နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်ဖို့ ချဲလ်ဆီးနဲ့ ပွဲမှာ တော့တင်ဟမ်ဟော့စပါးတို့ ဘာတွေ လိုအပ်မလဲ

ဝက်စ်ဟမ်းက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ လက်တစ်ကမ်း အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲဟာ တော့တင်ဟမ် ပရိသတ် အများစုကို “ တန်းဆင်းရနိုင်ခြေ ရှိတယ်” ဆိုတဲ့ အသိ ဝင်လာစေခဲ့ပြီး ဒါဟာ ဟာသလုပ်ပြီး ရယ်မောရမယ့်ကိစ္စ မဟုတ်တော့ကြောင်း သဘောပေါက်သွားစေခဲ့ပါတယ်။

သောမက်စ် ဖရန့်ခ် ကိုင်တွယ်စဉ် ကာလ အတွင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခန့်မှန်းခဲ့သူ နည်းပါးခဲ့ပါတယ်။ ဒါပေမယ့်လည်း အီဂေါ တူဒေါ လက်ထက် မှာတော့ အခြေအနေတွေက ဆိုးသထက် ဆိုးရွားသွားခဲ့ပါတယ်။ ခရိုအေးရှား လူမျိုး နည်းပြရဲ့ ထူးခြား ဆိုးရွားလှတဲ့ ၄၄ ရက်တာ သက်တမ်းဟာ လီလီဝှိုက်စ် တို့ကို တန်းဆင်းဇုန်ရဲ့ အထက် ၁ မှတ်အကွာ အဆင့် ၁၇ နေရာ အထိ ရောက်ရှိသွားစေခဲ့ပါတယ်။ ဧပြီလ အစောပိုင်းမှာ ဝုဗ်ကို ဝက်စ်ဟမ်းက ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီးနောက်၊ နည်းပြသစ် ရော်ဘတ်တို ဒီဇာဘီရဲ့ ပထမဆုံး ပွဲစဉ် မတိုင်ခင် ၄၈ နာရီ အလို မှာတင် တော့တင်ဟမ်ဟော့စပါး တို့ဟာ ဆယ်စုနှစ် တစ်ခု အတွင်း ပထမဆုံးအကြိမ်အဖြစ် တန်းဆင်းဇုန်ထဲကို ကျဆင်းသွားခဲ့ပါတယ်။

အီတလီ လူမျိုး နည်းပြ ဒီဇာဘီရဲ့ ဆန်းဒါးလန်းနဲ့ ကစားခဲ့တဲ့ ပွဲဦးထွက်မှာ တိုးတက်မှု လက္ခဏာတွေ သိပ်မတွေ့ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေ မှာတော့ ဒီဇာဘီရဲ့ လမ်းညွှန်မှု အောက်မှာ တော့တင်ဟမ်ဟော့စပါးတို့ သိသိသာသာ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ နောက်ဆုံး ၄ ပွဲမှာ ၈ မှတ် အထိ ရရှိခဲ့တာကြောင့် မြောက်လန်ဒန် ကလပ်ဟာ တန်းတင် ကျန်ရစ်ဖို့ လက်တစ်ကမ်း အလိုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး အရင်က ကြောက်ရွံ့ခဲ့ရတဲ့ ချဲလ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ချ် ခရီးစဉ် ကလည်း ဒီဇာဘီနဲ့ အသင်းသားတွေ အတွက် အရင်လောက် စိုးရိမ်စရာ မရှိတော့ပါဘူး။

အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးထားတဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရချိန်မှာ စပါးတို့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေခွင့်ရအောင် ဘယ်လို ရလဒ်တွေ လိုအပ်နေလဲ ဆိုတာကို ဆက်ကြည့်ရအောင်ပါ။

 

အကယ်၍ တော့တင်ဟမ်ဟော့စပါးတို့ ချဲလ်ဆီးကို အနိုင်ရရှိခဲ့ရင်…

အနောက် လန်ဒန်မှာ အနိုင်ရဖို့က တော့တင်ဟမ်ဟော့စပါး အတွက် အသက်တမျှ မလိုလားအပ်ဘူး ဆိုပေမယ့် အနိုင်ရခဲ့ရင်တော့ ဒါဟာ ထူးခြားတဲ့ အောင်ပွဲ တစ်ခု ဖြစ်လာပါလိမ့်မယ်။ အကြောင်းရင်း ကတော့ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ဖူးပါတယ်။ အဲဒီ ပွဲက ၂၀၁၈ ခုနှစ် ဧပြီလတုန်းက ဒယ်လီ အယ်လီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲပဲ ဖြစ်ပါတယ်။

