ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ အသင်းကို သွေးသစ်လောင်းဖို့ တော်တော်လေး အလုပ်ရှုပ်မယ့်ပုံ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ သူတို့ရဲ့ ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ကြိုးစားနေပြီးတော့ လက်ရှိ မှာတော့ စပါးရဲ့ နာမည်ကျော် ဗဟိုနောက်ခံလူ မစ်ကီ ဗန်ဒီဗင်ကို ခေါ်ယူဖို့ စာရင်းထဲ ထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ရှိနေတာကြောင့် ပိုမိုများပြားလာမယ့် ပွဲစဉ်တွေကို ရင်ဆိုင်နိုင်ဖို့ ဗဟိုနောက်ခံလူ အသစ် ရှာဖွေပြီး အသင်းရဲ့ လူအင်အားကို ကြိုတင် ဖြည့်တင်းထားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒီရာသီမှာတော့ ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲတွေရဲ့ ဝန်ထုပ်ဝန်ပိုး ဒဏ်ကို မခံစားခဲ့ရပါဘူး။ ပြည်တွင်းဖလား ပြိုင်ပွဲနှစ်ခုလုံး ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြီးနောက်၊ ဇန်နဝါရီလလယ်မှာ မိုက်ကယ် ကာရစ်ရဲ့ ခေတ်သစ် စတင်ကတည်းက ပရီးမီးယားလိဂ် ကိုသာ အာရုံစိုက် ကစားနေခဲ့ရတာပါ။ ဒါပေမယ့် မကြာသေးခင် လတွေ အတွင်း ရလဒ်ကောင်းတွေ ရရှိလာတာကြောင့် နောက်ရာသီ မှာတော့ အခုလို သက်သောင့်သက်သာ ရှိတဲ့ ပွဲစဉ်ဇယားမျိုး ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အရည်အသွေးမြင့် အရန်အင်အား ရှိဖို့က အလွန် အရေးကြီးလာပြီး ဗန်ဒီဗင်က အဓိက ပစ်မှတ် ဖြစ်လာတာပါ။
ဘာကြောင့် ဗန်ဒီဗင်ကို ယူနိုက်တက် စိတ်ဝင်စားတာလဲ?
အသက် ၂၅ နှစ် အရွယ် ဗန်ဒီဗင် အတွက်ရော၊ စပါး တစ်သင်းလုံး အတွက်ပါ ဒီရာသီဟာ ခက်ခဲတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့တာ ငြင်းလို့ မရပါဘူး။ ဒါပေမဲ့လည်း ဗန်ဒီဗင်ဟာ ပရီးမီးယားလိဂ်မှာ သက်သေပြပြီးသား နောက်ခံလူ တစ်ယောက် ဖြစ်နေဆဲမို့ ဆွဲဆောင်မှု ရှိတဲ့ ရွေးချယ်စရာ တစ်ခု ဖြစ်နေပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဟာ အသက် ၁၉ နှစ် အရွယ် လူငယ် နောက်ခံလူ အေဒင် ဟဲဗန်း အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ဖို့ ဘယ်ခြေသုံး ဗဟိုနောက်ခံလူ တစ်ဦးကို ရှာဖွေနေတာပါ။ အသင်းမှာ လီဆန်ဒရို မာတီနက်ဇ် ရှိနေပေမယ့် အာဂျင်တီးနားသားဟာ ပြီးခဲ့တဲ့ နှစ်ရာသီလုံး ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး သူ့ရဲ့ စာချုပ် ကလည်း ၂၀၂၇ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
