နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အာဆင်နယ် ချန်ပီယံ ဖြစ်မယ်၊ စပါး တန်းဆင်းရမယ်လို့ ခန့်မှန်းထားတဲ့ Opta စူပါကွန်ပြူတာ | ပရီးမီးယားလိဂ်

ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကတော့ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အပေါ် ဆက်တိုက် ဖိအားတွေ ပေးနေပြီး အာဆင်နယ် ကတော့ ခြေချော်မှုတွေနဲ့ စတင် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပွဲစဉ်မှာ မန်စီးတီးက အာဆင်နယ်နဲ့ ရမှတ် ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီးနောက် မြောက်လန်ဒန် တစ်ခွင်မှာ စိုးရိမ်သံတွေ ဆူညံလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ စနေနေ့က ဘုန်းမောက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ အထိ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက ချဲလ်ဆီးကို ၃-ဝ နဲ့ အနိုင်ယူခဲ့တာကြောင့် အာဆင်နယ် အနေနဲ့ ဇယားထိပ် ကနေ ၆ မှတ် အသာနဲ့သာ ဦးဆောင်ထားနိုင်ပါတော့တယ်။ ဒါ့အပြင် မန်စီးတီးက ကစားဖို့ တစ်ပွဲကျန်နေသေးတဲ့ အပြင် လာမယ့် တပတ် မှာတော့ အာဆင်နယ်ကို အက်တီဟတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရမှတ် ကွာဟချက်တွေဟာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့က ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင်အဆိုင် ဖြစ်နေပါတယ်။ ဒီတပတ်မှဦ လစ်ဗာပူးလ်က ဖူလ်ဟမ်ကို ၂-ဝ နဲ့ အနိုင်ရခဲ့တာကြောင့် အဆင့် ၅ နေရာမှာ ဖိအားကင်းကင်း ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှတ်ပေးဇယား အောက်ခြေ မှာတော့ စပါးက ဆန်းဒါးလန်းကို ၁-ဝ ဖြင့် ရှုံးခဲ့ပြီးနောက် တန်းဆင်းရမယ့် အန္တရာယ်နဲ့ ပိုမိုနီးကပ်လာခဲ့ပါတယ်။

ဒီတော့ ထုံးစံအတိုင်း Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်တွေကို ကြည့်ရအောင်ပါ။ 

 

၂၀၂၅-၂၆ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ခန့်မှန်းချက်

ခြေစွမ်း အနည်းငယ် ကျဆင်းနေပေမယ့်လည်း Opta စူပါကွန်ပျူတာ ကတော့ အာဆင်နယ်ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ရွေးချယ်ထားဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရာသီကုန်မှာ ရမှတ် ၈၂ မှတ်ခန့် ရရှိမယ်လို့ တွက်ချက်ထားတာပါ။ ဒါ့အပြင် အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေက ၈၇.၃၆ ရာခိုင်နှုန်း ရှိပေမယ့်လည်း နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်ခင်က ၉၇ ရာခိုင်နှုန်း အထိ ရှိခဲ့ရာ ကနေ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာ မန်စီးတီးရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေက ၁၂.၇၄ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပေမယ့်လည်း ၇၆ မှတ်နဲ့ ဒုတိယနေရာမှာသာ ရပ်တည်မယ်လို့ ခန့်မှန်းထားပါတယ်။

 

ချန်ပီယံလိဂ် ဝင်ခွင့် (Top 5) တိုက်ပွဲ

မန်ချက်စတာယူနိုက်တက် ကတော့ မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာပြီး ရမှတ် ၆၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်ကာ ချန်ပီယံလိဂ် ပြန်လည် ကစားခွင့်ရနိုင်မယ်လို့ ခန့်မှန်းခံထားပါတယ်။ 

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက ချန်ပီယံလုပွဲ ကနေ ဖယ်ခွာခဲ့ရပေမယ့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ၉၄.၄ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေကာ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းခြင်း ခံထားရပါတယ်။ 

လစ်ဗာပူးလ် ကတော့ မနှစ်က ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ ရမှတ် ၆၁ မှတ်နဲ့ အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နောက်ဆုံး လက်မှတ် အဖြစ် ရရှိသွားမယ်လို့လည်း Opta က ဖော်ပြပါတယ်။

နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ နိုင်ထားတဲ့ ချဲလ်ဆီး ကတော့ အဆင့် ၅ နေရာနဲ့ လွဲချော်မယ်လို့ ခန့်မှန်းခံထားရပါတယ်။ ဘရိုက်တန် ကတော့ အဆင့် ၇ (၅၅ မှတ်) နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရနိုင်ပြီး အဲဗာတန် ကတော့ ၂၀၁၈-၁၉ ဘောလုံး နောက်ပိုင်း အမြင့်ဆုံး အဖြစ် အဆင့် ၈ နေရာမှာ ရပ်တည်နိုင်မယ်လို့ Opta က ဆိုပါတယ်။ 

 

တန်းဆင်းဇုန် တိုက်ပွဲ

ဒါ့အပြင် စပါးက တန်းဆင်းရနိုင်ခြေ ၄၆.၀၆ ရာခိုင်နှုန်းအထိ ရှိနေတာကြောင့် ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
နောက်ဆုံး ၁၄ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ စပါး

လိဒ်စ်ယူနိုက်တက်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့က အဆင့် ၁၅ နဲ့ ၁၆ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းရမယ့် အန္တရာယ် ၈ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတာကြောင့် အတော်အသင့် စိတ်အေးရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း ကတော့ ရလဒ်ကောင်း တချို့ကြောင့် ရမှတ် ၃၈ မှတ် ခန့်နဲ့ တန်းဆင်းဇုန် ကနေ သီသီလေး လွတ်မြောက်မယ်လို့ ခန့်မှန်းခံထားရပါတယ်။ တော့တင်ဟမ်ဟော့စပါး ကတော့ ရောဘတ်တို ဒီဇာဘီ ရောက်ရှိလာပေမယ့်လည်း ခြေစွမ်း မတက်လာဘဲ နောက်ဆုံး ၁၂ ပွဲမှာ ၃ မှတ်ပဲ ရရှိထားပါတယ်။ ဒါ့အပြင် စပါးက တန်းဆင်းရနိုင်ခြေ ၄၆.၀၆ ရာခိုင်နှုန်းအထိ ရှိနေတာကြောင့် ပရီးမီးယားလိဂ် ကနေ တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီနောက် ဘန်လေနဲ့ ဝုလ်ဗ် တို့ကတော့ တန်းဆင်းရဖို့ ၁၀၀ ရာခိုင်နှုန်း သေချာသလောက် ရှိနေပြီး လာမယ့် ရာသီမှာ ချန်ပီယံရှစ်မှာ ကစားရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်