နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပီအက်စ်ဂျီက တိုက်စစ်ဆင်ဖို့ တည်ဆောက်ထားတာပါ ဆိုတဲ့ ဇိုင်း အမ်မရီ | ချန်ပီယံလိဂ်

ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကတော့ ပြီးခဲ့တဲ့ တပတ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ နှစ်သင်းပေါင်း ၉ ဂိုး အထိ သွင်းယူခဲ့ကြပြီး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲကို ဖန်တီးခဲ့ကြပါတယ်။ အဲဒီပွဲမှာ ပီအက်စ်ဂျီက ၅-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဝါရန် ဇိုင်း-အမ်မရီ ကတော့ နောက်ထပ် စိတ်လှုပ်ရှားစရာ ပွဲစဉ် တစ်ပွဲကို ထပ်မံ မျှော်လင့်နေပါတယ်။

ပီအက်စ်ဂျီ ကွင်းလယ်လူ ဝါရန် ဇိုင်း-အမ်မရီက သူတို့ အသင်းဟာ တိုက်စစ်ဆင်ဖို့ တည်ဆောက်ထားတဲ့ အသင်း ဖြစ်တာကြောင့် ဘေယန်မြူးနစ်နဲ့ ပွဲစဉ်မှာ ဂိုးတွေ ထပ်မံ သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက ပါ့ခ်ဒီပရင့်စ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပထမအကျော့ ပွဲစဉ်ကို ၅-၄နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းကို သုံးဂိုး အသာနဲ့ ဦးဆောင်ထားနိုင်တဲ့ အခွင့်အရေး ကိုတော့ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ချန်ပီယံလိဂ် သမိုင်းမှာ ရှုံးထွက် ပွဲစဉ် တစ်ခုမှာ ၅ ဂိုး သွင်းယူခဲ့ပြီးမှ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ အသင်း တစ်သင်းတည်းသာ ရှိခဲ့ဖူးပါတယ်။ ဒါဟာ ၂၀၁၆-၁၇ ရာသီ ၁၆ သင်း အဆင့်မှာ မိုနာကိုကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာစီးတီး အသင်း ဖြစ်ပါတယ် (ပထမအကျော့ ၅-၃၊ ဒုတိယအကျော့ ၁-၃ နဲ့ အဝေးဂိုး စည်းမျဉ်းအရ ထွက်ခဲ့ရခြင်း)။ ဒါပေမယ့်လည်း ပီအက်စ်ဂျီဟာ အတိတ်က ဂျာမန် ကလပ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အခါတိုင်း ရုန်းကန်ရလေ့ ရှိပါတယ်။ ဥရောပဖလား/ ချန်ပီယံလိဂ် သမိုင်းကြောင်းမှာ တခြား ဘယ်ပြိုင်ဘက်ထက် မဆို ဘေယန်မြူးနစ်ရဲ့ အိမ်ကွင်းမှာ ရှုံးခဲ့တာက (၅ ပွဲ) ပိုများနေပါတယ်။

ဥရောပ ပြိုင်ပွဲ နှစ်ခုစလုံးမှာ အိမ်ကွင်း ပြင်ပမှာ တစ်ကြိမ်ထက် ပိုပြီး ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာ မန်စီးတီး (၁၀၀% – ၃ ပွဲ ကစား ၃ ပွဲရှုံး) နဲ့ ရီးရဲလ်မက်ဒရစ် (၇၅% – ၄ ပွဲ ကစား၊ ၃ ပွဲ ရှုံး) တို့နဲ့ ယှဉ်ရင် ဘေယန်မြူးနစ် (၇၁% – ၇ ပွဲ ကစား၊ ၅ ပွဲ ရှုံး) ထက် ရှုံးပွဲ ရာခိုင်နှုန်း ပိုများနေပါတယ်။

ပီအက်စ်ဂျီဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၄၃ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့ အသင်း ဖြစ်ပြီး ဇိုင်း အမ်မရီက ဒုတိယအကျော့ မှာလည်း လီဂူးဝမ်း ကလပ်ဆီ ကနေ ဂိုးတွေ ထပ်မံ မြင်တွေ့ရလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဇိုင်း အမ်မရီက “ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပြီ၊ ဗိုလ်လုပွဲကို တက်လှမ်းနိုင်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ပထမအကျော့လိုမျိုးပဲ ကစားရမယ်လို့ ထင်ပါတယ်။ ခံစစ်ကို ကောင်းကောင်း ကစားခဲ့ပေမယ့် ဂိုး ၄ ဂိုး အထိ ပေးလိုက်ရပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့ ကွင်းဘက် အခြမ်းမှာ ပိုပြီး အမြင့်ကနေ ခံစစ်ဆင်ရပါမယ်။ လူချင်းထပ် (သို့မဟုတ်) သုံးယောက် တွဲပြီး ဝိုင်းပိတ်ကစားရမှာ ဖြစ်ပြီး အားလုံးက စုပေါင်းအားနဲ့ ကြိုးစားဖို့ လိုအပ်ပါလိမ့်မယ်။”

“ကျွန်တော် တို့ရဲ့ ဂိမ်းပလန် အတိုင်း ကစားဖို့၊ ပုံမှန်ကစားနေကျ အတိုင်း ဖိအားပေးဖို့နဲ့ ဘောလုံးကို အတတ်နိုင်ဆုံး ပြန်လည်ရယူဖို့ ကြိုးစားသွားမှာပါ။ ဒီအသင်းဟာ တိုက်စစ်ဆင်ဖို့ တည်ဆောက်ထားတာ ဖြစ်လို့ အဲဒီ အတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ ဒီလိုမျိုး ပွဲစဉ်မျိုး ကိုပဲ မျှော်လင့်ထားပါတယ်…။ အရင်ထက်တောင် ပိုပြီး ခက်ခဲနိုင်ပါသေးတယ်။” လို့ ဇိုင်းအမ်မရီက ဆိုပါတယ်။

ဒီပွဲကို အနိုင်ရတဲ့ အသင်းက မီခဲယ် အာတေးတားရဲ့ အာဆင်နယ်နဲ့ မေလ ၃၀ ရက်နေ့မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ အက်တလက်တီကိုမက်ဒရစ်ကို ကျော်ဖြတ်ပြီး တက်လှမ်းလာခဲ့ခြင်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်