နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စပါးသာ တန်းဆင်းရရင် ဒီဇာဘီနဲ့ ကစားသမား အများအပြား ဆုံးရှုံးရလိမ့်မယ်လို့ တင်မ်ရှားဝုဒ် ခန့်မှန်း | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါးသာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားခဲ့မယ် ဆိုရင် နည်းပြ ရော်ဘတ်တို ဒီဇာဘီနဲ့ ကစားသမား အများအပြားကို ဆုံးရှုံးရလိမ့်မယ်လို့ တင်မ် ရှားဝုဒ်က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

တော့တင်ဟမ်ဟော့စပါးသာ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားခဲ့ရရင် နည်းပြ ဖြစ်သူ ရော်ဘတ်တို ဒီဇာဘီကို ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မှာ ဖြစ်သလို၊ အသင်းရဲ့ လူစာရင်း ကိုလည်း အကုန် ပြောင်းလဲပစ်ရလိမ့်မယ်လို့ စပါး နည်းပြဟောင်း တင်မ် ရှားဝုဒ်ကို သုံးသပ်လိုက်တာ ဖြစ်ပါတယ်။

အန်ဂျီ ပိုစတီကိုဂလူး လက်ထက်က ယူရိုပါလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး တစ်နှစ် မပြည့်ခင်မှာပဲ စပါးဟာ ၁၉၇၈ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဒုတိယတန်းကို ဆင်းရမယ့် အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတာပါ။ စနေနေ့က ဘရိုက်တန်နဲ့ ပွဲမှာ ၂-၂ ဂိုးနဲ့ သရေကျခဲ့သလို၊ တန်းမဆင်းရရေး ပြိုင်ဘက် ဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ် ကလည်း ဘန်လေကို ၄-၁ နဲ့ အနိုင်ရသွားတာကြောင့် စပါး အတွက် အခြေအနေ ပိုဆိုးသွားခဲ့ပါတယ်။

လက်ရှိ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ စပါး အသင်း ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ ၅၆.၆ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပါတယ်။ ပြီးခဲ့တဲ့လက အီဂေါ တူဒေါရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ ဒီဇာဘီ ကတော့ အသင်း တန်းဆင်းသွားရင်တောင် ဆက်ရှိနေမယ်လို့ ကတိပေးထားပေမယ့် ရှားဝုဒ် ကတော့ ဒါဟာ လက်တွေ့မကျဘူးလို့ မြင်နေပါတယ်။

ဘာပဲဖြစ်ဖြစ် ရှားဝုဒ် ကတော့ သူ့အသင်းဟောင်း ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်လိမ့်မယ်လို့ ယုံကြည်နေဆဲပါ။
ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပြီ ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး

ရှားဝုဒ်က စပါးရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ Stats Perform ကို အခုလို ပြောကြားခဲ့ပါတယ်။ “စပါး ပရိသတ်တွေ ကိုသာ မေးကြည့်မယ် ဆိုရင် လက်ရှိ ကစားသမားတွေထဲက ဘယ်နှစ်ယောက်ကို အသင်းမှာ ဆက်ထားချင်ကြလဲ။ အများကြီး ရှိမယ် မထင်ဘူး။ ချန်ပီယံရှစ် ဆိုတာ ပရီးမီးယားလိဂ်နဲ့ လုံးဝမတူတဲ့ တိရစ္ဆာန် တစ်ကောင်လိုပဲ။ မတူညီတဲ့ အမြင်နဲ့ ချဉ်းကပ်ရလိမ့်မယ်။ အဓိက ကတော့ ချန်ပီယံရှစ်မှာ ကစားချင်စိတ် ရှိပြီး ဒီကလပ်နဲ့ အတူ ပြန်လည် ရုန်းကန်ချင်တဲ့ ကစားသမားတွေကို အရင်ဆုံး ရှာဖွေရမှာပါ။”

နည်းပြ ဒီဇာဘီနဲ့ ပတ်သက်ပြီးတော့လည်း ရှားဝုဒ်က “ဒီဇာဘီက ‘ငါတို့ ဘယ်လိဂ်မှာ ရှိနေလဲ ဆိုတာ အရေးမကြီးဘူး၊ အသင်း အုပ်ချုပ်သူတွေနဲ့ ငါ့ရဲ့ ရည်မှန်းချက် ဘယ်လောက် ထပ်တူကျလဲ ဆိုတာပဲ အရေးကြီးတယ်’ လို့ ပြောထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိထားတာက ဒီဇာဘီဟာ သူရောက်ခဲ့တဲ့ အသင်း တော်တော်များများမှာ အုပ်ချုပ်သူတွေနဲ့ အဆင်မပြေ ဖြစ်တတ်တာပါ။ တကယ်လို့ အသင်းသာ တန်းဆင်းသွားရင် သူ ချန်ပီယံရှစ်မှာ ဘာလို့ ဆက်နေချင်မှာလဲ။ သူပေးထားတဲ့ ကတိ အတိုင်း တကယ် တည်မယ် ဆိုရင်တော့ တစ်မျိုးပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၃-၂၀၁၄ ရာသီဝက်မှာ စပါးကို ကိုင်တွယ်ခဲ့ဖူးတဲ့ ရှားဝုဒ်က ဒီဇာဘီ အနေနဲ့ တန်းမဆင်းရရေး ရုန်းကန်ရတဲ့ အတွေ့အကြုံ မရှိတာကိုလည်း စိုးရိမ်နေပါတယ်။ “ဒါက တကယ်ကို စိုးရိမ်စရာပါ။ ဒီကစားသမား အုပ်စုက အသင်းကို စိတ်ပျက်အောင် လုပ်နေတာ နှစ်အနည်းငယ် ရှိနေပါပြီ။ အသင်း အုပ်ချုပ်သူတွေက နည်းပြတွေကို ခဏခဏ လဲနေတယ်။ အန်ဂျီ ပိုစတီကိုဂလူး၊ သောမတ်စ် ဖရန့်ခ်၊ ပြီးတော့ တူဒေါ။ အခု ဒီဇာဘီပေါ့။ သူက နည်းပြကောင်း တစ်ယောက် ဆိုတာ လက်ခံပေမယ့် အခုလို အကြပ်အတည်းမျိုးကို သူ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးသေးဘူး။” လို့ ရှားဝုဒ်က ဆက်လက် ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ရှားဝုဒ် ကတော့ သူ့အသင်းဟောင်း ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်လိမ့်မယ်လို့ ယုံကြည်နေဆဲပါ။ ကျန်ရှိနေတဲ့ ဝုဗ်၊ အက်စတွန်ဗီလာ၊ လိဒ်စ်ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အဲဗာတန် တို့နဲ့ ပွဲစဉ် ၅ ပွဲ ထဲက ၃ ပွဲကို အနိုင်ရပြီး တန်းတင် ကျန်ရစ်လိမ့်မယ်လို့ သူက ဟောကိန်းထုတ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်