ဒေါ့မန် ကတော့ ရာသီသိမ်းဖို့ တစ်ပွဲ အလိုကတည်းက ဘွန်ဒက်စ်လီဂါရဲ့ အဆင့် (၂) နေရာကို အပိုင် ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖြစ်သူ နီကို ကိုဗက်က သူတို့ရဲ့ ဒီရာသီ စွမ်းဆောင်ရည် အပေါ် အလွန်အမင်း ကျေနပ် အားရလျက် ရှိနေပါတယ်။
ဝါဒါဘရီမင်နဲ့ ကစားရမယ့် ရာသီပိတ် ပွဲစဉ် မတိုင်ခင်မှာ နီကို ကိုဗက်ဟာ ဒေါ့မန် အနေနဲ့ သူတို့ရဲ့ ၂၀၂၅-၂၀၂၆ ဘွန်ဒက်စ်လီဂါ ရာသီခရီးစဉ်ကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်လည် ကြည့်ရှုနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဒေါ့မန်ဟာ မိုချန်ဂလာဘတ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ တပတ်က ဖရန့်ဖတ်ကို ၃-၂ နဲ့ အနိုင်ယူကာ နိုင်ပွဲ လမ်းကြောင်းပေါ် ပြန်တက်လာခဲ့ပြီး အဆင့် (၂) နေရာကို သေချာစေခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ရမှတ် ၇၀ အထိ စုဆောင်းထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၉ ရာသီ အတွင်း အခုလို ရာသီပိတ်ခါနီး အချိန်မှာ အခုထက် ရမှတ် ပိုများခဲ့တာဆိုလို့ ၂၀၁၈-၂၀၁၉ ရာသီ (၇၃ မှတ်) တစ်ကြိမ်ပဲ ရှိခဲ့ဖူးပါတယ်။ အခုပွဲ မှာသာ ထပ်နိုင်ရင် ကလပ် အသင်း သမိုင်းတစ်လျှောက် ပဥ္စမမြောက် ရမှတ် အများဆုံး ဘွန်ဒက်စ်လီဂါ ရာသီအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
Weserstadion ကွင်းဆီ သွားရောက် ကစားရမယ့် ပွဲက အဆင့် အတွက် ဘာမှ သိပ်မထူးတော့ပေမယ့် ကိုဗက် ကတော့ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ “ကျွန်တော်တို့ ဒီပွဲကို အရမ်း အလေးအနက်ထားပြီး ကစားမှာပါ။ ရမှတ် ၇၀ ဆိုတာ ကောင်းပါတယ်၊ ဒါပေမယ့် ၇၃ မှတ် ဆိုရင် ပိုလို့တောင် ကောင်းတာပေါ့။”
“၇၁ မှတ်နဲ့ ရာသီပိတ်ရရင်လည်း ကျွန်တော် လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့ အတွက် သွားမှာပါ။ ရာသီအစတုန်းကသာ တစ်ယောက်ယောက်က ‘ခင်ဗျားတို့ ရမှတ် ၇၀ ဒါမှမဟုတ် ၇၃ မှတ်နဲ့ အဆင့် (၂) နေရာကို အေးအေးလူလူ ရမှာပါ’လို့ လာပြောခဲ့ရင် ကျွန်တော် ချက်ချင်းပဲ လက်မှတ်ထိုး သဘောတူမိမှာ ဖြစ်ပြီး ဒါဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အောင်မြင်မှု တစ်ခုလို့ ပြောမိမှာပါ။ ဘွန်ဒက်စ်လီဂါမှာ ကျွန်တော်တို့ စွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေအပေါ် အရမ်းကို ကျေနပ်မိပါတယ်။” လို့ ကိုဗက်က ပြောကြားခဲ့ပါတယ်။

