နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အင်တာမီလန်ရဲ့ စကူဒက်တို ချန်ပီယံဆု အတွက် ချီဗူးရဲ့ သက်ရောက်မှု အတွက် ချီးကျူးလိုက်တဲ့ လော်တာရို မာတီနက်ဇ် | စီးရီးအေ

ခရစ္စတီယန် ချီဗူး ကတော့ အင်တာမီလန်ကို တာဝန်ယူတဲ့ ပထမဆုံးရာသီမှာတင်၊ ရာသီပိတ်ဖို့ ၃ ပွဲ အလိုမှာပဲ စီးရီးအေ ဖလား ရယူပေးနိုင်ခဲ့တဲ့ ၅ ဦးမြောက် နည်းပြ ဖြစ်လာခဲ့ပါတယ်။ အင်တာမီလန်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်က မားကပ်စ် သူရမ်နဲ့ ဟင်းနရစ်ခ် မက်ခီတာရန် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပါးမားကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် ရာသီပိတ်ဖို့ ၃ ပွဲ အလို ကတည်းက စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

နည်းပြ ချီဗူးဟာ အင်တာမီလန် အသင်း သမိုင်းတစ်လျှောက် နည်းပြ တာဝန်ယူတဲ့ ပထမဆုံး ရာသီမှာတင် စကူဒက်တို ဖလားကို ရယူပေးနိုင်ခဲ့တဲ့ ၅ ဦးမြောက် နည်းပြ အဖြစ် သမိုင်းမှတ်တမ်း ဝင်သွားခဲ့ပါတယ်။ ချီဗူးလို့ စွမ်းဆောင်နိုင်ခဲ့တဲ့ ကျန် နည်းပြ ၄ ဦး ကတော့ အာပက် ဝေစ်ဇ် (၁၉၂၉-၃၀)၊ အဲလ်ဖရက်ဒို ဖိုနီ (၁၉၅၂-၅၃)၊ ဂျိုဗန်နီ အင်ဗာနီဇီ (၁၉၇၀-၇၁)၊ ဟိုဆေး မော်ရင်ညို (၂၀၀၈-၀၉) တို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆီမြွန်နီ အင်ဇာဂီ တစ်ယောက် အဲလ်ဟီလာဆီ ထွက်ခွာသွားခဲ့တာကြောင့် ကလပ် အသင်း အခက်အခဲ ကြုံတွေ့နေရချိန်မှာ အသင်းရဲ့ နောက်ခံလူဟောင်း ချီဗူး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ မီလန်မြို့ကို ရောက်ရှိလာပြီးနောက် ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်ကိုးစားမှုကို အပြတ်အသတ် ရယူနိုင်ခဲ့ပါတယ်။

စနေနေ့မှာ ကစားမယ့် လာဇီယိုနဲ့ ပွဲစဉ်မတိုင်မီ Cronache di Spogliatoio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ လော်တာရို မာတီနက်ဇ်က သူ့ရဲ့ နည်းပြ ဖြစ်သူမှာ အသင်းကို ဟန်ချက်ညီအောင် ထိန်းကျောင်းပေးနိုင်ခဲ့ကြောင်း အခုလို ချီးကျူးခဲ့ပါတယ်။ “ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ရာသီကုန်မှာ မျှော်မှန်းထားတဲ့ ပန်းတိုင်တွေကို မရရှိခဲ့လို့ ကျွန်တော်တို့ အားလုံး အတွက် တကယ့်ကို ခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ရပါတယ်။

“ဒါပေမယ့် ခရစ်စတီယန် ရောက်လာတဲ့ အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာ အသွင်သစ်နဲ့ လေကောင်း လေသန့်သစ်တွေကို ယူဆောင်လာပေးခဲ့သလို၊ အပြင်က ကြည့်ရင်တောင် မြင်သာတဲ့ ခေါင်းဆောင်မှု စွမ်းရည် အပြည့်အဝ ရှိပါတယ်။ ဒါက ကျွန်တော်တို့ကို ယုံကြည်မှုတွေ အများကြီး တိုးလာစေခဲ့ပါတယ်။ သူက သူ့ရဲ့ ကိုယ်ပိုင် စတိုင် တချို့ကို ပေါင်းစပ် ထည့်သွင်းခဲ့ပေမယ့် နည်းပြ ဆီမြွန်နီနဲ့ အတူ ၄ နှစ်ကြာ ကျွန်တော်တို့ ကောင်းကောင်း လုပ်ဆောင်ခဲ့တဲ့ အရာတွေ ကိုတော့ လုံးဝ ဖျက်ဆီးပစ်တာမျိုး မရှိပါဘူး။ ဒီနှစ်မှာ ကျွန်တော် တို့ကို စိတ်အေးလက်အေး ကစားနိုင်အောင် ဖန်တီးပေးခဲ့တဲ့ အတွက် နည်းပြကို အထူးပဲ ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။” လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

လက်ရှိ စီးရီးအေမှာ ၁၆ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ဖြစ်နေတဲ့ မာတီနက်ဇ်ကို ဘာစီလိုနာ အသင်း အပါအဝင် တခြား ကလပ်တွေက ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း သူက အသင်းပြောင်းဖို့ စိတ်ကူးမရှိကြောင်း အခုလို အတည်ပြုခဲ့ပါတယ်။

