တစ်ချိန်က ခေတ်သစ် ဘောလုံးလောကမှာ ထိပ်တန်း အဆင့် ရှိတဲ့ ဗဟိုနောက်ခံလူ တစ်ယောက်ကို ရှာဖွေရတာက ရွှေတွင်းတူးသလို ခဲယဉ်းလှပါတယ်။ ကွင်းထဲမှာ တာဝန်အကြီးမားဆုံး နေရာတွေထဲက တစ်ခုဖြစ်ပြီး ခိုင်မာတဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စူးရှတဲ့ အမြင်အာရုံတွေ အပြင် တစ်သင်းလုံးရဲ့ ခံစစ်တန်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ဖိအားတွေ ကြားထဲမှာ တည်ငြိမ်နိုင်စွမ်းတွေလည်း လိုအပ်ပါတယ်။ ဒါတင်မကသေးဘဲ အခုခေတ် ဗဟိုနောက်ခံလူတွေဟာ ခံစစ် ကနေ တိုက်စစ်ကို ဘောလုံးပေးပို့ ပုံဖော်ပေးနိုင်စွမ်းနဲ့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ အံ့မခန်း တည်ငြိမ်မှုတွေလည်း ရှိနေဖို့ လိုပါတယ်။
၅။ မာကွင်ညော့စ် (ပီအက်စ်ဂျီ)
ပီအက်စ်ဂျီကို မျှော်လင့်ချက်ကြီးစွာနဲ့ လူငယ်ကစားသမားဘဝ ကတည်းက ရောက်ရှိလာခဲ့တဲ့ မာကွင်ညော့စ်ဟာ အခုဆိုရင် အသင်းရဲ့ မရှိမဖြစ် ခေါင်းဆောင် တစ်ဦး ဖြစ်နေပါပြီ။ သူဟာ ခံစစ်တန်းကို ဦးဆောင်ရုံတင် မကဘဲ နည်းဗျူဟာပိုင်း တိကျမှု၊ အန္တရာယ်ကို ကြိုတင် ခန့်မှန်းနိုင်မှုတွေနဲ့ အသင်းဖော်တွေ ကိုပါ စိတ်ဓာတ် တက်ကြွအောင်ပါ လှုံ့ဆော်ပေးနိုင်သူပါ။ ပီအက်စ်ဂျီ ခံစစ်ရဲ့ နှလုံးသည်းပွတ်လို့ ဆိုရမယ့် မာကွင်ညော့စ်ဟာ ဖိအားတွေ အောက်မှာ တည်ငြိမ်လွန်းသလို အသင်း အပေါ် သစ္စာရှိမှုနဲ့ ပတ်သက်ရင်လည်း စံနမူနာပြ ကစားသမား တစ်ဦး ဖြစ်ပါတယ်။
၄။ အလက်ဆန်ဒရို ဘက်စတိုနီ (အင်တာမီလန်)
အီတလီဟာ ဘိုနူချီ၊ ချီလီနီ၊ မာဒီနီ တို့လို ကမ္ဘာကျော် နောက်ခံလူတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့တဲ့ နိုင်ငံပါ။ အင်တာမီလန်ရဲ့ အမာခံ နောက်ခံလူ ဘက်စတိုနီဟာ အဲဒီဂန္ထဝင်တွေရဲ့ အရည်အချင်းတွေကို ပေါင်းစပ်ထားတဲ့ “ ဆင့်ကဲ ပြောင်းလဲလာတဲ့ နောက်ခံလူ” လို့တောင် တင်စားလို့ ရပါတယ်။ အရပ် ၆ ပေ ၃ လက်မ ရှိတဲ့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ချီလီနီလို ခိုင်မာသလို၊ ဘောလုံး ပေးပို့မှု တိကျတာ ကတော့ ဘိုနူချီကို သတိရစေပါတယ်။ အရှိန် သိပ်မမြန်ပေမဲ့ ပွဲကို ချဉ်းကပ်နိုင်စွမ်းနဲ့ နေရာယူပုံ ကောင်းမွန်မှုတွေက သူ့ကို ထိပ်တန်း အဆင့် ရောက်နေစေတာ ဖြစ်ပါတယ်။
