နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဖောရက်စ်ကို အိမ်ကွင်းမှာ ရှုံးပြီး တန်းဆင်းရနိုင်ခြေ ပိုများလာတဲ့ တော့တင်ဟမ် | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး ကတော့ အခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ မှာ နော့တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် စပါးဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အန္တရာယ် ဖိအားတွေအောက် ပိုမို ရောက်ရှိလာခဲ့ပြီးတော့ နည်းပြ အီဂေါ တူဒါရဲ့ အနာဂတ်ဟာ အတော်လေး စိုးရိမ်စရာ အခြေအနေကို ရောက်ရှိသွားပါပြီ။ ဒီပွဲ အပြီးမှာ စပါးဟာ တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟနေပါတော့တယ်။

 

ပွဲစဉ်အကျဉ်း 

တန်းဆင်းဇုန်က လွတ်မြောက်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ စပါးဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ဖောရက်စ်ကို စိတ်ဓာတ်ပိုင်းအရရော၊ ခြေစွမ်းပိုင်းအရပါ ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပါဘူး။ ပွဲမစခင်မှာ စပါး ပရိသတ်တွေက နည်းပြနဲ့ အသင်းသားတွေကို အားတက်သရော ကြိုဆိုခဲ့ကြပေမယ့် အသင်းရဲ့ ညံ့ဖျင်းလွန်းတဲ့ ကစားပုံကြောင့် ခရိုအေးရှား လူမျိုး နည်းပြ တူဒါရဲ့ ရာထူးဟာ နိုင်ငံတကာ ပွဲစဉ် နားရက် မတိုင်ခင်မှာပဲ ပြုတ်လုနီးပါး ဖြစ်နေပါပြီ။

လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းနဲ့ ၁ မှတ်သာ ကွာဟပြီး ဘန်လေနဲ့ ၁၀ မှတ်၊ ဝုဗ်နဲ့တော့ ၁၃ မှတ် ကွာဟနေပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟနေတဲ့ တော့တင်ဟမ်ဟော့စပါး

စပါးဟာ ပထမပိုင်း တလျှောက်လုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးတိုင် ၂ ကြိမ် ထိမှန်ခဲ့ပါတယ်။ ကီဗင် ဒန်ဆိုရဲ့ လက်ပစ်ဘော ကနေ တဆင့် အီဂေါ ဂျေဇုစ် ခေါင်းတိုက်တာ ဂိုးဘားတန်း ထိခဲ့သလို၊ မက်သီ တဲလ်ရဲ့ အဝေးကန်ချက် ကိုလည်း ဖောရက်စ် ဂိုးသမား ဆဲလ်စ် ပုတ်ထုတ်ရာ ကနေ ဘားတန်း ပြန်ထိခဲ့ပြီး ဂိုးမဝင်ခဲ့ပါဘူး။ ဒါပေမယ့် ပထမပိုင်း ပြီးခါနီး ၄၅ မိနစ်မှာ နီကို ဝီလီယမ်စ် ကန်တင်ပေးလိုက်တာကို အီဂေါ ဂျေဇုစ် ကပဲ စပါး ဂိုးသမား ဗစ်ကာရီယိုကို ကျော်ဖြတ်ကာ ဖောရက်စ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ စပါးတို့ အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ရဲ့ ကန်ချက်ကို ဂိုးသမား ဗစ်ကာရီယို ကာကွယ်ရာမှာ ပေါ့ဆခဲ့လို့ လက်ကြားထဲကနေ ထွက်ပြီး အလွယ်တကူ ဂိုးဝင်သွားခဲ့ပါတယ်။ ပွဲပြီးခါနီး ၈၇ မိနစ်မှာ လူစားဝင် ကစားသမား တိုင်ဝို အေဝွန်နီယီက ဖောရက်စ် အတွက် တတိယဂိုး သွင်းယူခဲ့ပါတယ်။ ပွဲအပြီး မှာတော့ စပါး ပရိသတ်တွေက သူတို့ အသင်းကို လှောင်ပြောင် ဝေဖန်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အခြေအနေ တစ်ခုနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။ ပွဲစဉ် ၃၁ အပြီးမှာ ရမှတ် ၃၀ သာ ရရှိထားတာဟာ စပါးရဲ့ သမိုင်းတစ်လျှောက် (နိုင်ပွဲကို ၃ မှတ်နှုန်းနဲ့ တွက်ချက်ရင်) အဆိုးရွားဆုံး မှတ်တမ်းပါ။ အရင်က ၁၉၁၄-၁၉၁၅ ဘောလုံးရာသီမှာ ဒီလို ရမှတ်မျိုး ရခဲ့ဖူးပြီး အဲဒီအချိန်တုန်းက တန်းဆင်းခဲ့ရပါတယ်။

လက်ရှိမှာ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲမရသေးပါဘူး (၅ ပွဲ သရေ၊ ၈ ပွဲ ရှုံး)။ ဒါဟာ ၁၉၁၂ ခုနှစ်က မှတ်တမ်းဆိုးကို ပြန်လည်လိုက်မီသွားတာ ဖြစ်ပါတယ်။ ၁၉၃၄-၁၉၃၅ ခုနှစ်တုန်း ကတော့ ၁၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ဖူးပြီး အဲဒီနှစ်မှာလည်း တန်းဆင်းခဲ့ရပါတယ်။

နည်းပြ အီဂေါ တူဒါဟာ ဂျူဗင်တပ်စ်နဲ့ စပါး အသင်းတွေမှာ တာဝန်ယူခဲ့တဲ့ နောက်ဆုံး လိဂ် ၁၀ ပွဲ ဆက်တိုက် နိုင်ပွဲ မရသေးပါဘူး။ ဒါကြောင့် ဧပြီလ ၁၂ ရက်နေ့ ဆန်းဒါးလန်းနဲ့ ပွဲစဉ်မှာ သူ အသင်းကို ဆက်လက် ကိုင်တွယ်ခွင့် ရ၊ မရ ဆိုတာ ကတော့ စောင့်ကြည့်ရဦးမှာပါ။

လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းနဲ့ ၁ မှတ်သာ ကွာဟပြီး ဘန်လေနဲ့ ၁၀ မှတ်၊ ဝုဗ်နဲ့တော့ ၁၃ မှတ် ကွာဟနေပါတယ်။ ဒါကလည်း ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့လို့သာ စပါးတို့ ကံကောင်းပြီး ကျော်တက်မခံခဲ့ရတာ ဖြစ်ပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အဖြစ် ဆန်းဒါးလန်း၊ ဘရိုက်တန်၊ ဝုဗ်၊ အက်စတွန်ဗီလာ၊ လိဒ်စ်၊ ချဲလ်ဆီး၊ အဲဗာတန် တို့နဲ့ ကစားရပါဦးမယ်။ လက်ရှိ ခြေစွမ်းနဲ့ အဘက်ဘက်မှာ ကျဆင်းနေမှု အရတော့ စပါး အတွက် လက်ကျန် ပွဲစဉ် ၇ ပွဲစလုံးက လွယ်ကူဖို့တော့ မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်