ညက ယှဉ်ပြိုင်ကစားသွားတဲ့ ဗီလာပါ့ခ်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာတော့ ချဲလ်ဆီးက အက်စတွန်ဗီလာကို ၁-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပွဲစလို့ ၂ မိနစ် အတွင်း မှာတင်ပဲ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် တိုက်စစ်မှူး ယာအို ပက်ဒရိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ အက်စတွန်ဗီလာကို ဂိုးပြတ် အနိုင်ယူပြီး နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ဘရာဇီးလ် တိုက်စစ်မှူး ယာအို ပက်ဒရိုဟာ ချဲလ်ဆီး အတွက် ဟက်ထရစ် သွင်းယူပေးခဲ့တဲ့ သူရဲကောင်း ဖြစ်ခဲ့သလို ကိုးလ် ပါးလ်မား သွင်းယူခဲ့တဲ့ ဂိုးအတွက်လည်း ဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် နည်းပြ လီယမ် ရိုစီနီယာရဲ့ ချဲလ်ဆီးဟာ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာတင် ဗီလာ အတွက် ဦးဆောင်ဂိုးကို ဒေါက်ဂလပ်စ် လူးဝစ်က သွင်းယူပေးခဲ့တာပါ။ လီယွန် ဘိုင်လီရဲ့ ကန်တင်ပေးမှုကို အိုလီ ဝက်ကင်န်က အပိုင် ကျော်ဖြတ်ခွင့်ပေးခဲ့ရာ ကနေ လူးဝစ်က ချဲလ်ဆီး ဂိုးသမား ဖိလစ် ဂျော်ဂျန်ဆန်ကို ကျော်ဖြတ်ပြီး လှပစွာ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်းက စပြီး ချဲလ်ဆီးက ကောင်းကောင်း တုံ့ပြန် ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ မာလို ဂူစတိုရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ယာအို ပက်ဒရိုက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်း နာကျင်အချိန်ပို မှာတော့ အန်ဇို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှု ကနေ တဆင့် ပက်ဒရို ကပဲ ဒုတိယဂိုး သွင်းယူပြီး ချဲလ်ဆီးကို ဦးဆောင်စေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ် အရောက် မှာတော့ ရိစ် ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို ဗီလာဂိုးသမား မာတီနက်စ် ဖျက်ထုတ်ရာမှာ ယာအို ပက်ဒရိုနဲ့ ထိပြီး ကိုးလ် ပါးလ်မားဆီ ရောက်ရှိသွားခဲ့ရာ ကနေ ပါးလ်မားက တတိယဂိုး အဖြစ် ကန်သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ် မှာတော့ ပါးလ်မားရဲ့ ဖန်တီးပေးမှု ကနေ အလက်ဟန်ဒရို ဂါနာချိုက တစ်ဆင့် ယာအို ပက်ဒရိုက သူရဲ့ ဟက်ထရစ်ဂိုးကို အပိုင် ပိတ်သွင်းပြီး ပွဲကို အပြတ်ဖြတ်နိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ချဲလ်ဆီးဟာ အက်စတွန်ဗီလာကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ၁၄ ပွဲအထိ အနိုင်ရရှိထားပါတယ်။ ဒါဟာ စပါး (၁၇ ပွဲ) နဲ့ ဆောက်သမ်တန် (၁၅ ပွဲ) တို့ ပြီးရင် ချဲလ်ဆီး အတွက် အဝေးကွင်း နိုင်ပွဲ အများဆုံး ရရှိထားတဲ့ ကွင်းလည်း ဖြစ်နေပါတယ်။
ယာအို ပက်ဒရိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်းမှာ ၄ ဂိုးစလုံး (၃ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး) မှာ ပါဝင် ပတ်သက်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ်မှာ ဟက်ထရစ် သွင်းယူနိုင်တဲ့ ၈ ယောက်မြောက် ဘရာဇီးလ်သား ဖြစ်လာပါတယ်။ ထူးခြားတာက ယာအို ပက်ဒရို နောက်ဆုံး သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ် ၁၂ ဂိုးစလုံးဟာ ဗီလာပါ့ခ်ကွင်းမှာပဲ ဖြစ်နေပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ကစားသမား တစ်ဦးတည်းက ကွင်းတစ်ခုတည်းမှာ ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ အရှည်ကြာဆုံး စံချိန်လည်း ဖြစ်ပါတယ်။
အက်စတွန်ဗီလာဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (အာဆင်နယ်နဲ့ ပွဲ) နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် သူတို့ရဲ့ အိမ်ကွင်းမှာ ဦးဆောင်ဂိုး ရရှိပြီးမှ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ကတော့ အိမ်ကွင်းမှာ ဦးဆောင်နိုင်တဲ့ ၄၅ ပွဲ ဆက်တိုက် (၃၉ ပွဲ နိုင်၊ ၆ ပွဲ သရေ) ရှုံးပွဲမရှိ စံချိန်တင်ထားခဲ့တာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


