နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ကျွန်တော်တို့ တကယ့်ကို အရေးပါတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့တာပါ” – လော်တာရို မာတီနက်ဇ် | စီးရီးအေ

အင်တာမီလန် ကတော့ ပြီးခဲ့တဲ့ ရာသီက စိတ်ပျက်စရာ အခြေအနေတွေကို ကျော်ဖြတ်ပြီး ဒီရာသီ မှာတော့ စီးရီးအေနဲ့ ကိုပါအီတာလီယာ ဖလား တို့ကို အရယူကာ ပြည်တွင်း ဖလား နှစ်လုံး တပြိုင်နက် ရယူနိုင်ခဲ့ပါတယ်။

စီးရီးအေ ချန်ပီယံ အင်တာမီလန်ဟာ ကြားရက်က ကိုပါအီတလီယာဖလား ကိုပါ ထပ်မံ ဆွတ်ခူးပြီး ပြည်တွင်း ဖလား နှစ်လုံး ပြိုင်တူ ရရှိခဲ့ပြီးနောက် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က “တကယ့်ကို အရေးပါပြီး အဓိပ္ပာယ်ရှိတဲ့ ရာသီ တစ်ခု” အဖြစ် ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

နီရာဇူရီ တို့ဟာ အခုလို ပြည်တွင်းဖလား နှစ်လုံး အောင်မြင်မှုကို ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ တုန်း ကတော့ လက်ရှိ အသင်းရဲ့ နည်းပြ ဖြစ်သူ ခရစ္စတီယန် ချီဗူး ကိုယ်တိုင် ကစားသမား တစ်ယောက် အနေနဲ့ ပါဝင်ခဲ့ပြီး နည်းပြ ဟိုဆေး မော်ရင်ညိုရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဖလား အပါအဝင် ဖလားသုံးလုံး (Treble) ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ စီးရီးအေ ချန်ပီယံဆုကို အေးအေးလူလူ အရယူနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲ မှာလည်း လော်တာရို မာတီနက်ဇ်နဲ့ မားကပ်စ် သူရမ် တို့ရဲ့ ဂိုးတွေကြောင့် လာဇီယိုကို ၂-၀ နဲ့ အနိုင်ရပြီး ဖလား ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အင်တာမီလန် အတွက် အဆိုပါ ပြိုင်ပွဲမှာ (၁၀) ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်ပြီး သူတို့ထက် ဖလား ပိုရထားတာဆိုလို့ ဂျုဗင်တပ်စ် (၁၅ ကြိမ်) တစ်သင်းတည်းသာ ရှိပါတော့တယ်။ ဒါ့အပြင် အင်တာမီလန်ဟာ သူတို့ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲ ၅ ခုစလုံး မှာလည်း ရာနှုန်းပြည့် အနိုင်ရ ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီတုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့သလို၊ စီးရီးအေ မှာလည်း ဒုတိယနဲ့သာ ကျေနပ်ခဲ့ရလို့ လက်ဗလာနဲ့ ရာသီသိမ်းခဲ့ရတဲ့ အင်တာမီလန် အတွက် အခုလို အောင်မြင်မှုတွေ ပြန်ရလာတာဟာ တကယ့်ကို ထူးခြားလေးနက်ကြောင်း မာတီနက်ဇ်က အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အတွက်တော့ ဒါဟာ တကယ့်ကို အရေးကြီးပြီး အဓိပ္ပာယ်ရှိတဲ့ အောင်ပွဲတစ်ခုပါ။ ကစားဟန်၊ ပြင်းထန်မှု၊ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေ အားလုံးမှာ တကယ့်ကို အရေးပါလှတဲ့ ရာသီ တစ်ခုကို ကျွန်တော်တို့ ပေါင်းစပ် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနှစ်ကို ဆုဖလား နှစ်လုံးနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ အတွက် ကျွန်တော် တကယ်ပဲ ဝမ်းသာပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် တကယ့်ကို အရေးကြီးပါတယ်။”

