နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကာမာဗင်ဂါရဲ့ အနာဂတ် အတွက် မဆုံးဖြတ်ရသေးတဲ့ ရီးရဲလ်၊ ယာအို ပက်ဒရိုကို ခေါ်ယူဖို့ စတင်လှုပ်ရှားလာတဲ့ ဘာစီလိုနာ | လာလီဂါ

အခုတစ်ခါမှာတော့ မတ်လ ၂၄ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။ 

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို ဒီနွေရာသီမှာ ရောင်းချမလား ဆိုတာကို အပြီးသတ် မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေ ဆီကနေ ကမ်းလှမ်းမှုတွေ လာနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ် ဘက်က ကြိုတင် ပြင်ဆင်မှုတွေ ရှိနေပါတယ်။

ပီအက်စ်ဂျီ ကတော့ ဘာစီလိုနာရဲ့ လူငယ် ကြယ်ပွင့် တောင်ပံ ကစားသမား လာမင်း ယာမယ်ကို ခေါ်ယူဖို့ အတွက် မယုံနိုင်စရာကောင်းတဲ့ ပမာဏ ဖြစ်တဲ့ ယူရို ၃၅၀ သန်း အထိ ပေးချေဖို့ အသင့်ရှိနေပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ အားကစား ဒါရိုက်တာ ဒေကိုက ချဲလ်ဆီး တိုက်စစ်မှူး ယာအို ပက်ဒရိုရဲ့ အေးဂျင့်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော် ပြောဆိုထားခြင်းတော့ မရှိသေးပါဘူး။

ကိုမို အသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ နီကို ပက်ဇ်ကို ရီးရဲလ်မက်ဒရစ်ဆီ ပြန်မသွားဘဲ သူတို့ အသင်း မှာပဲ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။ အသင်းမှာ ဆက်နေမယ် ဆိုရင် သူ့ကို ပွဲထွက်လူစာရင်းမှာ ပုံမှန် နေရာ တစ်ခု ပေးသွားမယ်လို့လည်း ကမ်းလှမ်းထားကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကနေ ထွက်ခွာချင်နေတဲ့ ဇာဗီ ဆိုင်မွန်စ်ဟာ သူ့ရဲ့ ကလပ်ဟောင်း ဘာစီလိုနာကို ပြန်သွားဖို့ မျှော်လင့်နေပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း) ဟာ ဘာစီလိုနာ အတွက် လက်ခံနိုင်တဲ့ ပမာဏ ဖြစ်ပေမဲ့ အသင်း ဘက်ကတော့ သူ့ကို တကယ် ခေါ်မလား ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။

အာဆင်နယ်နဲ့ ပွဲမှာ လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးသွားခဲ့တဲ့ ရေယန် ချာကီရဲ့ ပြိုင်ဘက်ကို စော်ကားခဲ့တဲ့ အပြုအမူနဲ့ ပတ်သက်ပြီး အလန် ပါဂျူးက နုသေးတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ပြင်သစ် ကစားသမား ချာကီဟာ ဗိုလ်လုပွဲစဉ် အတွင်း စည်းဘေးနားမှာ ဘောလုံး လက်ခံရရှိချိန်မှာ ဘောလုံးကို တော့ပြီးတော့ ကစားခဲ့တာ ဖြစ်ပြီး အဲဒီလုပ်ရပ်ဟာ ဘန်ဝှိုက်ကို ဒေါသပေါက်ကွဲသွားစေခဲ့သလို လူမှုကွန်ရက်ပေါ်မှာလည်း ပြောစရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ အားကစား ဒါရိုက်တာ ဒေကိုက ချဲလ်ဆီး တိုက်စစ်မှူး ယာအို ပက်ဒရိုရဲ့ အေးဂျင့်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ချဲလ်ဆီး ကနေ ထွက်ခွာဖို့ များနေတဲ့ ယာအို ပက်ဒရို

ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ် ဂန္ထဝင် ဇနက်ဒင် ဇီဒန်းဟာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်လာတော့မယ်လို့ သတင်းထွက်နေပါတယ်။ အသက် ၅၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကြိမ် လမ်းခွဲခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း ကတည်းက နည်းပြလောကနဲ့ ဝေးကွာနေပြီး မန်ချက်စတာယူနိုက်တက် နည်းပြ ဖြစ်လာဖို့ တစ်ချိန်က ရေပန်းစားခဲ့ဖူးပါတယ်။ 

ယူနိုက်တက်ဟာ အမော်ရင်ကို နည်းပြမခန့်ခင် ဇီဒန်းနဲ့ သတင်းထွက်ခဲ့ဖူးသလို အဲဒီမတိုင်ခင် အဲရစ်ခ် တန်ဟက်ဂ် နည်းပြမဖြစ်လာခင် မှာလည်း ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့ပေမယ့် လက်တွေ့မှာတော့ မဖြစ်လာခဲ့ပါဘူး။ ဒါပေမယ့် ဇီဒန်းဟာ လက်ရှိ မှာတော့ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်လာတော့မှာ ဖြစ်ပြီး ပြင်သစ် နာမည်ကျော် သတင်းစာ Le Parisien ရဲ့ ဖော်ပြချက်အရ ဇီဒန်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြင်သစ်နဲ့ ဝက်စ်ဟမ်း ကွင်းလယ် တိုက်စစ် ကစားသမားဟောင်း ဒီမီထရီ ပါယက်ဟာ ကစားသမား ဘဝ ကနေ အနားယူသွားခဲ့ပါတယ်။ အသက် ၃၈ နှစ် အရွယ်သာ ရှိသေးတဲ့ ပါယက်ဟာ ပြင်သစ် အသင်း အတွက် ၃၈ ပွဲ ကစားပေးခဲ့ပြီး ယူရို ၂၀၁၆ ဗိုလ်လုပွဲ တက်ရောက်စေဖို့ ကူညီပေးခဲ့ပါတယ်။ ပါယက်ဟာ ဝက်စ်ဟမ်း အပြင် ကစားသမားဘဝမှာ နန့်စ်၊ စိန့်အက်တီယန်နီ၊ လိုင်လီစတဲ့ ပြင်သစ် ကလပ်တွေ အပြင် ဘရာဇီးလ် ကလပ် ဗက်စကိုဒဂါးမား မှာလည်း ကစားခဲ့ပါတယ်။ သူ့ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ ဗက်စကိုဒဂါးမားနဲ့ လမ်းခွဲပြီးကတည်းက အသင်း လက်မဲ့ ဖြစ်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်