ဒီပွဲ မှာသာ အနိုင်ရခဲ့ရင် တော့တင်ဟမ်ဟော့စပါးဟာ ၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေမှာကို အပြီးသတ် အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ အကြောင်း ကတော့ ပွဲစဉ် ၁ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဝက်စ်ဟမ်း အသင်းထက် ၅ မှတ် အထိ ဖြတ်ထားနိုင်မှာ ဖြစ်လို့ပါ။ တစ်ဖက် မှာလည်း ချဲလ်ဆီး ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေတာဟာ လုံးဝ ပျောက်ဆုံးသွားပါလိမ့်မယ်။

 

တော့တင်ဟမ်ဟော့စပါး ချဲလ်ဆီးနဲ့ သရေကျခဲ့ရင်…

အကြောင်းရင်း ကတော့ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ဖူးပါတယ်။
ချဲလ်ဆီးနဲ့ အဝေးကွင်းမှာ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်တဲ့ စပါး

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၁ မှတ် ရရှိခဲ့ရင်တောင် တော့တင်ဟမ်ဟော့စပါး အတွက် အဖိုးတန် ရလဒ် ဖြစ်လာမှာ ဖြစ်ပြီး သင်္ချာနည်းအရ ရာနှုန်းပြည့် မသေချာသေးရင်တောင် တန်းတင် ကျန်ရစ်ဖို့ လုံလောက်သွားနိုင်ပါတယ်။ သူတို့ဟာ နောက်ဆုံး ပွဲစဉ် မတိုင်ခင် ဝက်စ်ဟမ်းထက် ၃ မှတ် အသာရသွားမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အနေနဲ့ တော့တင်ဟမ်ဟော့စပါးကို ကျော်တက်ချင်ရင် ဂိုးကွာခြားချက် ၁၃ ဂိုး အထိ အသာရအောင် ကစားရမှာ ဖြစ်လို့ ဒါက မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်လည်း Opta စူပါကွန်ပျူတာက တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်ဖို့ သေချာသလောက် ရှိပြီလို့ တွက်ချက်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လောက်ပဲ ရုန်းကန် ရုန်းကန်၊ ကစားပုံ ဘယ်လောက်ပဲ ဆိုးဆိုး သရေ ၁ မှတ် ရရှိခဲ့ရင်တောင် ဧည့်သည် တော့တင်ဟမ်ဟော့စပါး အတွက်တော့ အလွန်ကြီးမားတဲ့ ရလဒ် ဖြစ်လာပါလိမ့်မယ်။

 

တော့တင်ဟမ်ဟော့စပါး ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ရင်…

ဝက်စ်ဟမ်းရဲ့ ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်မှုတွေကြောင့် တော့တင်ဟမ်ဟော့စပါး အနေနဲ့ တန်းဆင်းဇုန် ကနေ လွတ်မြောက်ဖို့ အခွင့်အရေး အများကြီး ပိုကောင်းလာခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်ဟော့စပါး ပရိသတ်တိုင်းရဲ့ ရင်ထဲမှာ အမြဲရှိနေတတ်တဲ့ အတွင်းစိတ် သံသယတွေကြောင့် ရာနှုန်းပြည့် မသေချာမချင်းတော့ ဘယ်သူမှ စိတ်မအေးနိုင်ကြသေးပါဘူး။ အားလုံးက မပြီးသေးပါဘူး။

ဒါ့အပြင် အရင်က အခုထက် အများကြီး ပိုမို တောင့်တင်းခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး အသင်းတွေတောင် စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်ရင် ခြေစွမ်းပျက်ပြီး ရလဒ် ဆိုးခဲ့ပါတယ်။ ဒီကွင်းဟာ တော့တင်ဟမ်ဟော့စပါး အသင်း အဆက်ဆက် သင်္ချိုင်းမြေလို ဖြစ်ခဲ့တာကြောင့် လက်ရှိ ချဲလ်ဆီးတို့ ခြေစွမ်း မတည်မငြိမ် ဖြစ်နေတာကတောင် တော့တင်ဟမ်ဟော့စပါး ပရိသတ်တွေကို ပိုပြီး စိုးရိမ်စိတ် ဝင်စေပါလိမ့်မယ်။

ဝက်စ်ဟမ်း အထက်မှာ အမှတ်အသာစီး ရထားတာက ဖိအားကို လျော့ကျစေတာ အမှန် ဖြစ်ပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ထပ်မံ ရှုံးနိမ့်ခဲ့ရင်တော့ တန်းဆင်းဇုန် တိုက်ပွဲက နောက်ဆုံး ပွဲစဉ် အထိ ရင်တမမ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် တော့တင်ဟမ်ဟော့စပါး အနေနဲ့ နောက် ဆုံးပွဲမှာ ခြေကျနေတဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ အနည်းဆုံး ၁ မှတ်ရအောင် ကစားရမှာ ဖြစ်သလို၊ တစ်ဖက် မှာလည်း ဝက်စ်ဟမ်းက လန်ဒန်စတေဒီယမ်မှာ တောင့်တင်းတဲ့ လိဒ်စ်ယူနိုက်တက်ကို အနိုင်မရပါစေနဲ့လို့ ဆုတောင်းရမယ့် အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်