ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးရဲ့ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ရေး တိုက်ပွဲဟာ ရာသီပိတ် နောက်ဆုံး ပွဲစဉ် အထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဒီအချိန်မှာ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်က အသင်း အတွက် အရာအားလုံးကို ပေးဆပ်ကစားကြဖို့” သူ့ရဲ့ စပါး အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။
ဒီပွဲရဲ့ ပွဲချိန် ၆၇ မိနစ်မှာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ရဲ့ အဝေးကန်ချက်နဲ့ အတူ အန်ဒရီ ဆန်းတို့စ်ရဲ့ သပ်ရပ် လှပတဲ့ ပိတ်သွင်းချက်တွေကြောင့် စပါးတို့ နှစ်ဂိုးပြတ် အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရစ်ချာလီဆန်က စပါး အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပေမယ့် နည်းပြ ရော်ဘတ်တို ဒီဇာဘီရဲ့ အသင်း အနေနဲ့ သရေ တစ်မှတ် ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အမှန်တကယ်တော့ ဒီပွဲမှာ သရေတစ်မှတ် ရရုံနဲ့ စပါးတို့ နောက်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားမှာ ဖြစ်ပါတယ်။
အခုတော့ သူတို့ အနေနဲ့ ၂၀၂၆-၂၀၂၇ ရာသီမှာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ သေချာချင်ရင် လာမယ့် အဲဗာတန်နဲ့ ပွဲမှာ မဖြစ်မနေ အနိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမယ့် ဝက်စ်ဟမ်း အသင်းထက် ဂိုးကွာခြားချက် အပြတ်အသတ် သာလွန်နေတာကြောင့် စပါးတို့ အတွက် သရေ ၁ မှတ် ရရင်လည်း လုံလောက်တဲ့ အနေအထားမှာ ရှိနေပါတယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ စပါး အသင်း တန်းဆင်းရမှု ကနေ လွတ်မြောက်ဖို့ အခွင့်အရေး ၈၆.၇ ရာခိုင်နှုန်း အထိ ရှိနေပြီး၊ နည်းပြ နူနို အက်စပီရီတို ဆန်တိုရဲ့ ဝက်စ်ဟမ်း ကတော့ ၁၃.၃ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိနေတယ်လို့ တွက်ချက်ထားပါတယ်။
မက်ဒီဆင်က Sky Sports နဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့ အသင်း အတွက်၊ အသင်း တံဆိပ် အတွက်၊ ပရိသတ်တွေ အတွက် အရာအားလုံးကို ပေးဆပ်ရပါမယ်။ ကျွန်တော်တို့ အခုလို အခြေအနေမျိုး ရောက်နေတာ နည်းနည်းတော့ ရှက်ဖို့ ကောင်းပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
“ဒီည ပွဲမှာ အံ့ဩစရာကောင်းလောက်အောင် အားပေးခဲ့ကြတဲ့ ကျွန်တော်တို့ ပရိသတ်တွေရဲ့ အကူအညီကို ရှေ့ပွဲမှာ ထပ်လိုပါလိမ့်မယ်။ ကျွန်တော်တို့ အသင်းရဲ့ အဝေးကွင်း လိုက်လံ အားပေးတဲ့ ပရိသတ်တွေဟာ ဒီလိဂ်မှာ အကောင်းဆုံးလို့ ထင်ပါတယ်။ ဒီတိုက်ပွဲမှာ ဘယ်လို ရလဒ်မျိုးမဆို ကျွန်တော်တို့ အတွက် အများကြီး အကျိုးရှိမယ် ဆိုတာ သိထားပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖြစ်မလာခဲ့ပါဘူး။ နောက်ဆုံး မိနစ် ၂၀ မှာ ကျွန်တော်တို့ အစွမ်းကုန် ရုန်းကန်ခဲ့ပါတယ်။ တကယ်တော့ ဒီပွဲဟာ မျှတတဲ့ ပွဲတစ်ပွဲ ဖြစ်ပြီး သူတို့ဘက်ကလည်း အခွင့်အရေး အများကြီး ရခဲ့တာ မမှတ်မိပါဘူး။” လို့ မက်ဒီဆင်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
စပါးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ချဲလ်ဆီးကို ၃၉ ပွဲမြောက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် (ပွဲ ၄၀ ရှုံး) တစ်သင်းတည်း ကိုပဲ ဒီထက်ပိုပြီး ရှုံးနိမ့်ဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ မျှော်လင့်ခဲ့တဲ့ သရေတစ်မှတ် မရခဲ့တာဟာ ကံဆိုးလွန်းတယ်လို့ပဲ ဆိုရမှာပါ။ စပါးဟာ ကန်သွင်းခွင့် ၉ ကြိမ် ကနေ မျှော်မှန်းဂိုး (xG) ၁.၇၂ အထိ ရရှိခဲ့ပြီး ချဲလ်ဆီး ကတော့ တူညီတဲ့ ကန်သွင်းခွင့် ၉ ကြိမ် ကနေ မျှော်မှန်းဂိုး ၀.၆၃ သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပြ ဒီဇာဘီ အနေနဲ့ လာမယ့် ပွဲမှာ စပါးကို တန်းဆင်းဇုန် အန္တရာယ် ကနေ ကယ်တင်ဖို့ အတွက် ရစ်ချာလီဆန် ကိုပဲ ထပ်မံအားကိုးရဖို့ ရှိနေပါတယ်။ တိုက်ဆိုင်တာ ကတော့ ရစ်ချာလီဆန်ဟာ ၂၀၂၂ ခုနှစ်တုန်းက သူ့ရဲ့ အသင်းဟောင်း အဲဗာတန်ကို တန်းမဆင်းရအောင် ကယ်တင်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ရစ်ချာလီဆန်ဟာ ချဲလ်ဆီးနဲ့ ပွဲက သွင်းဂိုးကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး ၇၅ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘရာဇီးလ် ကစားသမားတွေထဲမှာ လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ရော်ဘတ်တို ဖေမီနို (၈၂ ဂိုး) နဲ့ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ် (၇၈ ဂိုး) တို့ ပြီးရင် တတိယမြောက် ဂိုးအများဆုံး သွင်းယူထားနိုင်သူ ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုး၊ ဂိုးဖန်တီးမှု ၄ ကြိမ်နဲ့ အတူ စုစုပေါင်း သွင်းဂိုး ၁၅ ဂိုးမှာ ပါဝင် ပတ်သက်ထားနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၉-၂၀ ရာသီတုန်းက အဲဗာတန် အတွက် (၁၆ ဂိုး) ပါဝင်ပတ်သက်ခဲ့ဖူးတာက လွဲရင် ဒါဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ အကောင်းဆုံး ရာသီ တစ်ခုလည်း ဖြစ်ပါတယ်။ စပါး နည်းပြ ဒီဇာဘီ ကလည်း ပွဲအပြီး သုံးသပ်ချက်မှာ မက်ဒီဆင်ရဲ့ အမြင်ကို ထောက်ခံခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်က ခြေစွမ်းကြောင့် ရှေ့ပွဲ အတွက် အကောင်းမြင်စိတ် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ မက်သီ တဲလ်ရဲ့ ကန်ချက်နဲ့ အတူ ပထမဆုံး ဂိုးသွင်းခွင့် ရခဲ့ပေမယ့် ရောဘတ် ဆန်းချက်ဇ်က အကောင်းဆုံး ကာကွယ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖာနန်ဒက်စ်လို ကစားသမားကောင်း တစ်ယောက်ရဲ့ ကောင်းမွန်တဲ့ ကန်ချက်ကြောင့် ကျွန်တော်တို့ ဂိုးပေးလိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက် ပိုပြီး ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ အဲဒီနောက် ဒုတိယဂိုး မပေးရခင်အထိ ကျွန်တော်တို့ ပွဲထဲမှာ ရှိနေခဲ့ပေမယ့် မိုက်မဲတဲ့ ဘောလုံး အမှားတစ်ခုကြောင့် ဒုတိယဂိုး ထပ်ပေးလိုက်ရတယ်။ ဒါပေမယ့် အဲဒီဂိုး မတိုင်ခင် ရစ်ချာလီဆန်နဲ့ အတူ အခွင့်အရေး အကြီးကြီး တစ်ကြိမ် ရခဲ့ပါသေးတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတာပါ” လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။
နောက်ဆုံး မှာတော့ “ဒါပေမယ့် အခုအချိန်က ဒီပွဲအကြောင်းကိုပဲ အများကြီး တွေးနေရမယ့်အချိန် မဟုတ်ပါဘူး။ နောက်ပွဲ အတွက် ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့ ကွင်း၊ ကျွန်တော်တို့ ပရိသတ်တွေ ရှေ့မှာ ကစားရမှာပါ။ ကျွန်တော် တို့ရဲ့ အရည်အသွေးတွေ၊ စိတ်ဓာတ်တွေ၊ ဂုဏ်သိက္ခာနဲ့ သတ္တိတွေကို အသုံးချပြီး ကစားရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တာကြောင့် ရှေ့ပွဲအတွက် အကောင်းမြင် မျှော်လင့်ချက် အပြည့် ရှိပါတယ်။” လို့ ဒီဇာဘီက ထပ်လောင်း ပြောကြားသွားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


