နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေကို ပြတ်ပြတ်သားသား တုန့်ပြန်လိုက်တဲ့ ကိုင်စီဒို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် နှင့် ချဲလ်ဆီး ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို ကတော့ သူ့အနေနဲ့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။

ကိုင်စီဒို အပေါ် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် စိတ်ဝင်စားမှု သတင်းတွေက လွန်ခဲ့တဲ့ လအနည်းငယ် ကတည်းက ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင် ကမှ ရီးရဲလ်က ကိုင်စီဒိုရဲ့ ကွင်းလယ် တွဲဖက် အန်ဇို ဖာနန်ဒက်စ်နဲ့ သတင်းတွေက ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်စ်က နည်းပြ အန်ဇို မာရက်စကာ ထွက်ခွာသွားပြီးနောက် အသင်းမှာ စိတ်မပျော်မရွှင် ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှု အပေါ် သူ့ရဲ့ တုံ့ပြန်မှုတွေ ကလည်း ဝေခွဲရခက်နေပုံပါပဲ။ သူက ချဲလ်ဆီး အပေါ် သစ္စာရှိကြောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ပေမယ့်လည်း နွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်ခြေ ကိုတော့ အပြတ်အသတ် ငြင်းဆိုထားခြင်း မရှိတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ကိုင်စီဒို ကတော့ ချဲလ်ဆီးမှာ ဆက်ရှိနေဖို့ အတွက် တွေဝေနေခြင်း မရှိပဲ အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ “အခုအချိန်မှာ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ကလပ် အသင်း အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျွန်တော်ဟာ အသင်းနဲ့ စာချုပ်ရှိနေသလို အကောင်းဆုံးလည်း စွမ်းဆောင်ချင်ပါတယ်။ ဘုရားသခင် အလိုရှိမယ် ဆိုရင် ဒီအသင်းမှာ ဂန္ထဝင် တစ်ယောက် ဖြစ်လာချင်ပါတယ်။ လက်ရှိ အတွက်တော့ ဒါပါပဲ။” လို့ ကိုင်စီဒိုက El Chiringuito နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ချဲလ်ဆီးရဲ့ ပတ်ဝန်းကျင် အခြေအနေတွေက တော်တော်လေး ဆိုးရွားနေခဲ့ပါတယ်။ နည်းပြ မာရက်စကာ ထွက်ခွာသွားမှုကြောင့် အသင်း ပိုင်ရှင်တွေ အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ယနေ့တိုင် ရှိနေသလို၊ ရလဒ်ပိုင်း ဆိုးရွားမှုနဲ့ ချန်ပီယံလိဂ် ကနေ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရမှုတွေကြောင့် အသင်း အပေါ် အပျက်သဘော ဆောင်တဲ့ အမြင်တွေ ပိုမို များပြားလာခဲ့ပါတယ်။

ဒါ့အပြင် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှု အပေါ် သူ့ရဲ့ တုံ့ပြန်မှုတွေ ကလည်း ဝေခွဲရခက်နေပုံပါပဲ။
ချဲလ်ဆီးကို စွန့်ခွာမှာ မဟုတ်ကြောင်း ပြောကြားလိုက်တဲ့ ကိုင်စီဒို

ဒါ့အပြင် အန်ဇို ဖာနန်ဒက်စ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ကလည်း အသင်း အတွက် ဖိအား တစ်ခု ဖြစ်နေခဲ့ပါတယ်။ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ်ရဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့်လည်း သူ့ရဲ့ ဒဏ်ရာ ပြဿနာကြောင့် ချဲလ်ဆီး ပရိသတ်တွေ အတွက် ပျော်ရွှင်စရာ သိပ်မရှိခဲ့ပါဘူး။

ဒါကြောင့် ကိုင်စီဒိုက ရိစ် ဂျိမ်းစ် လိုပဲ အသင်းမှာ ဆက်ရှိမယ့် အကြောင်းကို လူသိရှင်ကြား ကတိပေးလိုက်ခြင်းက ချဲလ်ဆီး အတွက် သေချာပေါက် ကြီးမားတဲ့ အားဆေး တစ်ခွက် ဖြစ်လာမှာ သေချာပါတယ်။ ကိုင်စီဒိုဟာ ၂၀၂၃ နွေရာသီမှာ ချဲလ်ဆီးသို့ ရောက်ရှိလာစဉ် ကတည်းက သူ့ရဲ့ အနှစ်သက်ဆုံး ကလပ်မှာ ချဲလ်ဆီး ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ဖူးပါတယ်။

ကိုင်စီဒိုက “ဒါဟာ ကျွန်တော် ကစားချင်ခဲ့တဲ့ တစ်ခုတည်းသော ကလပ် အသင်းပါ။” လို့ ရိစ် ဂျိမ်းစ် စာချုပ်သစ်ချုပ်ဆို အပြီးမှာ အခိုင်အမာ ပြောကြားခဲ့ဖူးပါတယ်။ ကိုင်စီဒိုက သူ့ရဲ့ သစ္စာရှိမှုကို သက်သေပြဖို့ စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ မလိုသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အီကွေဒေါသားက လန်ဒန် ကလပ်နဲ့ ၂၀၃၁ အထိ စာချုပ် သက်တမ်း ကျန်ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် သေချာတာက လက်ရှိ ကိုင်စီဒိုရဲ့ ပြောစကားတွေက စိတ်ပျက်နေတဲ့ ချဲလ်ဆီး ပရိသတ်တွေ အတွက် လူစာရင်းထဲမှာ အားကိုးရမယ့် ကစားသမားတွေ ရှိနေသေးကြောင်း သတိပေးလိုက်သလို ဖြစ်ခဲ့ပါလိမ့်မယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်