ရီးရဲလ်မက်ဒရစ် အသင်း ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ မန်ချက်စတာစီးတီးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းကို စပိန်မြေဆီ ခေါ်ယူနိုင်ခြေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပေမယ့်လည်း “ထူးချွန်တဲ့ ကစားသမားတစ်ယောက် ရှိလာပြီ ဆိုရင် ကျွန်တော် သွားခေါ်မှာပဲ” လို့ တစ်ဖက်လှည့်နဲ့ သတိပေးသွားခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ နော်ဝေ တိုက်စစ်မှူးနဲ့ အစောပိုင်း ကတည်းက သတင်းတွေ ထွက်နေခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ကြေညာဖို့ ထူးထူးခြားခြား အရေးပေါ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၄ နာရီ အကြာမှာပဲ ပီရက်ဇ်က ‘LaSexta’ နှင့် အင်တာဗျူးမှာ ထပ်မံ စကားပြောဆိုခဲ့ကာ အခု နွေရာသီ အပြောင်းအလဲ ကာလ အစီအစဉ်တွေ အပါအဝင် အကြောင်းအရာ တော်တော်များများကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အနေနဲ့ နှစ်ရာသီ ဆက်တိုက် အဓိက ဆုဖလားကြီး တစ်လုံးမှ မရရှိပဲ ဖလား လက်မဲ့ ဖြစ်ခဲ့ရပြီးနောက် ဘာနေဗျူးကွင်းကို ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်နေတာက လျှို့ဝှက်ချက် မဟုတ်ပါဘူး။ Deep-lying playmakerနဲ့ နောက်ခံလူ တစ်ဦး ခေါ်ယူရေးမှာ အသင်းရဲ့ ဦးစားပေး စာရင်း ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပေမယ့်လည်း ဟာလန်းကို ငွေအမြောက်အမြား အသုံးပြုကာ ခေါ်ယူမယ့် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီနွေရာသီမှာ ကစားသမားသစ်တွေ ထပ်မံရောက်ရှိလာဦးမလား ဆိုပြီး မေးမြန်းရာမှာတော့ ပီရက်ဇ်က “သေချာတာပေါ့။ ကျွန်တော်တို့ ဆီမှာ အမြဲတမ်း ကစားသမားသစ် ခေါ်ယူမှုတွေ ရှိခဲ့တာပဲ၊ အကောင်းဆုံးတွေ ကိုပဲ အမြဲခေါ်ယူခဲ့တာပါ။ ကျွန်တော် ဖီဂို၊ ကာကာ၊ ရော်နယ်ဒို၊ ဘက်ခမ်း တို့ကို ခေါ်ယူခဲ့ဖူးတယ်။ ထူးချွန်တဲ့ ကစားသမား တစ်ယောက် ရှိလာပြီဆိုရင် ကျွန်တော် သွားခေါ်မှာပဲ။” လို့ ဖြေကြားခဲ့ပါတယ်။
အဲဒီနောက် ဥက္ကဋ္ဌ ဖြစ်သူကို ဟာလန်းနဲ့ ပတ်သက်ပြီး တိုက်ရိုက် မေးမြန်းခဲ့ပေမယ့်လည်း သူက တိုတိုတုတ်တုတ်နဲ့ လျှို့ဝှက် ဆန်းကြယ်စွာပဲ တုံ့ပြန်ခဲ့ပါတယ်။ “ဟာလန်းလား၊ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ သဘောထားမပေးလိုပါဘူး။ အဲဒါက အားကစား စီမံခန့်ခွဲမှုပိုင်းရဲ့ အလုပ်ပါ။ ကျွန်တော် အားကစားစီမံခန့်ခွဲမှု အပိုင်းမှာ ဝင်မစွက်ဖက်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။
ဟာလန်းသာ ရောက်လာရင် ရီးရဲလ်မက်ဒရစ်မှာ ဘယ်လို အံဝင်ခွင်ကျဖြစ်မလဲ
စာရွက်ပေါ်မှာ ကြည့်မယ် ဆိုရင် ဗင်နီးစီးယပ်စ် ဂျူနီယာ နဲ့ ကီလီယန် အမ်ဘာပေးတို့ ရှိနေတဲ့ တိုက်စစ်တန်း တစ်ခု အနေနဲ့ ဟာလန်းရဲ့ တိုက်စစ် စွမ်းအားကို ထပ်မံ လိုအပ်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ၂၀၂၅-၂၆ ရာသီမှာ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းသွားခဲ့တဲ့ အချက် တစ်ခုက ရီးရဲလ်မက်ဒရစ်ဟာ စစ်မှန်တဲ့ နံပါတ် ၉ (တိုက်စစ်မှူးစစ်စစ်) တစ်ဦးကို အလွန်အမင်း လိုအပ်နေတယ် ဆိုရင် မမှားပါဘူး။
အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် တို့ဟာ ဘယ်တောင်ပံမှာ နေရာချင်း ထပ်နေတတ်ကြတာကြောင့် အထောင် တိုက်စစ်မှာ ဟာကွက်ကြီး တစ်ခု ဖြစ်ပေါ်နေလေ့ ရှိပါတယ်။ ထရန့် အလက်ဇန္တား-အာနိုးလ်ရဲ့ ဖြတ်တင်ဘောတွေ ဒါမှမဟုတ် ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ဖန်တီး ပေးပို့မှုများကို ပိတ်သွင်းဖို့ အတွက် ဧရိယာ အတွင်း ပြေးဝင်မည့်သူ ဒါမှမဟုတ် နေရာမှန်မှာ ရှိနေပေးမယ့်သူ ရှားပါးနေပါတယ်။
