နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ချဲလ်ဆီးရဲ့ ရလဒ်ဆိုးတွေဟာ ကျွန်တော့် တာဝန်ပါ” – ရိုစီနီယာ | ပရီးမီးယားလိဂ်

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးထားပြီးနောက် ဒီနေ့ည မှာတော့ ခြေစွမ်းတက်နေတဲ့ ဘရိုက်တန်နဲ့ ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာက အသင်းရဲ့ လက်ရှိ ရလဒ်ဆိုးတွေ အတွက် တာဝန်ယူကြောင်း ပြောကြားလိုက်ပြီး ဒီညမှာ ကစားမယ့် ဘရိုက်တန်နဲ့ ပွဲမှာ ရလဒ်ကောင်း ပြန်ရဖို့ ကြိုးစားသွားမယ်လို့ ကတိပြုထားပါတယ်။ ပြီးခဲ့တဲ့ တပတ်က အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ဟာ အကြီးအကျယ် ထိုးနှက်ခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ထားတာ ဖြစ်ပြီး ဒါဟာ ၁၉၁၂ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း (၅ ပွဲဆက် ရှုံးခဲ့စဉ်က) အဆိုးရွားဆုံး စံချိန်နဲ့ နီးစပ်နေတာပါ။ လက်ရှိမှာ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် ၅ နေရာက လစ်ဗာပူးလ်နဲ့ ၇ မှတ် အကွာကို ရောက်သွားသလို၊ အဆင့် ၁၂ နေရာက ဖူလ်ဟမ်နဲ့လည်း ၃ မှတ်သာ ကွာပါတော့တယ်။

လက်ရှိ ချဲလ်ဆီးရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ ရိုစီနီယာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ နိုင်ဖို့ လိုပါတယ်။ ဒါဟာ ဒီကလပ် အသင်းနဲ့ ပရိသတ်တွေ မျှော်လင့်ထားတဲ့ အရာပါ။ ဘောလုံး ဆိုတာ နိုင်ပွဲ ရဖို့ ကစားရတာပါ။ ရေတိုမှာ အလုပ် မဖြစ်ဘဲနဲ့ ရေရှည်စီမံကိန်း အကြောင်း ပြောလို့ မရပါဘူး။ ရိုးရိုးသားသား ပြောရရင် နောက်ဆုံး ပွဲတွေမှာ ကျွန်တော်တို့ ခြေစွမ်းမပြနိုင်ခဲ့ဘူး။ ဒါဟာ အသင်းရဲ့ နည်းပြချုပ် ဖြစ်တဲ့ ကျွန်တော့်ရဲ့ တာဝန်ပါ။ အခု ကျွန်တော် တို့မှာ အရေးကြီးတဲ့ပွဲနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲတွေ ရှိနေပါတယ်။ အခုက လက်တွေ့ ရလဒ် ပြရမယ့် အချိန်ပါပဲ။” လို့ ရိုစီနီယာက ဆိုပါတယ်။

အချက်အလက်တွေအရ ဘရိုက်တန်ဟာ ချဲလ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံးကို အနိုင်ရထားပါတယ်။
အင်္ဂါနေ့မှာ ကစားတိုင်း ရလဒ်မကောင်းတတ်တဲ့ ချဲလ်ဆီး

ဘရိုက်တန် နည်းပြ ဖေဘီယန် ဟာဇယ်လာ ကတော့ သူ့အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ရုန်းကန်နိုင်စွမ်းကို ချီးကျူးခဲ့ပြီး ချဲလ်ဆီးနဲ့ ပွဲဟာ အသင်း တိုးတက်ဖို့ အခွင့်အရေးကောင်း တစ်ခု ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။

အခုပွဲမှာ ဘရိုက်တန် ဘက်က ဒန်နီ ဝဲလ်ဘက်ဟာ စောင့်ကြည့်ရမယ့်သူ ဖြစ်ပြီး သူဟာ ဇင်ယော်တွေ အတွက် ကစားပေးချိန်မှာ ချဲလ်ဆီးနဲ့ တွေ့ရင် ခြေစွမ်းပြလေ့ ရှိပြီး ၈ ပွဲမှာ ဂိုးပါဝင် ပတ်သက်မှု ၇ ကြိမ် (၅ ဂိုး သွင်း၊ ၂ ဂိုး ဖန်တီး) အထိ ပြုလုပ်ထားပါတယ်။ ချဲလ်ဆီး ဘက်မှာတော့ ကိုးလ် ပါးလ်မားကို စောင့်ကြည့်ရမှာပါ။ သူဟာ ဘရိုက်တန်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ၃ ပွဲမှာ ၅ ဂိုး အထိ သွင်းယူပေးထားပါတယ်။ ၂၀၂၄ စက်တင်ဘာတုန်းက ဘရိုက်တန်ကို တစ်ပွဲတည်း ၄ ဂိုး သွင်းခဲ့ဖူးသလို ချဲလ်ဆီးရဲ့ ဂိုးကန်ချက် အများစုဟာ သူ့ဆီကပဲ လာတာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ဘရိုက်တန်ဟာ ချဲလ်ဆီးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံးကို အနိုင်ရထားပါတယ်။ ဒါ့အပြင် ၂၀၂၂-၂၃ ရာသီက စလို့ ချဲလ်ဆီးနဲ့ ၇ ပွဲ တွေ့ရာမှာ ၆ ပွဲ အထိ အနည်းဆုံး ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ ဟာဇယ်လာ ဟာလည်း အင်္ဂလိပ်လူမျိုး နည်းပြတွေနဲ့ တွေ့ဆုံခဲ့တဲ့ ၉ ပွဲစလုံးမှာ ရှုံးပွဲ မရှိသေးပါဘူး (၇ ပွဲ နိုင်၊ ၂ ပွဲ သရေ)။ ချဲလ်ဆီး အတွက် ကတော့ အင်္ဂါနေ့မှာ ကစားရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၄ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားပါတယ်။ ဒါ့အပြင် အဝေးကွင်း ၆ ပွဲမှာ ၅ ပွဲ အထိ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ ဘရိုက်တန် ကပဲ အခုပွဲမှာ အနိုင်ရဖို့ အခွင့်အရေး ပိုများနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်