ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး ယာအို ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဖီးလစ် ကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကစားရမယ့် အခွင့်အရေး အတွက် စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ပေါ်တူဂီသားက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ ကစားဖူးပေမယ့် မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်လို့ သူ့ကို ခေါ်ယူဖို့က အနည်းငယ်တော့ စိုးရိမ်စရာကောင်းနေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က လစ်ဗာပူးလ်တို့ ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကို ဘေယန်မြူးနစ် တောင်ပံ ကစားသမား မိုက်ကယ် အိုလီဆေးရဲ့ မိသားစုဝင်တွေ လာရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်ဟာ အိုလီဆေးကို မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံး အဖြစ် သတ်မှတ်ထားပြီး ယူရို သန်း ၁၀၀ (ပေါင် ၈၆.၇ သန်း) ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးရဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပါတယ်။ ချဲလ်ဆီး ဘက်ကလည်း ဒီစိတ်ဝင်စားမှုကို အသုံးချပြီး ဂျာမနီ လက်ရွေးစင် နောက်ခံလူ နစ်ခ် ဝေါလ်တီမာဒါနဲ့ အလဲအထပ် လုပ်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘဲ အာဆင်နယ် ကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ထားကြောင်း သိရပါတယ်။ အဲလ်ဗာရက်ဇ်ကို ဘာစီလိုနာ အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက ခေါ်ယူချင်နေပေမယ့်လည်း ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ အခက်အခဲ ရှိနေကြကြောင်း သိရပါတယ်။
တဖက် မှာလည်း လိုင်လီ ကွင်းလယ်လူ အာယွတ်ဘ် ဘူဒီကို အာဆင်နယ် ကင်းထောက်တွေက ဆက်လက် စောင့်ကြည့်နေပါတယ်။ သူ့ကို ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်စီးတီးတို့ ကလည်း မျက်စိကျနေကြပါတယ်။
အာဆင်နယ်ဟာ ဘေယန်မြူးနစ် ကွင်းလယ်လူ လီယွန် ဂိုရက်စ်ကာကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အေစီမီလန် ကပါ ကြားဖြတ် စိတ်ဝင်စားလာတာကြောင့် အခက်တွေ့နေရပါတယ်။ ဂျာမန်သား ကတော့ ရာသီကုန်မှာ ဘေယန်မြူးနစ်က ထွက်ခွာဖို့ သေချာနေပြီး ဥရောပထိပ်တန်း ကလပ် အသင်း တစ်သင်းမှာ သူ့ရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ စဉ်းစားနေသူ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အေစီမီလန် ဗဟိုနောက်ခံလူ စထရာဟင်ဂျာ ပက်ဗ်လိုဗစ်ကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၄၀ (ပေါင် ၃၄.၇ သန်း) ပေးချေဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ အေစီမီလန် ဘက်ကတော့ အခုထက် ပိုများတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်နေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာက သူတို့ရဲ့ ကွင်းလယ်လူ မော်ဂန် ရော်ဂျာ် အတွက် ပေါင် သန်း ၁၀၀ သတ်မှတ်ထားပေမယ့် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ကတော့ လက်လျှော့ခြင်း မရှိဘဲ ဒီနွေရာသီမှာ အဆိုပါ အင်္ဂလန်ကစားသမားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားဟာ ဂျူဗင်တပ်စ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
ဝက်စ်ဟမ်း အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခံနေရတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီး ကတော့ အသင်း ကနေ ထွက်ခွာမယ် ဆိုရင် စီးရီးအေကို ပြန်ဖို့ပဲ ဦးစားပေးမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။
ဘေယန်မြူးနစ်ဟာ သူတို့ရဲ့ နောက်ခံလူ ကင်မင်ဂျေးကို ရောင်းထုတ်နိုင်ခဲ့ရင် စပါး အသင်းရဲ့ လူငယ်နောက်ခံလူ လူကာ ဗူစကိုဗစ်ကို ခေါ်ယူဖို့ စဉ်းစားလာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


