ဘရိုက်တန် – အာဆင်နယ်
ပရီးမီးယားလိဂ် ချန်ပီယံဆုဆီကို ချီတက်နေတဲ့ အာဆင်နယ် ကတော့ အခုတပတ် ကြားရက်မှာ ဇယားအလယ်အလတ် အသင်း ဘရိုက်တန်ကို Amex Stadium မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက လက်ရှိမှာ ရလဒ်တွေ ကောင်းမွန်နေပြီး ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် အနိုင်ရရှိဖို့ မျှော်မှန်းထားကြမှာ ဖြစ်ပါတယ်။
အာဆင်နယ်
မီခဲလ် အာတေးတားရဲ့ အာဆင်နယ်က Set-pieceတွေကနေ ဂိုးရယူနိုင်မှုမှာ စံချိန်တင် ခြေစွမ်းပြနေပါတယ်။ ချဲလ်ဆီးနဲ့ ပွဲမှာ ပုံမှန်ကစားကွက်တွေ ကနေ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် သူတို့ရဲ့ အစွမ်းထက်လှတဲ့ ထောင့်ကန်ဘော အစီအစဉ်တွေ ကတော့ ထုံးစံအတိုင်း အလုပ် ဖြစ်နေဆဲပါ။ အဲဒီပွဲမှာ အာဆင်နယ်က တစ်ရာသီ အတွင်း ထောင့်ကန်ဘော ကနေ ၁၆ ဂိုး အထိ သွင်းယူနိုင်တဲ့ ပရီးမီးယားလိဂ် စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီး ၁၇ ဂိုးမြောက် စံချိန်သစ်တင်ဖို့ ကလည်း သိပ်မလိုတော့ပါဘူး။ စပါးနဲ့ ချဲလ်ဆီး တို့ကို အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီ (၂) ပွဲဆက် နိုင်ပွဲကြောင့် အာဆင်နယ်ဟာ မန်စီးတီးထက် (၅) မှတ်အသာနဲ့ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဆက်ရှိနေပါတယ်။ မန်စီးတီးက တစ်ပွဲလျော့ ကစားထားတာကြောင့် လာမယ့်လမှာ ကစားမယ့် အက်တီဟတ်က ထိပ်တိုက်တွေ့ဆုံပွဲက ချန်ပီယံဆု အတွက် အဆုံးအဖြတ် ဖြစ်လာမှာပါ။ ဒါ့အပြင် အာဆင်နယ်ဟာ အဝေးကွင်း ၁၁ ပွဲဆက် ရှုံးပွဲ မရှိသလို၊ အဝေးကွင်း ဂိုးသွင်းနှုန်းကလည်း ဒီနှစ်ဆန်းပိုင်းကစပြီး တစ်ပွဲကို ပျမ်းမျှ ၂.၃ ဂိုး အထိ ရှိလာတာကြောင့် တိုက်စစ်ပိုင်း သိသိသာသာ တိုးတက်လာတယ်လို့ သတ်မှတ်ရပါမယ်။
ဘရိုက်တန်

တစ်ဖက်မှာလည်း ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန်က ပရီးမီးယားလိဂ်မှာ (၂) ပွဲဆက် နိုင်ပွဲရရှိထားတာကြောင့် ဥရောပဝင်ခွင့် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာပါတယ်။ သူတို့ဟာ နောက်ဆုံး (၂) ပွဲမှာ ရရှိခဲ့တဲ့ နိုင်ပွဲ အရေအတွက်ဟာ အဲဒီမတိုင်ခင် ကစားခဲ့တဲ့ (၁၃) ပွဲက နိုင်ပွဲ စုစုပေါင်းထက်တောင် ပိုများနေတာပါ။ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဒန်နီ ဝဲလ်ဘက်ခ်ဟာ နော့တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နည်းပြ ဘရိုက်တန်က ဒီရာသီမှာ (၂) ပွဲဆက် နိုင်ပွဲကို ဒုတိယအကြိမ်မြောက် ဖော်ဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ ၂၀၂၅-၂၆ ရာသီ စတင်ကတည်းက (၃) ပွဲဆက် နိုင်ပွဲ ဆိုတာ မရရှိဖူးသေးသလို၊ လက်ရှိမှာလည်း အဆင့် (၁၁) နေရာမှာပဲ ရှိနေပါသေးတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘရိုက်တန် ဘက်က ဝက်ဘ်စတား၊ အယာရီနဲ့ ဇီမက်စ် တို့ လွဲချော်မှာ ဖြစ်ပြီးတော့ အာဆင်နယ် ဘက်မှာတော့ ဒေါင်းမန်း၊ မာရင်နို တို့ လွဲချော်မှာပါ။ ဘန်ဝှိုက်၊ ရိုက်စ်နဲ့ အိုဒီဂတ်တို့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ဒီပွဲကို လွဲချော်နိုင်ဖွယ်လည်း ရှိနေသလို အနားပေးခံရဖွယ်လည်း ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဒန့်ခ်၊ ဗန်ဟက်ကီ၊ ကာဒီယိုဂလူ၊ ဂရော့စ်၊ ဘယ်လီဘာ့၊ ဂိုးမက်ဇ်၊ ဟင်ရှဲလ်ဝုဒ်၊ မီတိုမာ၊ ဝဲလ်ဘက်ခ်
အာဆင်နယ် – ရာယာ၊ မော့စ်ကွဲယား၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ ကိုင်ဟာဗက်ဇ်၊ ဇူဘီမန်ဒီ၊ လီဝစ် စကယ်လီ၊ ဆာကာ၊ ယောကရက်စ်၊ မာတင်နယ်လီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဘရိုက်တန် အတွက် အားတက်စရာကတော့ ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲ (၂) ပွဲသာ ရှိသေးတာပါ။ ဒါပေမယ့်လည်း သူတို့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး (၈) ပွဲမှာ (၂) ပွဲသာ နိုင်ထားတဲ့ မှတ်တမ်း ကတော့ အနည်းငယ် အားနည်းနေပါတယ်။ အာဆင်နယ်နဲ့ ပြီးခဲ့တဲ့နှစ်က အိမ်ကွင်းမှာ ၁-၁ သရေကျခဲ့ဖူးပေမယ့် အာဆင်နယ်ဟာ ၂၀၂၀-၂၁ ရာသီကတည်းက ဘရိုက်တန်ကွင်းမှာ ရှုံးပွဲ မရှိဘဲ (၅) ကြိမ်ဆက် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၄.၇၉ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၆၄ ဆ၊ သရေ ဆိုရင်တော့ ၃.၅၄ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာ အာဆင်နယ် ဘက်က ကြေးဖွင့်မှု အနည်းငယ် မြင့်နေတာ တွေ့ရပြီး ဘွတ်ကီတွေ အနေနဲ့ အာဆင်နယ် အနိုင်သေချာတယ်လို့ ယူဆထားပုံပါပဲ။ ဘရိုက်တန်က ရလဒ်ပိုင်း ပြန်ကောင်းလာပေမယ့် ခံစစ်ပိုင်း ကတော့ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲပါ။ သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀) ပွဲမှာ (၁) ပွဲသာ ပေးဂိုး မရှိခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ပုံမှန်ကစားကွက် ကနေ ဖြစ်စေ၊ ဒါမှမဟုတ် အားသန်တဲ့ Set-piece တွေကနေ ဖြစ်စေ အာဆင်နယ်တို့ ဂိုးရဖို့ သေချာသလောက် ရှိပါတယ်။ လူစာရင်း တချို့ အပြောင်းအလဲ လုပ်လာနိုင်တဲ့ အာဆင်နယ်ဟာ အဝေးကွင်းမှာ ၃ မှတ် အပြည့်ရဖို့တော့ အားစိုက်ဖို့ လိုပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၂ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