တခြား တစ်ဖက်မှာလည်း မားသီးယက်စ် ဒီလစ်ဂျ် ဟာ အိုးထရက်ဖို့ဒ်ကို ရောက်ကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသလို၊ ဟယ်ရီ မက်ဂွိုင်းယား ကလည်း ခြေစွမ်းပြနေပေမယ့် အသက် ၃၀ ကျော်သွားပြီ ဖြစ်ပါတယ်။ လန်နီ ယိုရို နဲ့ ဟဲဗန်း တို့ဟာ အနာဂတ်မှာ တောက်ပလာမယ့်သူတွေ ဖြစ်ပေမယ့် အတွေ့အကြုံနုနယ်သေးတဲ့ သူတို့ နှစ်ယောက်ကို ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမျိုးမှာ ခံစစ်ကို ဦးဆောင်ခိုင်းဖို့ ဆိုတာ စွန့်စားရာ ရောက်ပါတယ်။
ဗန်ဒီဗန်ဟာ ဒီရာသီမှာ ခြေစွမ်းအတက်အကျ ရှိခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုပိုင်း ကတော့ မေးခွန်းထုတ်စရာ မရှိပါဘူး။ သူဟာ ဒဏ်ရာ ပြဿနာတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဒီရာသီမှာ စပါး အတွက် ပွဲပေါင်း ၄၀ အထိ ကစားပေးထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အဓိက အားသာချက် ကတော့ မြန်နှုန်း (Speed) ဖြစ်ပြီး၊ နေရာလွတ်တွေကို ပိတ်ဆို့တာ၊ ဘောလုံးနဲ့ အတူ ရှေ့ကို ဆွဲတက်တာတွေမှာ ထူးချွန်သူပါ။ ဒါ့အပြင် ဒီရာသီမှာ ၇ ဂိုး အထိ သွင်းယူပေးထားနိုင်တဲ့ ဖျက်အားကောင်းတဲ့ နောက်ခံလူလည်း ဖြစ်ပါတယ်။
ပြိုင်ဘက်များစွာနဲ့ ရင်ဆိုင်ရဦးမယ့် ယူနိုက်တက်
ဗန်ဒီဗင်ကို ခေါ်ယူဖို့ ဆိုတာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။ အကြောင်းရင်း ကတော့ တခြား အသင်းကြီးတွေ ကလည်း သူ့ကို မျက်စိကျနေလို့ပါ။ လစ်ဗာပူးလ်က ဗာဂျယ် ဗန်ဒိုက်ခ်နဲ့ တွဲဖက်ပေးဖို့ အတွက် သူ့ရဲ့ နယ်သာလန် အသင်းဖော် ဗန်ဒီဗင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို ချဲလ်ဆီး ကလည်း ပေါက်ပြဲနေတဲ့ သူတို့ရဲ့ ခံစစ်ကို ပြုပြင်ဖို့ အတွက် ဗန်ဒီဗင်ကို ခေါ်ယူချင်ကြောင်း သတင်းတွေ ထွက်နေပါတယ်။ ဘာစီလိုနာ ကတော့ အင်တာမီလန်ရဲ့ အလက်ဆန်ဒရို ဘက်စတိုနီကို မရခဲ့ရင် ဗန်ဒီဗင်ကို ခေါ်ယူဖို့ စာရင်းထဲ ထည့်ထားပါတယ်။
ဗန်ဒီဗင်ရဲ့ စပါးနဲ့ စာချုပ်ဟာ ၂၀၂၉ အထိ ရှိနေတာကြောင့် စပါး တို့ဘက်က အလောတကြီး ရောင်းထုတ်ဖို့တော့ မလိုအပ်ပါဘူး။ ဒါပေမယ့် စပါး ကသာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့ရမယ် ဆိုရင်တော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားတွေကို ငွေဖော်ဖို့ ရောင်းထုတ်ရနိုင်ခြေ ရှိပါတယ်။
မည်သို့ပင် ဆိုစေကာမူ ဗန်ဒီဗင်ရဲ့ ပြောင်းရွှေ့ကြေး ကတော့ တော်တော်လေး မြင့်မားမှာ ဖြစ်တာကြောင့်၊ ကွင်းလယ်လူကောင်း တစ်ယောက် ခေါ်ယူဖို့ကို ဦးစားပေးထားတဲ့ ယူနိုက်တက် အနေနဲ့ ဒီအပြောင်းအရွှေ့ ဖြစ်နိုင်၊ မဖြစ်နိုင်ကို သေချာ တွက်ချက်ဖို့တော့ လိုအပ်နေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