ဟာလန်းသာ ရောက်လာရင်တော့ ဒီပြဿနာ နှစ်ခုစလုံးကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ တာဝန်ကို အပြည့်အဝ အကောင်အထည်ဖော်မယ့် ပြိုင်ဘက်ကို အပြစ်ပေးနိုင်သော တိုက်စစ်မှူးစစ်စစ် တစ်ဦးကို ရီးရဲလ်တို့ ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ဖြစ်လာရင် ဗီနီစီးယပ်စ် သို့မဟုတ် အမ်ဘာပေး တို့ထဲက တစ်ယောက်က ညာတောင်ပံမှာ ပြောင်းကစားရမည့် အခြေအနေ ရှိနေပါတယ်။

အမှန်တကယ်တော့ ဒီတိုက်စစ်မှူး နှစ်ဦးစလုံးက ဒီရာသီ ပွဲစဉ်တချို့မှာ ညာဘက်ကို ရံဖန်ရံခါ ယိမ်းကစားခဲ့ကြပေမယ့်လည်း သူတို့ မကျွမ်းကျင်တဲ့ တခြား တစ်ဖက်မှာ ပွဲထွက် ကစားဖို့ ကတော့ အဆင်မပြေတာ အသေချာပါပဲ။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ အမ်ဘာပေကို ခေါ်ယူပြီးကတည်းက ရှောင်လွှဲလာခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်တဲ့ ပြင်သစ် ကြယ်ပွင့် သို့မဟုတ် ဗင်နီးစီးယပ်စ် နှစ်ဦးထဲက တစ်ဦးကိုသာ ပွဲထွက်ခွင့်ပေးရမယ့် အခြေအနေကို မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဟာလန်းကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ဘယ်လို ငွေကြေးစိုက်ထုတ်မလဲ
ဟာလန်း ရောက်ရှိလာရင် ဖြစ်ပေါ်လာနိုင်တဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ပြဿနာတွေ အပြင် သူ့ရဲ့ ပြောင်းရွှေ့ကြေး မြင့်မားလာမှုကြောင့်လည်း အခု အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့က မလွယ်ကူလှပါဘူး။ မန်စီးတီးနဲ့ ၂၀၃၄ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့ ဒီနော်ဝေသား တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက် သတင်းတွေအရ လာလီဂါ ကလပ်ဟာ ယူရိုသန်း ၂၅၀ ခန့် အထိ အသုံးပြုရဖွယ် ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေး အဆမတန် မြင့်မားမှုများကြောင့် နောက်တွန့်လေ့ ရှိတဲ့ အသင်းမျိုး မဟုတ်ပေမယ့်လည်း လတ်တလောမှာ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ပိုမို ခေါ်ယူလိုတဲ့ ဘက်ကို ယိမ်းနေပါတယ်။ အမှန်တကယ်လည်း ပီရက်ဇ် လက်ထက်မှာ ကလပ်ရဲ့ ဈေးအကြီးဆုံး ခေါ်ယူမှုက ၂၀၂၃ ခုနှစ်က ယူရို ၁၂၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘယ်လင်ဟမ်ပဲ ရှိပါတယ်။
ဟာလန်းကို ငွေကြေးအမြောက်အမြား အသုံးပြုခေါ်ယူနိုင်ဖို့ အတွက် စပိန် ဘီလူးကြီးတွေ အနေနဲ့ ဗင်နီစီးယပ်စ်လို တန်ဖိုးကြီး ကစားသမား တစ်ဦးကို ပြန်လည် ရောင်းချရဖွယ် ရှိနေပါတယ်။ လာမယ့် ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒီဘရာဇီး လက်ရွေးစင် ကစားသမားက လပေါင်း များစွာကြာ စာချုပ်သစ် ဆွေးနွေးမှုတွေ ရပ်တန့်နေခဲ့ပြီးနောက် သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးပါဘူး။
အထူးသဖြင့် နည်းပြ ဇာဗီ အလွန်ဆို လက်အောက်မှာ ဗင်နီးစီးယပ်စ်ရဲ့ အပြုအမူပိုင်းဆိုင်ရာတွေကြောင့် ပြစ်တင် ဝေဖန်မှု အများအပြား ခံခဲ့ရတဲ့ ဘာနေဗျူးရဲ့ လှုပ်ခတ်မှု ပြင်းထန်တဲ့ ရာသီအပြီးမှာ သူ့ရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ခြေ သတင်းတွေ ပျံ့နှံ့နေခဲ့ပြီး ဒါက ဟာလန်း ရောက်ရှိလာဖို့ အတွက် လမ်းစပွင့်သွားစေနိုင်မှာ အမှန်ပါပဲ။
ဒါပေမယ့်လည်း လက်ရှိ မြေပြင်အခြေအနေအရ နှစ်ဖက်စလုံးက ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ်မချင်း ဟာလန်းက မန်စီးတီးရဲ့ မိုးပြာရောင် ဂျာစီကို ဆက်လက် ဝတ်ဆင်ဖွယ် ရှိပါတယ်။ ဗင်နီးစီးယပ်စ် ကလည်း လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ သူ့ရဲ့ သမိုင်းကြောင်းကို ဆက်လက် ရေးထိုးသွားနိုင်ဖို့သာ ပိုမိုနီးစပ်နေပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


