ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ရောဘတ် လီဝမ်ဒေါစကီး တင်ရှိထားတဲ့ ဘွန်ဒက်စ်လီဂါ တစ်ရာသီ အတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်ကို ထပ်မံ ချိုးဖျက်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့် ပိုလန် တိုက်စစ်မှူးကြီး လီဝမ်ဒေါစကီး ကတော့ သူစံချိန်တင်စဉ်က ကစားခဲ့ရတဲ့ ပွဲအရေအတွက်ကို ထောက်ပြကာ ဟယ်ရီကိန်းကို စနောက် ကျီစယ်လိုက်ပါတယ်။
ထိပ်တန်း တိုက်စစ်မှူး နှစ်ဦးရဲ့ အားပြိုင်မှု
ဟယ်ရီကိန်းနဲ့ ရောဘတ် လီဝမ်ဒေါစကီး တို့ဟာ ၎င်းတို့ မျိုးဆက်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေ အဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ လီဝမ်ဒေါစကီး ဘာစီလိုနာကို ထွက်ခွာသွားပြီးနောက် ၂၀၂၃ ခုနှစ်မှာ ၎င်းရဲ့ နေရာကို အစားထိုးဖို့ ဟယ်ရီကိန်း ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ် အရွယ် လီဝမ်ဒေါစကီးဟာ မြူးနစ်မှာ ၈ နှစ်ကြာ ကစားခဲ့ပြီး ဘွန်ဒက်စ်လီဂါ ၂၅၃ ပွဲမှာ ၂၃၈ ဂိုး သွင်းယူကာ ရာသီတိုင်းမှာ လိဂ်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပါတယ်။ ဟယ်ရီ ကိန်း ကတော့ လေဗာကူဆင် ဗိုလ်စွဲခဲ့တဲ့ ရာသီအပြီးမှ ဘေယန်ကို ဂျာမနီ ဘောလုံးလောကရဲ့ ထိပ်ဆုံးကို ပြန်လည် ရောက်ရှိအောင် ဦးဆောင်နေသူ ဖြစ်ပါတယ်။
လီဝမ်ဒေါစကီးရဲ့ စနောက်မှုနဲ့ လက်ရှိအခြေအနေ
လီဝမ်ဒေါစကီးက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဂတ် မူလာရဲ့ နှစ် ၅၀ ကြာ တည်ရှိခဲ့သော စံချိန်ကို ချိုးဖျက်ကာ တစ်ရာသီ အတွင်း ၄၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထူးခြားချက်က သူဟာ အဲဒီ ၄၁ ဂိုးကို ၂၉ ပွဲ သာ ကစားပြီး သွင်းယူခဲ့ခြင်းဖြစ်ကာ တစ်ပွဲ ပျမ်းမျှ ၁.၄၁ ဂိုးနှုန်း အထိ ရှိခဲ့ပါတယ်။

ဒီရာသီ မှာတော့ ဟယ်ရီကိန်းက ၂၄ ပွဲ ကစားပြီးချိန်မှာ ဂိုး ၃၀ သွင်းယူထားပါတယ်။ ဒါကြောင့် လီဝမ်ဒေါစကီးရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ ကျန်ရှိနေတဲ့ ၁၀ ပွဲမှာ ၁၂ ဂိုး သွင်းယူရန် လိုအပ်နေပါတယ်။ ဒါနဲ့ ပတ်သတ်လို့ လီဝမ်ဒေါစကီးက Sky Sports Germany နဲ့ အင်တာဗျူးမှာ “ဟယ်ရီကိန်းက ဂိုးတွေ အများကြီး သွင်းနေသလို အရမ်းလည်း ကောင်းကောင်း ကစားနေပါတယ်။ ဒါပေမယ့် ကျွန်တော် ဒါကို ၂၉ ပွဲတည်းနဲ့ လုပ်ခဲ့တာကို မြင်တော့… အကယ်၍ ကျွန်တော်သာ ၃၄ ပွဲလုံး ကစားခဲ့ရင် ဘယ်လောက်တောင် သွင်းမလဲဆိုတာ စဉ်းစားကြည့်လို့တောင် ရပါတယ်။” လို့ ဆိုပါတယ်။
လီဝမ်ဒေါစကီးက ဒီရာသီမှာ ဒူးဒဏ်ရာကြောင့် ၄ ပွဲ လွဲချော်ခဲ့တာကြောင့် ပွဲအရေအတွက် နည်းပါးသွားတာ ဖြစ်ပါတယ်။ “သူ့ကြောင့် (ဟယ်ရီကိန်းကြောင့်) ကျွန်တော့် စံချိန် အတွက် ကျွန်တော် ပိုပြီး ဂုဏ်ယူနေရတယ်။” လို့လည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဒါဆို ဟယ်ရီကိန်း စံချိန်ချိုးနိုင်မလား
ကိန်းဂဏန်းတွေအရ ဟယ်ရီကိန်းဟာ တစ်ပွဲကို ၁.၂၅ ဂိုးနှုန်း သွင်းယူနေပြီး ဒီနှုန်း အတိုင်း ဆိုရင် ရာသီအကုန်မှာ ၄၂ ဂိုးခန့်နဲ့ စံချိန်ချိုးနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ဒါပေမယ့် ၎င်း အတွက် အဟန့်အတား တချို့ ရှိလာခဲ့ပါတယ်။
ဟယ်ရီကိန်းက ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ညက ကစားခဲ့တဲ့ မိုချန်ဂလာဘတ်နဲ့ ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒီပွဲမှာ ဘေယန်မြူးနစ်က ဂလာဘတ်ကို ၄-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကိန်း အတွက်တော့ သွင်းဂိုးတွေ ထပ်ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်း အနေနဲ့ ကျန်ရှိတဲ့ ၉ ပွဲမှာ ၁၂ ဂိုး (တစ်ပွဲလျှင် ၁.၃၃ ဂိုးနှုန်း) သွင်းယူရတော့မှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်ဟာ ရာသီကုန်ခါနီးမှာ ဘွန်ဒက်စ်လီဂါ ဇယား အောက်ခြေက အသင်းတွေနဲ့ ကစားရဖို့ ကျန်ရှိနေပါသေးတယ်။ အထူးသဖြင့် ခံစစ် အညံ့ဆုံး ဖြစ်တဲ့ ဝုဖ်ဘတ်နဲ့ ဟိုက်ဒန်ဟိမ်း တို့နဲ့ ပွဲစဉ်တွေမှာ အသက် ၃၂ နှစ် အရွယ် ဟယ်ရီကိန်း အတွက် ဂိုးများများ သွင်းဖို့ အခွင့်အရေးကောင်းတွေ ဖြစ်လာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