လာဇီယိုဟာ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး စီးရီးအေ ၆ ပွဲမှာ တစ်ပွဲမှ အနိုင်ရထားခြင်း မရှိပါ (၂ ပွဲ သရေ၊ ၄ ပွဲ ရှုံး)။
စီးရီးအေ ဇယား ထိပ်ကနေ အမှတ်ဖြတ် ဦးဆောင်နေတဲ့ အင်တာမီလန်

“ကျွန်တော် အင်တာမီလန်ရဲ့ ပရောဂျက် အပေါ် မှာပဲ သစ္စာရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်မှာ စာချုပ်ကျန်ရှိနေသေးသလို ဒီကလပ်က ကျွန်တော့် အိမ်လို ခံစားရလို့ပါပဲ။ ပထမဆုံးနေ့ ကတည်းက သူတို့တွေ ကျွန်တော့် အပေါ် မထင်မှတ်ထားလောက်အောင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြပါတယ်။ ကျွန်တော်ဟာ တစ်ကိုယ်ရည် အောင်မြင်မှုတွေရော၊ အသင်းလိုက် အောင်မြင်မှုတွေ ကိုပါ ရရှိထားတာကြောင့် ဒီနေ့မှာ အင်တာမီလန်က လွဲလို့ တခြား ဘာကိုမှ စဉ်းစားစရာ မရှိပါဘူး။ ဒီမှာ ကျွန်တော့် မိသားစုနဲ့ အတူ အရမ်းပဲ ပျော်ရွှင်ရပါတယ်၊ မီလန်မြို့ မှာလည်း စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားပါတယ်။ ကျွန်တော်တို့ အဆင်ပြေပြေနဲ့ ပျော်ရွှင်နေကြပါတယ်။” လို့လည်း ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။

တစ်ဖက်မှာ လာဇီယို ကတော့ ရုန်းကန်နေရတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရောက်ရှိနေကာ၊ အဆင့် ၆ နေရာက ကိုမိုနဲ့ ၁၁ မှတ် အထိ ကွာဟနေပါတယ်။ လာဇီယိုဟာ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး စီးရီးအေ ၆ ပွဲမှာ တစ်ပွဲမှ အနိုင်ရထားခြင်း မရှိပါ (၂ ပွဲ သရေ၊ ၄ ပွဲ ရှုံး)။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမအကျော့မှာ ၂-၀ နဲ့ ရှုံးနိမ့်ထားခဲ့တာကြောင့် လာဇီယို အနေနဲ့ ဒီပွဲမှာ ထပ်မံ ရှုံးနိမ့်ရင်တော့ ၂၀၁၆-၁၇ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် တစ်ရာသီ အတွင်း အင်တာမီလန်ကို နှစ်ကျော့စလုံး ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုး ဝင်သွားမှာ ဖြစ်ပါတယ်။

အင်တာမီလန်က လာဇီယိုနဲ့ ကစားခဲ့တဲ့ နောက်ဆုံး စီးရီးအေ ၁၃ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တစ်ပွဲကို ပျမ်းမျှ ၂ ဂိုးနှုန်း (စုစုပေါင်း ၂၆ ဂိုး) သွင်းယူထားနိုင်ခဲ့ကာ သူတို့ အသင်းရဲ့ အရှည်ကြာဆုံး ဂိုးသွင်းယူနိုင်တဲ့ စံချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၀ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လာဇီယို အသင်း အပေါ် ပေးဂိုး မရှိ (Clean Sheet) စံချိန်ကို ဆက်တိုက် ထိန်းသိမ်းနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

ဒါပေမယ့် လာဇီယိုက ဇယားထိပ်ဆုံးက အသင်းတွေ ရင်ဆိုင်ရတဲ့ နောက်ဆုံး ၅ ပွဲမှာ ရှုံးနိမ့်ထားခြင်း မရှိပဲ (၂ ပွဲ နိုင်၊ ၃ ပွဲ သရေ) ကောင်းမွန်တဲ့ စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်မှာ လက်ရှိမှာ ရမှတ် ၈၂ မှတ် အထိ ရရှိထားပြီး ပြီးခဲ့တဲ့ ရာသီကထက် ရမှတ် ၁ မှတ် ပိုမို ရရှိထားကာ အားသာနေပါတယ်။ ရာသီ ပွဲစဉ် ၃၅ အပြီးမှာ အင်တာမီလန် အနေနဲ့ အခုထက် ပိုမိုကောင်းမွန်သည့် ရမှတ် ရရှိခဲ့ဖူးတဲ့ သမိုင်းမှာ ၃ ကြိမ်သာ ရှိခဲ့ဖူးပြီး သူတို့ဟာ ၂၀၀၆-၂၀၀၇ တွင် ရမှတ် ၉၀၊ ၂၀၂၀-၂၀၂၁ တွင် ၈၅ မှတ်နဲ့ ၂၀၂၃-၂၄ မှာ ၈၉ မှတ်တို့ ဖြစ်ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်