နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကက်စ်မဲရိုး နေရာမှာ ကာမာဗင်ဂါနဲ့ အစားထိုးမယ့် ယူနိုက်တက်၊ လီယာအိုရဲ့ အေးဂျင့်နဲ့ ဆွေးနွေးခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဒီကနေ့ မနက်ပိုင်း အထိ သိရှိရသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ကက်စမဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါ ကို ခေါ်ယူချင်နေပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း ယူရို ၇၅ သန်း (ပေါင် ၆၅.၅ သန်း ခန့်) ရရင် လက်လွှတ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်က ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့နဲ့ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆန် တို့ကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးကို ခေါ်ယူမယ် ဆိုရင်တော့ ပေါင်သန်း ၂၀၀ နီးပါး အထိ ကုန်ကျနိုင်ပါတယ်။

ဘေယန်မြူးနစ်က ဒီနွေရာသီမှာ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိဘဲ တခြားကဏ္ဍတွေ ကိုသာ ဦးစားပေး ပြင်ဆင်သွားမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းဟာ အေစီမီလန် တိုက်စစ် ကစားသမား ရာဖေးလ် လီယာအိုရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မီလန် ဘက်ကလည်း ယူရို ၇၅ သန်း ဝန်းကျင် ရရင် ရောင်းချဖို့ လမ်းဖွင့်ထားပြီး ဒီကစားသမားကို ယူနိုက်တက် ကလည်း စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာ ကတော့ နောက်ခံလူ ထရီဗော့ ချာလိုဘာကို အသင်း မှာပဲ ဆက်ထိန်းထားချင်နေပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာ ကတော့ တိုင်ရုန်း မင်းဂ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ချာလိုဘာကို အလေးအနက် စိတ်ဝင်စားနေပါတယ်။

အင်တာမီလန်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ဂိုးသမား ဂူဂလီယာမို ဗစ်ကာရီယို အတွက် စပါး အသင်းက ယူရို ၂၅ သန်း (ပေါင် ၂၁.၈ သန်း) အလိုရှိနေပါတယ်။

လူငယ် ကွင်းလယ်လူ လူးကပ်စ် ဘက်ဂျ်ဗဲလ်ကို အက်စတွန်ဗီလာ၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေတာကြောင့် တော့တင်ဟမ်ဟော့စပါးက သူ့ရဲ့ တန်ဖိုးကို ပေါင် ၅၇ သန်းကျော် အထိ သတ်မှတ်လိုက်ပါတယ်။

အဲလ်ဟီလာ ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြန်လာချင်နေတဲ့ ဒါဝင် နူညက်ဇ် အတွက် အေးဂျင့်တွေက နယူးကာဆယ်နဲ့ စပါး အပါအဝင် ကလပ်အသင်း တော်တော်များများနဲ့ စကားပြောဆိုနေပါတယ်။

နယူးကာဆယ် နောက်ခံလူ မာလစ်ခ် သီယောကို ဘေယန်မြူးနစ်၊ ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ပါးလ်မီးရက်စ် အသင်းရဲ့ ဝင်းဂါး အလန်ကို လစ်ဗာပူးလ်တို့ ခေါ်ယူဖို့ အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းတွေ မမှန်ကန်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မန် နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်ကို ခေါ်ယူဖို့ နီးစပ်နေပေမယ့် ဘာစီလိုနာက ကြားဖြတ်ဖို့ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ တာဝန်ရှိသူ တချို့ ကတော့ အင်တာမီလန်က အလက်ဆန်ဒရို ဘက်စတိုနီ ကိုသာ ပိုမိုနှစ်သက်နေကြပါတယ်။

အက်တလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်စ် အတွက် ယူရို သန်း ၂၀၀ အထိ တောင်းဆိုထားပါတယ်။ ဘာစီလိုနာ ကတော့ အဲ့ဒီစျေးနှုန်းကို လျှော့ချဖို့ အတွက် သူတို့ အသင်းက မာ့ခ် ကာဆာဒို၊ အန်ဆု ဖာတီနဲ့ အဲရစ်ခ် ဂါစီယာ တို့ကို အလိုက်ပေး လဲလှယ်ဖို့ စီစဉ်နေပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ်က မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အမြဲတမ်း စာချုပ်နဲ့ ခေါ်ယူမယ့် အစား မန်စီးတီးက ဆာဗင်ညို ကိုသာ ခေါ်ယူချင်လိုတော့ကြေင်း သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ပါဘလို ဘာရီယို့စ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ဘက်က ဆွေးနွေးခဲ့ပေမယ့် ယူရိုသန်း ၁၅၀ တန်ကြေး ရှိတာကြောင့် ဒီအပြောင်းအရွှေ့က မဖြစ်နိုင်သလောက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်