နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကာရစ်ခ်က ယူနိုက်တက်မှာ ထူးချွန်စွာ လုပ်ဆောင်နေတယ်လို့ ချီးကျူးလိုက်တဲ့ ရက်ကလစ်ဖ် | ပရီးမီးယားလိဂ်

ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ စွမ်းဆောင်ရည် အပေါ် ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်ကတ် အသင်း ပူးတွဲပိုင်ရှင် ဆာ ဂျင်မ် ရက်ကလစ်ဖ်က ချီးကျူးလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာရှင် တစ်ဦး ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်က လက်ရှိမှာ ယာယီ နည်းပြ အဖြစ် တာဝန်ယူနေတဲ့ မိုက်ကယ် ကာရစ်ခ်ရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ် အားရနေပြီး “ထူးချွန်ကောင်းမွန်စွာ စွမ်းဆောင်ပေးနေကြောင်း ချီးကျူးကစား ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ရက်ကလစ်ဖ်က ကာရစ်ခ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

မန်ယူနိုက်တက်ရဲ့ ကွင်းလယ်လူဟောင်းလည်း ဖြစ်တဲ့ မိုက်ကယ် ကာရစ်ခ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင် အမော်ရင် ရာထူး ကနေ ထုတ်ပယ်ခံရပြီးနောက် အိုးထရက်ဖို့ဒ်ဆီ ယာယီ နည်းပြ အဖြစ် ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကာရစ်ခ် တာဝန်ယူခဲ့တဲ့ ကာလ အတွင်း ယူနိုက်တက်ရဲ့ ရလဒ်တွေဟာလည်း သိသိသာသာ ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။ သူ ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၈ ပွဲမှာ ၆ ပွဲ အထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။

အဆိုပါ ကာလ အတွင်း ယူနိုက်တက်က စုစုပေါင်း ရမှတ် ၁၉ မှတ် အထိ ရရှိခဲ့ပြီး၊ ဒါဟာ ပရီးမီးယားလိဂ် အသင်း အားလုံးထဲမှာ အများဆုံး ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒီလို ကောင်းမွန်တဲ့ ရလဒ်တွေကြောင့် အသက် ၄၄ နှစ် အရွယ် ကာရစ်ခ်ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ ကာရစ်ခ်ကို အသင်း ပိုင်ရှင်တွေသာမက အသင်း ပရိသတ် တော်တော်များများ ကလည်း ထောက်ခံ အားပေးနေပြီး အချိန်ပေး ခန့်အပ်ဖို့ လိုလားနေပါတယ်။

ကာရစ်ခ်ကို အမြဲတမ်း နည်းပြ အဖြစ် စာချုပ်သက်တမ်းတိုးဖို့ ရှိ၊ မရှိ မေးမြန်းရာ မှာတော့ ရက်ကလစ်ဖ်က “အဲဒီ အကြောင်း ကိုတော့ ကျွန်တော် မပြောလိုသေးပါဘူး။ ဒါပေမယ့် သူဟာ တကယ်ကို ထူးထူးချွန်ချွန် လုပ်ဆောင်နေတယ် ဆိုတာ ကတော့ အကြွင်းမဲ့ အမှန်ပါပဲ။” လို့ ဖြေကြားခဲ့ပါတယ်။

အဆိုပါ ကာလ အတွင်း ယူနိုက်တက်က စုစုပေါင်း ရမှတ် ၁၉ မှတ် အထိ ရရှိခဲ့ပြီး၊ ဒါဟာ ပရီးမီးယားလိဂ် အသင်း အားလုံးထဲမှာ အများဆုံး ရရှိထားတာလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဗီလာကို အနိုင်ရဖို့ လိုအပ်တဲ့ ယူနိုက်တက်

ရက်ကလစ်ဖ်ရဲ့ လက်ရှိ အဓိက ရည်မှန်းချက် ပန်းတိုင် ကတော့ ယူနိုက်တက်ကို သုံးရာသီ အတွင်း ပထမဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေဖို့ ဖြစ်ပါတယ်။ လောလောဆယ်မှာ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အက်စတွန်ဗီလာနဲ့ ရမှတ်တူ နေပေမယ့် ဂိုးကွာခြားချက် အသာနဲ့ ရှေ့က ပြေးနေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ရက်ကလစ်ဖ်က “ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ကိုပဲ အာရုံစိုက်နေပါတယ်။ ဒါပေမယ့် လိဂ်ပွဲစဉ် ၇ ပွဲ၊ ၈ ပွဲလောက် ကျန်နေသေးတာကြောင့် အချိန်တော့ အနည်းငယ် လိုပါသေးတယ်။” လို့ ရက်ကလစ်ဖ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီကနေ့ည အိုးထရက်ဖို့ဒ်မှာ အက်စတွန်ဗီလာနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အကယ်၍ ဒီပွဲမှာသာ အနိုင်ရခဲ့ရင် ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဆင့် ၃ နေရာကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗီလာနဲ့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရထားတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ယူနိုက်တက်က ၃ ကြိမ်နိုင်ပြီး ဗီလာက ၁ ကြိမ် နိုင်ကာ၊ ၁ ကြိမ် သရေကျထားပါတယ်။

တဖက်မှာလည်း နည်းပြ အူနိုင်း အမ်မရီဟာ ဗီလာ နည်းပြဘဝ ၁၀၁ ကြိမ်မြောက် နိုင်ပွဲကို ရယူလိုနေပြီး ပရီးမီးယားလိဂ်မှာ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်ဖို့ မျှော်လင့်ထားပါလိမ့်မယ်။ ဇန်နဝါရီလက စလို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားတဲ့ အတွက် ဗီလာတို့ ချန်ပီယံဆု မျှော်လင့်ချက် ဝေးကွာသွားခဲ့ရပြီး အခုတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး အတွက် ကျန်ရှိနေတဲ့ ၉ ပွဲမှာ အစွမ်းကုန် ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်