“မကြာသေးခင်နှစ်တွေ အတွင်း ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာရာတိုင်းကြောင့် အင်တာမီလန် အသင်း အကြောင်း ပြောဆို ငြင်းခုံစရာတွေ အမြဲတမ်း အများကြီး ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဆုဖလားတွေ ဆက်လက် ဆွတ်ခူးနိုင်ဖို့ အတွက် ကျွန်တော်တို့ ဒီလမ်းကြောင်း အတိုင်းပဲ ဆက်သွားရပါမယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ ကျွန်တော်တို့ လိုလားတဲ့ အရာမို့လို့ပါ။ ဒီရာသီမှာ ကျွန်တော်တို့ ဖလား နှစ်လုံး ရရှိခဲ့ပြီ ဖြစ်လို့ တကယ့်ကိုပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။” လို့ လော်တာရို မာတီနက်ဇ်က ဆိုပါတယ်။

တစ်ဖက်က ဗီရိုနာ ကတော့ ဒီရာသီ စီးရီးအေ ပြိုင်ပွဲရဲ့ ၁၉ ပွဲအထိ ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။
ပြည်တွင်း ဖလား ၂ လုံး ချန်ပီယံ အဖြစ် အဆုံးသတ်နိုင်ခဲ့တဲ့ အင်တာမီလန်

အမှတ်ရစရာ ရာသီ တစ်ခုကို ဖြတ်သန်းနေတဲ့ အင်တာမီလန် အသင်းရဲ့ ရာသီပိတ် အိမ်ကွင်း နောက်ဆုံး ပွဲစဉ် ကတော့ စီးရီးဘီကို တန်းဆင်းသွားရဖို့ သေချာသွားပြီ ဖြစ်တဲ့ အဆင့် (၁၉) နေရာက ဟဲလက်စ်ဗီရိုနာနဲ့ ကစားရမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ အင်တာမီလန်ဟာ ဗီရိုနာနဲ့ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး စီးရီးအေ ၂၉ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိစံချိန် (၂၄ ပွဲနိုင်၊ ၅ ပွဲသရေ) ကို ပိုင်ဆိုင်ထားပါတယ်။ စီးရီးအေ သမိုင်းတစ်လျှောက်မှာ အင်တာမီလန် အနေနဲ့ ဒီထက်ပိုပြီး ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာဆိုလို့ ဆမ်ဒိုးရီးယား တစ်သင်းတည်းနဲ့သာ ရှိခဲ့ဖူးပါတယ်။

နီရာဇူရီတို့ဟာ ဆန်စီရိုမှာ ဗီရိုနာနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၈ ပွဲစလုံး ကိုလည်း ရာနှုန်းပြည့် အနိုင်ရရှိထားပါတယ်။ အင်တာမီလန်ဟာ ဗီရိုနာနဲ့ မကစားခင် စီးရီးအေ အမှတ်ပေးဇယားမှာ ရမှတ် ကွာဟချက် အနည်းဆုံး ၆၅ မှတ် အထိ ကွာဟနေတာကြောင့် ဒါဟာ ဒီနှစ်သင်း အကြား ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ရမှတ် ကွာဟချက် စံချိန် အသစ်လည်း ဖြစ်လာခဲ့ပါတယ်။

နည်းပြ ချီဗူးရဲ့ အသင်းဟာ ဒီရာသီ စီးရီးအေ ပွဲစဉ် ၂၆ ပွဲမှာ အနည်းဆုံး ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ပွဲ တစ်ပွဲကို ၃ မှတ် ပေးတဲ့စနစ် (၁၉၉၄-၉၅ ရာသီ) စတင်ခဲ့ပြီး နောက်ပိုင်း အင်တာမီလန် အနေနဲ့ ဒီထက် ပိုမိုကောင်းမွန်ခဲ့တဲ့ ရာသီတွေ ကတော့ ၂၀၀၆-၀၇ နဲ့ ၂၀၂၃-၂၄ ရာသီတွေသာ ရှိခဲ့ဖူးပါတယ်။

တစ်ဖက်က ဗီရိုနာ ကတော့ ဒီရာသီ စီးရီးအေ ပြိုင်ပွဲရဲ့ ၁၉ ပွဲအထိ ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ သူတို့ရဲ့ သမိုင်းတစ်လျှောက် ထိပ်တန်းလိဂ် ရာသီ တစ်ခု အတွင်း အခုထက်ပိုပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့ ရာသီဆိုလို့ ၁၉၈၈-၈၉ ရာသီသာ ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်