နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂါနာချိုကို ခေါ်ယူချင်နေတဲ့ ဗီလာရီးရဲလ်၊ အစ်ကီတီကေးရဲ့ ဒဏ်ရာကြောင့် ဂေါ်ဒွန်ကို ခေါ်ယူမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ အနာဂတ် မရေမရာ ဖြစ်နေတဲ့ အလက်ဟန်ဒရို ဂါနာချိုကို ဗီလာရီးရဲလ်က လာလီဂါဆီ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ တဖက်မှာလည်း ဂါနာချိုကို အက်တလက်တီကို မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် ဟယ်ရီ ကိန်း ကတော့ ဂျာမနီမှာ ပျော်ရွှင်နေပြီး တခြား ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဒီနှစ်သင်းရဲ့ ကင်းထောက်တွေဟာ ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဆန်တီယာဂို ကတ်စထရိုရဲ့ ခြေစွမ်းကို သွားရောက် ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ စပါး တို့ဟာ အသက် ၂၅ နှစ်အရွယ် ဘက်ဆစ်တပ်စ် တိုက်စစ်မှူး အိုဟွန်ဂယူကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။

ဖီယင်နော့ဒ် ညာနောက်ခံလူ ဂျီဗဲရိုး ရိဒ်ကို မန်စီးတီး၊ ဘေယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် ကလပ် တချို့က စောင့်ကြည့်နေကြပါတယ်။

ချဲလ်ဆီးဟာ တန်းဆင်းဇုန် တိုက်ပွဲကို စောင့်ကြည့်ရင်း တော့တင်ဟမ်ဟော့စပါးက မိုဟာမက် ကူဒု့စ်၊ လူးကပ်စ် ဘက်ဂျ်ဗဲလ်တို့ အပြင် ဝက်စ်ဟမ်းက ဂျာရော့တ် ဘိုဝင် ကိုလည်း ဈေးနှုန်းလျော့ကျလာပါက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဟူဂို အစ်ကီတီကေး ဒဏ်ရာ ရရှိမှုကြောင့် လစ်ဗာပူးလ်ဟာ နယူးကာဆယ် တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ ပြန်လည် အရှိန်မြှင့်လာပါတယ်။ သူ့ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ဘေယန်မြူးနစ်တို့ ကလည်း ပစ်မှတ်ထားနေပါတယ်။

လစ်ဗာပူးလ်ဟာ ဒေါ့မန်နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ထက် လက်ဦးမှု ရနေပြီး ကမ္ဘာ့ဖလား မတိုင်ခင် စာချုပ်ဖျက်သိမ်းကြေး ဒေါ်လာ သန်း ၇၀ ပေးချေဖို့ စဉ်းစားနေပါတယ်။

အာဆင်နယ်ဟာ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ အတွက် ရန်ပုံငွေရှာတဲ့ အနေနဲ့ ကိုင် ဟာဗတ်ဇ်နဲ့ ဂါဘရီရယ် ဂျေဇုစ် တို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ တစ်ဖက်မှာ ဘာစီလိုနာ ကလည်း အဲလ်ဗာရက်ဇ် အတွက် ဒေါ်လာ ၉၄ သန်း + အပိုဆုကြေး ၂၄ သန်းနဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။

သူ့ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ဘေယန်မြူးနစ်တို့ ကလည်း ပစ်မှတ်ထားနေပါတယ်။
အန်သိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ အားစိုက်လာတဲ့ လစ်ဗာပူးလ်

ရီးရဲလ်မက်ဒရစ်နဲ့ ယာဂန် ကလော့ပ်တို့ ဆွေးနွေးမှုတွေ အတွင်းမှာ ကလော့ပ်က လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေး ကို ခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်။

ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက မားကပ်စ် ရက်ရှ်ဖို့ဒ်ကို လာမယ့် ရာသီမှာ ဆက်ထိန်းထားဖို့ စိတ်မဝင်စားကြောင်း အကြောင်းကြားထားပါတယ်။ 

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ဆွေးနွေးမှု မပြေလည်ပါက ဂျူဗင်တပ်စ်ဟာ အန်တိုနီယို ရူဒီဂါကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အဆင်သင့် စောင့်ဆိုင်းနေပါတယ်။

အင်တာမီလန်ဟာ ဘာစီလိုနာမှ ညာနောက်ခံလူ ဟက်တာ ဖော့တ်ကို အလဲအထပ် လုပ်ခွင့် ရရင် အလက်ဆန်ဒရို ဘတ်စတိုနီကို ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။

အက်စတွန်ဗီလာဟာ အီမီလီယာနို မာတီနက်ဇ်ကို ရောင်းချရပါက မန်စီးတီး ဂိုးသမား ထရက်ဖို့ဒ်နဲ့ အစားထိုးဖို့ စောင့်ကြည့်နေပါတယ်။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်၊ ဒုတိယအကျော့ပွဲမှာ စပို့တင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၁-၀နဲ့ အနိုင်ယူပြီးတော့ ဆီမီးဖိုင်နယ် တက်ခွင့်ရခဲ့ပေမယ့် တောင်ပံ တိုက်စစ် ကစားသမား နိုနီ မာဒူအေခေ ဒဏ်ရာရသွားလို့ အာတေးတား အတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ တိုက်စစ် ကစားသမား ရာဖင်ညာဟာ အက်တလက်တီကိုမက်ဒရစ် ၁-၂ ဘာစီလိုနာ ပွဲအပြီးမှာ ဒိုင်လူကြီးကို ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့တာကြောင့် ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိကြောင်း သိရပါတယ်။ ရာဖင်ညာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီး တာပင် အနေနဲ့ အိမ်ရှင် အသင်း ဘက်ကို အလေးပေးခဲ့ကြောင်း ဝေဖန် ပြစ်တင်ခဲ့တာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်