ဝါဒါဘရီမင် ကတော့ ဒီရာသီမှာ စိတ်ပျက်စရာ ရလဒ်တွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ အဆင့် (၁၅) နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ပလေးအော့ဖ် နေရာတွေထက် ၆ မှတ် အသာ ရထားတာကြောင့် ဘွန်ဒက်စ်လီဂါမှာ ဆက်ရှိနေဖို့ သေချာသွားခဲ့ပါပြီ။ သူတို့ ရရှိထားတဲ့ ရမှတ် ၃၂ မှတ်ဟာ ရာသီရဲ့ ဒီလို အချိန်မျိုးမှာ သမိုင်းတစ်လျှောက် တတိယမြောက် အနည်းဆုံး ရမှတ် ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီ (၂၈ မှတ်) နဲ့ ၂၀၂၀-၂၁ ရာသီ (၃၁ မှတ်) တို့မှာပဲ ပွဲစဉ် ၃၃ အပြီး အခုထက် ရမှတ် နည်းခဲ့ဖူးတာ ဖြစ်ပါတယ်။ အဆိုပါ ရာသီ နှစ်ခုလုံး မှာတော့ ဝါဒါဘရီမင်က ၃၁ မှတ်စီ နဲ့ပဲ ရာသီသိမ်းခဲ့တာပါ။ ဒေါ့မန်လိုပဲ ဘရီမင် ကလည်း ဂုဏ်သိက္ခာ အတွက် ဒီပွဲကို ကစားရမှာ ဖြစ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး (၁ ပွဲသရေ၊ ၄ ပွဲရှုံး) ရုန်းကန်နေရပါတယ်။
ဒေါ့မန်ဟာ ပြိုင်ပွဲစုံမှာ ဝါဒါဘရီမင်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၆ ပွဲလုံး ရှုံးနိမ့်ခြင်း မရှိထားပါဘူး (၄ ပွဲ နိုင်၊ ၂ ပွဲ သရေ)။ ဒါဟာ ၂၀၁၁ နဲ့ ၂၀၁၄ ကြား ယာဂန် ကလော့ပ် လက်ထက်က ၆ ပွဲဆက် မရှုံးခဲ့တဲ့ မှတ်တမ်း နောက်ပိုင်း အရှည်ကြာဆုံး စံချိန် ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ဘွန်ဒက်စ်လီဂါမှာ ဖရန့်ဖတ် (၅၂ ပွဲ) က လွဲရင် ဝါဒါဘရီမင် (ပွဲ ၅၀) ကို အများဆုံး နိုင်ထားတာ ဖြစ်ပြီး၊ ဘရီမင် ကလည်း ဘေယန်မြူးနစ် (၆၅ ပွဲ) ပြီးရင် ဒေါ့မန်ကို အများဆုံး ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
ဒေါ့မန်နဲ့ ဝါဒါဘရီမင် တို့ဟာ ဘွန်ဒက်စ်လီဂါ ရာသီပိတ် ပွဲစဉ်မှာ ၅ ကြိမ်မြောက် ဆုံတွေ့ခြင်း ဖြစ်ပြီး အရင်ဆုံခဲ့တဲ့ ၄ ကြိမ်လုံးမှာ ဒေါ့မန်ကပဲ အနိုင်ရခဲ့ပါတယ်။ ဝါဒါဘရီမင်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အိမ်ကွင်း ၁၁ ပွဲမှာ ၂ ပွဲသာ အနိုင်ထားပြီး (၃ ပွဲ သရေ၊ ၆ ပွဲရှုံး) ရနိုင်တဲ့ ၃၃ မှတ်မှာ ၉ မှတ်ပဲ ရထားပါတယ်။ အဝေးကွင်း အသင်း ဒေါ့မန် ကတော့ နောက်ဆုံး ဘွန်ဒက်စ်လီဂါ အဝေးကွင်း ၂ ပွဲဆက် ရှုံးထားပါတယ်။ သူတို့ဟာ ၂၀၂၄ ဆောင်းဦးကာလတုန်းက နူရီ ဆာဟင် လက်ထက်မှာ အဝေးကွင်း ၄ ပွဲဆက် နောက်ဆုံး ရှုံးနိမ့်ခဲ့ဖူးတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


