ဖေဖော်ဝါရီ ၇ ရက် နေ့လည်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဘေယန်မြူးနစ် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာက ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အမ်းမရိတ်စ်ဆီ ပြောင်းရွှေ့ခြင်းက သူ့ရဲ့ ကစားသမားဘဝ အတွက် ကောင်းမွန်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဒရီ ဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး ဘက်က ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး ဒီနှစ်မှာလည်း အသင်းမှာ ဆက်ထိန်းထားဖို့ ပိုမိုခိုင်မာစွာ ဆုံးဖြတ်ထားပါတယ်။
နယူးကာဆယ် ကတော့ ၎င်းတို့ရဲ့ ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို အာဆင်နယ်၊ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တို့က စိတ်ဝင်စားနေတာကြောင့် ၎င်းကို လက်လွှတ်ရမယ် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ (ပေါင် ၈၆.၉ သန်းခန့်) အထိ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
ဂျူဗင်တပ်စ် အသင်းက အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကို ခေါ်ယူလိုပေမယ့်လည်း အာတေးတားက အသင်းမှာ ဆက်ထိန်းချင်နေပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်တို့ မတတ်နိုင်တဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်ဖွယ် ရှိနေပါတယ်။
ချဲလ်ဆီးနဲ့ မန်စီးတီး တို့က ဘေယန်မြူးနစ်ရဲ့ အသက် ၂၁ နှစ် အရွယ် ကွင်းလယ်လူ အလက်ဇန္တား ပက်ဗလိုဗစ်ကို ချဉ်းကပ်မှုတွေ ရှိနေပေမယ့်လည်း ကစားသမား ကိုယ်တိုင်က လက်ရှိ ကလပ်မှာပဲ ဆက်နေလိုနေပါတယ်။
တော့တင်ဟမ်ဟော့စပါးမှာ မပျော်မရွှင် ဖြစ်နေတဲ့ မစ်ကီ ဗန်ဒီဗန်က ရာသီအကုန်မှာ ဘာစီလိုနာ သို့မဟုတ် လစ်ဗာပူးလ်ထံ ပြောင်းရွှေ့ဖို့ အခွင့်အရေးကို စောင့်ကြည့်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူဖို့ အခြေအနေမှာ ထင်ထားတာထက် ပိုမို နီးစပ်နေပါတယ်။ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်ဟာ အသက် ၃၀ နီးပါး ကစားသမားတွေ အတွက် ယူရို သန်း ၄၀ ထက် ပိုမပေးသည့် ၎င်းရဲ့ ကိုယ်ပိုင် စည်းကမ်းကို ချိုးဖောက်ပြီး ရိုဒရီ အတွက် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အကယ်၍ အန်ဒီ ရော်ဘတ်ဆန်သာ အသင်း ကနေ ထွက်ခွာခဲ့ရင် လစ်ဗာပူးလ်က အင်တာမီလန် နောက်ခံလူ ဖက်ဒရစ်ကို ဒီမာကိုကို ခေါ်ယူဖို့ ကြိုးပမ်းလာဖို့ ရှိနေပါတယ်။ သူ့ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့ အပြင် ရီးရဲလ်မက်ဒရစ် ကလည်း စောင့်ကြည့်နေပါတယ်။
ရီးရဲလ်မက်ဒရစ်က လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို နွေရာသီရဲ့ အဓိက ပစ်မှတ်အဖြစ် ပြန်လည် သတ်မှတ်လိုက်ပါတယ်။ ကိုနတေး ကိုယ်တိုင် ကလည်း အန်းဖီးလ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း သိရပါတယ်။
နယူးကာဆယ် ကတော့ ဖရန်ကီ ဒီယောင်နဲ့ ဖာရန်း တောရက်စ် တို့ကို ခေါ်ယူလိုနေပါတယ်။ တစ်ဖက်မှာလည်း ဘာစီလိုနာက မန်စီးတီး နောက်ခံလူ နာသန် အေခီကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ခရစ္စတင်ဆန် ကတော့ လစာလျှော့ယူ ရမယ့် စာချုပ်သစ်ကို မတုံ့ပြန်သေးဘဲ တခြား ကမ်းလှမ်းမှုတွေကို စောင့်ကြည့်နေပါတယ်။
ချဲလ်ဆီးဟာ ပါးလ်မီးရက်စ် တိုက်စစ်မှူး ဗစ်တာ ရော့ခ် အတွက် ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေပါတယ်။ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ရင်တော့ ကစားသမားဟောင်း ဖြစ်တာကြောင့် ဘာစီလိုနာ အနေနဲ့လည်း ငွေကြေး အကျိုးအမြတ် ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ် ကတော့ အက်စတွန်ဗီလာက ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အပြီးသတ် ဝယ်ယူမယ့် အခွင့်အရေးကို အသုံးချဖို့ မျှော်လင့်နေပါတယ်။ အက်စတွန်ဗီလာက မဝယ်ဖြစ်ရင်တော့ တခြား ကလပ်တွေကို ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
ဒူဆန် ဗလာဟိုဗစ်သာ ဂျူဗင်တပ်စ်မှာ စာချုပ်သစ်ချုပ်ဆို ဖြစ်လျှင် ဂျိုနသန် ဒေးဗစ်ကို ရောင်းထုတ်မည် ဖြစ်ရာ ဗီလာ၊ ဘရိုက်တန်၊ အဲဗာတန်၊ လိဒ်စ်၊ ယူနိုက်တက်၊ နယူးကာဆယ်၊ ဖောရက်စ်၊ ဆန်းဒါးလန်းနဲ့ စပါးတို့ ကဲ့သို့ အသင်းပေါင်းစုံနဲ့ ဆက်သွယ်မှုတွေ ရှိနေပါတယ်။
စပါး တိုက်စစ်မှူးဟောင်း ထရွိုင် ပါးရော့တ်ကို ခေါ်ယူဖို့ လိဒ်စ်နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စားနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


