမ်း

အဲဗာတန်ဟာ ရာသီပိတ်ပွဲ မတိုင်ခင် လက်ရှိမှာ အဆင့် ၁၂ နေရာမှာ ရှိနေပြီး၊ ပိုမို ကောင်းမွန်တဲ့ အဆင့် တစ်ခုနဲ့ ရာသီပိတ်နိုင်ရင် ရရှိလာမယ့် ဆုကြေးငွေတွေကို ဂျက် ဂရီးလစ်ရှ်ကို အပြီးသတ်စာချုပ်နဲ့ ခေါ်ယူမယ့် နေရာမှာ အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး ကနေ အဲဗာတန်ကို အငှားနဲ့ လာရောက် ကစားနေတဲ့ ဂရီးလစ်ရှ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဲဗာတန် အတွက် ၂ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆ ကြိမ်နဲ့ စုစုပေါင်း ဂိုး ၈ ဂိုးမှာ တိုက်ရိုက် ပါဝင်ပတ်သက်ထားခဲ့ပေမယ့် ဇန်နဝါရီလ ကတည်းက ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် တို့မှာ အစီအစဉ် အချို့ ရှိထားပါတယ်။ ဘဏ္ဍာရေး ကတော့ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေမှာ ဖြစ်လို့ ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး လမ်းကြောင်းရှာပြီး ဖြေရှင်းသွားရမှာပါ။ ကျွန်တော်တို့ ဂျက် (ဂရီးလစ်ရှ်) ကို အရမ်းသဘောကျတာ အမှန်ပါပဲ။ သူ ဒဏ်ရာရ ကတည်းက ကျွန်တော်တို့ သူ့ကို အမြဲတမ်း ဂရုတစိုက် စောင့်ရှောက်ပေးခဲ့ပါတယ်။ အခုတော့ အခြေအနေက တော်တော်လေး ကောင်းမွန်နေပါပြီ၊ ခွဲစိတ်ဆရာဝန် ကလည်း အခြေအနေ အရမ်းကောင်းပြီး ဒဏ်ရာက ကောင်းကောင်းမွန်မွန် ပြန်လည် သက်သာလာနေပြီလို့ ပြောပါတယ်။ ပုံမှန်ဆိုရင်တော့ အငှားကစားသမား တစ်ယောက်ဟာ ဒဏ်ရာရရင် သူ့ရဲ့ မိခင် ကလပ်ဆီ ပြန်သွားပြီး ကုသစောင့်ရှောက်မှု ခံယူရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ကတော့ ဂျက် အတွက် အကောင်းဆုံး ဆက်လုပ်ပေးသွားမှာပါ။”

“သူ့ကို အသင်းတွင်းမှာရော အသင်းပြင်ပမှာပါ လူတိုင်းက တကယ့်ကို ချစ်ခင်ကြပါတယ်။ ဒါပေမယ့် အဆုံးသတ် မှာတော့ သူက ကျွန်တော်တို့ ကစားသမား မဟုတ်ပါဘူး၊ မန်စီးတီးရဲ့ ကစားသမားပါ။ ကျွန်တော်တို့ သူ့ကို တစ်နှစ် အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး သူအသင်းမှာ ရှိနေခဲ့တဲ့ အတွက် တကယ့်ကို ပျော်ရွှင်ခဲ့ရပါတယ်လို့ ပြောချင်ပါတယ်။” လို့ မွိုက်စ်က ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်