နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆာကာရဲ့ မှတ်တိုင်သစ်နဲ့ အတူ ဇယားထိပ် ကနေ ၇ မှတ် ဖြတ်နိုင်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို ဘူကာယို ဆာကာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ တဖက်မှာ မန်ချက်စတာစီးတီးက နော့တမ်ဟမ်ဖောရက်စ်နဲ့ သရေကျသွားခဲ့တာကြောင့် အာဆင်နယ် အတွက် ဒီနိုင်ပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့အတွက် အလွန်အရေးပါတဲ့ ရလဒ် တစ်ခု ဖြစ်ခဲ့ပြီး လောလောဆယ် မှာတော့ အမှတ်ပေးဇယားကို ၇ မှတ် အထိ ဖြတ်တောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဘူကာယို ဆာကာက အာဆင်နယ် အတွက် ပွဲပေါင်း ၃၀၀ ပြည့်မြောက်ခဲ့ပြီး အဖိုးတန် အနိုင်ဂိုး ကိုလည်း သွင်းယူပေးနိုင်ခဲ့တာ အမှတ်တရ ဖြစ်ခဲ့မှာ သေချာပါတယ်။ ပွဲချိန် အစောပိုင်းမှာ ဆာကာ ကန်သွင်းလိုက်တဲ့ ဘောလုံးဟာ ဘရိုက်တန် ကစားသမား ကားလို့စ် ဘယ်လီဘာ့နဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ဂိုးသမား ဗာဘရက်ဂျန်လည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။

ပွဲချိန်အတွင်းမှာ ဘရိုက်တန် ဘက်ကလည်း အားရစရာ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘယ်လီဘာ့ဟာ ဂိုးသမား ဒါးဗစ် ရာယာကို ကျော်ပြီး ဂိုးသွင်းခဲ့ပေမယ့် နောက်ခံလူ ဂါဘရီရယ် မက်ဂါဟေးစ် အချိန်မီ ဖျက်ထုတ်နိုင်ခဲ့လို့ အာဆင်နယ်တို့ သက်သာရာရခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း ဘရိုက်တန် တိုက်စစ်မှူး ရက်တာရဲ့ အားပါ ပြင်းထန်တဲ့ ကန်ချက်ကို ဂိုးသမား ရာယာက လက်ဖျားနဲ့ ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဂိုးသမား ဒါးဗစ် ရာယာ ကလည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၇ မှတ် ဖြတ်နိုင်ခဲ့တဲ့ အာဆင်နယ်

ပွဲပြီးခါနီးမှာ အာဆင်နယ် တိုက်စစ် ကစားသမား လီအန်ဒရို ထရော့ဆက်ဒ် အပိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ဒီရလဒ်ကိုပဲ ပွဲပြီးတဲ့ အထိ ထိန်းသွားနိုင်ခဲ့လို့ ဘရိုက်တန်ကွင်း ကနေ အရေးပါတဲ့ အနိုင် ၃ မှတ် အရယူပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်ရဲ့ ကစားပုံနဲ့ ပတ်သတ်လို့ ဘရိုက်တန် နည်းပြ ဖေဘီယန် ဟက်ဇီလာက သူသာ ဆိုရင် အခုလို ကစားကွက်နဲ့ မကစားဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ တကယ်လည်း အာဆင်နယ်က အသင်းကြီး တစ်သင်း ဖြစ်ပေမယ့် ပိတ်ဆော့လွန်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို အပြစ်သွားပြောဖို့ ခက်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က လက်ကျန် ပွဲစဉ် ၈ ပွဲသာ ကစားဖို့ ကျန်တော့ပြီး ဒီအချိန်မှာ မီခဲလ် အာတေးတား အနေနဲ့ အရေးပါတဲ့ ရမှတ်တွေကို မတိမ်းမစောင်းပဲ အရယူနိုင်ဖို့ အတွက် လုပ်သင့်တာကို လုပ်ကြဖို့ အသင်းသားတွေကို ညွှန်ကြားထားပါလိမ့်မယ်။ ဘယ်လိုနိုင်နိုင် ၃ မှတ် ရမှာ ဖြစ်ပါတယ်။ ပွဲတိုင်း အရေးကြီးတဲ့ အမှတ်တွေ ရနေရင် ပရီးမီးယားလိဂ် ချန်ပီယံဆုဆီ သွားရာ လမ်းကလည်း ပိုပြီး ဖြောင့်ဖြူးလာမှာ အသေအချာပါပဲ။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဘူကာယို ဆာကာ ကတော့ အသက် ၂၄ နှစ်နဲ့ ၁၈၀ ရက်သား အရွယ် မှာပဲ ဆာကာဟာ အာဆင်နယ် သမိုင်းတလျှောက် ပွဲပေါင်း ၃၀၀ ပြည့်တဲ့ ၄ ယောက်မြောက် အသက် အငယ်ဆုံး ကစားသမား ဖြစ်လာပါတယ်။ သူ့ရှေ့မှာတော့ ဒေးဗစ် အိုလီယာရီ၊ ဆက်စ် ဖာဘရီဂတ်စ်နဲ့ လီယမ် ဘရေးဒီ တို့ပဲ ရှိပါတော့တယ်။

ဒါ့အပြင် ဆာကာဟာ ဘရိုက်တန်ရဲ့ အမ်မက်စ်ကွင်းမှာ ကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ဂိုး အထိ ပါဝင်ပတ်သက်ခဲ့ပါတယ် (၃ ဂိုး သွင်း၊ ၂ ဂိုး ဖန်တီး) ။ ဒါဟာ ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်း ပြီးရင် သူ့အတွက် ဂိုးအများဆုံး ပါဝင် ပတ်သတ်ထားနိုင်တဲ့ အဝေးကွင်းလည်း ဖြစ်ပါတယ်။

ဂိုးသမား ဒါးဗစ် ရာယာ ကလည်း အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ သူဟာ ပွဲပေါင်း ၁၀၀ အတွင်းမှာ ဂိုးမပေးရတဲ့ပွဲ (Clean Sheets) ၄၃ ပွဲ အထိ ရရှိထားပြီး ဒါဟာ အာဆင်နယ် ဂိုးသမားတွေ ထဲမှာ အကောင်းဆုံး စံချိန်ဖြစ်သလို၊ ယူနိုက်တက် ဂိုးသမားဟောင်း အက်ဒ်ဝင် ဗန်ဒါဆားရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲပြီး စွမ်းဆောင်ရည် အချက်အလက်တွေအရ ဘရိုက်တန်ရဲ့ မျှော်မှန်းဂိုး (xG) က ၀.၈၀ ရှိခဲ့ပြီး အာဆင်နယ် ကတော့ ၀.၄၃ သာ ရှိခဲ့ပါတယ်။ အဆုံးသတ်ပိုင်း ပိုသေချာတဲ့ အာဆင်နယ် ကသာ အနိုင်ရရှိခဲ့တာ ဖြစ်ပေမယ့် ခြေစွမ်းပိုင်း ကတော့ ပြောစရာတွေ၊ ဝေဖန်စရာတွေ ရှိခဲ့တာ ကတော့ အမှန်ပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်