နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဗယ်လ်ဗာဒီကို စိတ်ဝင်စားကြောင်း ပြသထားတဲ့ ယူနိုက်တက်၊ လီဝမ်ဒေါစကီး နေရာမှာ ဂျေဇုစ်နဲ့ အစားမယ့် ဘာစီလိုနာ | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဖက်ဒီရီကို ဗယ်လ်ဗာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပြသခဲ့ပါတယ်။ ဘာနေဗျူးကွင်းရဲ့ နောက်ကွယ်က အခြေအနေ တချို့ကြောင့် ဗယ်လ်ဗာဒီ အနေနဲ့ အပြောင်းအရွှေ့စာရင်းထဲ ပါဝင်လာနိုင်မလား ဆိုတာကို ယူနိုက်တက်က မျှော်လင့် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ 

မန်ချက်စတာစီးတီးဟာ ကွင်းလယ်လူ မက်တေယို ကိုဗာချစ်ကို လာမယ့် နွေရာသီမှာ အပြောင်းအရွှေ့ဈေးကွက် တင်သွားမှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း) ကျော်ရရင် လက်ခံသွားမှာ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အေစီမီလန်၊ အင်တာမီလန်တို့ အပြင် တူရကီနဲ့ ဆော်ဒီအာရေဗျက ကလပ် အသင်းတွေကပါ စိတ်ဝင်စားနေကြပါတယ်။ 

တစ်ဖက် မှာလည်း ရီးရဲလ်မက်ဒရစ်ဟာ နည်းပြ ဂျိုဆေး မော်ရင်ဟိုရဲ့ တောင်းဆိုချက်အရ မန်စီးတီးရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူနိုင်ဖို့ အတတ်နိုင်ဆုံး အားသွန်ခွန်စိုက် ကြိုးပမ်းနေကြောင်း သိရပါတယ်။ 

အာဆင်နယ်ဟာ တူရင်မြေမှာ စာချုပ်သက်တမ်း နောက်ဆုံးလပိုင်းတွေထဲကို ချဉ်းကပ်လာနေပြီ ဖြစ်တဲ့ ဂျုဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ အသင်းတွေ ထဲမှာ ပါဝင်နေပါတယ်။ 

စပါး အနေနဲ့ ဒီရာသီမှာ တန်းမဆင်းရအောင် ရုန်းကန်နိုင်ခဲ့ရင်တောင်မှ အသင်းရဲ့ အဓိက နောက်ခံလူ ခရစ္စတီယန် ရိုမီရိုကို သေချာပေါက် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးသမား ဂူဂလီရယ်မို ဗီကာရီယို လည်း အသင်းကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။

မိုနာကို ကွင်းလယ်လူ လာမင်း ကာမာရာကို ခေါ်ယူမယ့် အပြောင်းအရွှေ့ ပြိုင်ပွဲမှာ နယူးကာဆယ်နဲ့ လစ်ဗာပူးလ် အသင်း တို့က ထိပ်ဆုံးကနေ ဦးဆောင်နေကြပါတယ်။

ပရီးမီးယားလိဂ် ကလပ် ဘက်ကလည်း ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း (ပေါင် ၃၉ သန်း) ဝန်းကျင်ရရင် ဂျေဇုစ်ကို ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။
တိုက်စစ်သစ် ခေါ်ယူဖို့ ရှိနေတဲ့ လာလီဂါ ကလပ် ဘာစီလိုနာ

ကလပ် ဘရုဂေးရဲ့ တောင်ပံ ကစားသမား ခရစ္စတော့စ် ဇိုးလစ်ကို အက်စတွန်ဗီလာ၊ ယူနိုက်တက်နဲ့ ဂျုဗင်တပ်စ် တို့က စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဂရိ လက်ရွေးစင်ကို လိုချင်ရင် ကလပ် အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၃၆ သန်း (ပေါင် ၃၁ သန်း) ကျော် ပေးချေရမယ်လို့ ကလပ် ဘရုဂေး ဘက်က သတိပေးထားပါတယ်။ 