၃။ ဗာဂျယ် ဗန်ဒိုက် (လစ်ဗာပူးလ်)

လစ်ဗာပူးလ်ရဲ့ အမာခံ ဗန်ဒိုက်ခ် အကြောင်း ကတော့ သိပ်တောင် ပြောစရာ မလိုပါဘူး။ ဗန်ဒိုက်ခ်ဟာ ဘောလုံး ကမ္ဘာရဲ့ ခံစစ် ကစားခြင်း အနုပညာကို အလွန် လွယ်ကူတဲ့ အရာ တစ်ခု ဖြစ်အောင် လုပ်ပြနိုင်သူပါ။ သူဟာ ခန္ဓာကိုယ် တည်ဆောက်ပုံ ကြီးမားသလောက် အပြေးမြန်တဲ့ တောင်ပံ ကစားသမားတွေရဲ့ အရှိန်ကိုလည်း လိုက်မီပါတယ်။ “ဇိမ်ခံကား တစ်စီးလို အဆင့်အတန်းမျိုး ရှိပြီး စစ်မြေပြင်က ဗိုလ်ချုပ် တစ်ယောက်လို အမိန့်ပေးနိုင်စွမ်း ရှိသူ” လို့လည်း သူ့ကို တင်စားကြပါတယ်။ သူဟာ ရိုးရိုးနောက်ခံလူ မဟုတ်ဘဲ တိုက်စစ်မှူးတိုင်း ရင်ဆိုင်ရမှာ ကြောက်ရတဲ့ ခံစစ် နံရံကြီး တစ်ခု ဖြစ်ပါတယ်။
၂။ ဝီလီယမ် ဆလီဘာ (အာဆင်နယ်)
ဆလီဘာဟာ နုနယ်တဲ့ အသွင်အပြင်နဲ့ သံမဏိလို မာကျောတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားသူပါ။ ဂါဘရီရယ်နဲ့ အတူ ဥရောပရဲ့ အတောင့်တင်းဆုံး ခံစစ် အတွဲအဖက်ကို အာဆင်နယ် မှာ တည်ဆောက်ထားပါတယ်။ အာဆင်နယ်ဟာ အခုလို အောင်မြင်မှု လမ်းကြောင်း အပေါ် ပြန်ရောက်လာတာဟာ ဆလီဘာရဲ့ တည်ငြိမ်မှုနဲ့ အမှားအယွင်း မရှိတဲ့ ခံစစ် စွမ်းဆောင်ရည်တွေကြောင့်လို့ ဆိုနိုင်ပါတယ်။ သူ ကွင်းထဲမှာ မရှိတဲ့ အခါတိုင်း အာဆင်နယ်ဟာ သိသိသာသာ အခက်တွေ့လေ့ ရှိပါတယ်။
၁။ ဂါဘရီရယ် မက်ဂါဟေးစ် (အာဆင်နယ်)
၂၀၂၂-၂၀၂၃ ဘောလုံးရာသီတုန်းက ဂါဘရီရယ်ကို ဆလီဘာရဲ့ ဘေးမှာ အားအနည်းဆုံး ကစားသမားလို့ တချို့က ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီအယူအဆတွေ လုံးဝ ပြောင်းလဲသွားပါပြီ။ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်းမှာ ဂါဘရီရယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး ခံစစ်တန်းမှာ အဓိက ဒေါက်တိုင်ကြီး ဖြစ်လာခဲ့ပါတယ်။ သူဟာ ခံစစ်တင် မကဘဲ တိုက်စစ် မှာလည်း ထောင့်ကန်ဘောတွေ ကနေ အဖိုးတန်ဂိုးတွေ သွင်းယူပေးနိုင်တဲ့ အန္တရာယ်အရှိဆုံး ကစားသမား တစ်ဦးပါ။ အခုဆိုရင် သူဟာ ဆလီဘာနဲ့ ရင်ဘောင်တန်းပြီး အာဆင်နယ် ခံစစ်ကို ကျောက်ဆောင် တစ်ခုလို မာကျောအောင် တည်ဆောက်ပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