ဘုန်းမောက်ဟာ သူတို့ရဲ့ တိုက်စစ်မှူး အီလီ ဂျူနီယာ ခရူပီသာ အသင်း ကနေ ထွက်ခွာသွားခဲ့ရင် ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ်မှူး ပါဘလိုကို ခေါ်ယူဖို့ လှုပ်ရှားလာနိုင်ပါတယ်။ ဇန်နဝါရီကမှ ဝက်စ်ဟမ်းကို ရောက်ရှိခဲ့တဲ့ အဆိုပါ တိုက်စစ်မှူးကို ဘရန့်ဖို့ဒ် အသင်း ကလည်း ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ 

ဝါရင့်တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး အသင်း ကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီးနောက် ဘာစီလိုနာဟာ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇုစ်ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ် ဘက်ကလည်း ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း (ပေါင် ၃၉ သန်း) ဝန်းကျင်ရရင် ဂျေဇုစ်ကို ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။ 

လီဝမ်ဒေါစကီးရဲ့ နေရာကို အစားထိုးဖို့ ဘာဆာရဲ့ ထိပ်တန်း ပစ်မှတ်တွေ ကတော့ ဟူလီယန် အဲလ်ဗာရက်ဇ်နဲ့ ယာအို ပက်ဒရိုတို့ ဖြစ်ကြပါတယ်။ ဘာဆာ အားကစားဒါရိုက်တာ ဒေကိုဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ကိုယ်တိုင် တက်ရောက်ပြီး ချဲလ်ဆီး တိုက်စစ်မှူးရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ပါသေးတယ်။

တစ်ဖက်မှာလည်း အေဂျက်စ်ဟာ ဘာစီလိုနာ အသင်းရဲ့ ဂိုးသမားတွေ ဖြစ်ကြတဲ့ မာ့ခ်-အန်ဒရေ တာစတီဂျန်နဲ့ အီညာကီ ပီညာ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသလာပါတယ်။ 

ရီးရဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ညိုဟာ ဘာစီလိုနာရဲ့ တုံ့ဆိုင်းနေမှုကို အခွင့်ကောင်းယူပြီး ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရီးရဲလ်မက်ဒရစ် အသင်းဆီ ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် အက်တလက်တီကို အသင်းဟာ ရီးရဲလ်ဆိုစီဒက်ရဲ့ အသက် ၂၀ အရွယ် နောက်ခံလူ ဂျွန် မာတင်ကို ခေါ်ယူနိုင်ဖို့ အတွက်လည်း မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်လု ရဖို့ ပြင်ဆင်နေပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ တောင်ပံကစားသမား ဘရက်ဒ်လေ ဘာကိုလာကို လာမယ့် နွေရာသီမှာ ခေါ်ယူချင်နေတဲ့ လစ်ဗာပူးလ်နဲ့ ဘာစီလိုနာ အသင်း တို့ကို ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို ၉၅ သန်း (ပေါင် ၈၃ သန်း) ကျော် ကျသင့်မှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။ 

ဂျုဗင်တပ်စ်ဟာ လစ်ဗာပူးလ် အသင်းရဲ့ ဂိုးသမား အလီဆွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးပမ်းနေသလို၊ အသင်း ကနေ ထွက်ခွာတော့မယ့် လစ်ဗာပူးလ်ရဲ့ ဘယ်နောက်ခံလူ အင်ဒီ ရောဘတ်ဆန် ကိုပါ ခေါ်ယူဖို့ အတွက် ခြေလှမ်းပြင်နေပါတယ်။ 

စပို့တင်းလစ္စဘွန်း အသင်းရဲ့ ဗဟိုနောက်ခံလူ အူစမန်နီ ဒီယိုမန်ဒီကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီး၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က ချဉ်းကပ်မှုတွေ ပြုလုပ်လာကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်