ဘောလုံးလောကမှာ နည်းစနစ်ပိုင်း ထူးချွန်တဲ့ နောက်ခံလူ၊ ကြံ့ခိုင်မှု ကောင်းတဲ့ ကွင်းလယ်လူနဲ့ ဖန်တီးမှု ကောင်းမွန်တဲ့ ဖန်တီးရှင်တွေ ဘယ်လောက်ပဲ ရှိနေပါစေ။ ဂိုးသွင်းယူနိုင်စွမ်း ရှိတဲ့ တိုက်စစ်မှူး မရှိရင် ဘာမှ အဓိပ္ပာယ် မရှိပါဘူး။ ခေတ်သစ် ဘောလုံးလောကမှာ တိုက်စစ်မှူးတွေရဲ့ အခန်းကဏ္ဍဟာ ဂိုးသွင်းရုံတင်မကဘဲ နေရာစုံမှာ ပါဝင်ကူညီရတဲ့အထိ ပြောင်းလဲလာပေမယ့် “ဂိုးသွင်းယူခြင်း” ကတော့ သူတို့ အတွက် အဓိကအကျဆုံး အရည်အချင်း အဖြစ် ရှိနေဆဲပါ။
၅။ ဟူလီယန် အဲလ်ဗာရက်ဇ် (အက်တလက်တီကိုမက်ဒရစ်)

မန်စီးတီးမှာ ရှိစဉ်က ဟာလန်းရဲ့ အရိပ်အောက်မှာ နေခဲ့ရတာကြောင့် ကစားခွင့် အကန့်အသတ် ရှိခဲ့ပေမယ့် အချိန်တို အတွင်းမှာ သူ့ရဲ့ အစွမ်းအစကို ဘောလုံး ကမ္ဘာမှာ ချပြနိုင်ခဲ့ပါတယ်။ ၂၀၂၄ နွေရာသီမှာ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းသစ်နဲ့ အသားကျဖို့ ခေတ္တ အချိန်ယူခဲ့ရပေမယ့်၊ ပြိုင်ပွဲစုံမှာ ၂၉ ဂိုး အထိ သွင်းယူကာ အားထားရတဲ့ တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနား ဝါရင့် တိုက်စစ်မှူးကြီးတွေ ဖြစ်တဲ့ ခရက်စပို၊ ဟီဂူအင်၊ မီလီတို တို့လို အဆုံးသတ် သေချာမှုနဲ့ အတူ ဆီမြွန်နီရဲ့ စစ်သားကောင်း တစ်ယောက်လို မနားတမ်း ပေးဆပ် ကစားတတ်တဲ့ စိတ်ဓာတ်ကြောင့် အဲလ်ဗာရက်ဇ်ဟာ အခုဆိုရင် ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကို အောင်မြင်စွာ ဖောက်လုပ်နေပြီ ဖြစ်ပါတယ်။
၄။ အူစမာနီ ဒမ်ဘီလီ (ပီအက်စ်ဂျီ)
ဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေ၊ ခြေစွမ်း မတည်ငြိမ်မှုတွေနဲ့ အတူ မက်ဆီ၊ နေမာ တို့ရဲ့ လောင်းရိပ်မိခဲ့မယ့် ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ပြီးနောက် ဒမ်ဘီလီက သူ့ရဲ့ ကမ္ဘာ့အဆင့်မီ အရည်အချင်းတွေကို အပြည့်အဝ ဖွင့်ထုတ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အမ်ဘာပေး ထွက်ခွာသွားပြီးနောက် အဓိက တိုက်စစ် နေရာကို ရရှိခဲ့ပြီး ပီအက်စ်ဂျီ အတွက် သမိုင်းဝင် ဖလား ၄ လုံး (Quadruple) အောင်မြင်မှုနဲ့ အတူ ပထမဆုံး ချန်ပီယံလိဂ် ဖလား ကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၃၅ ဂိုးသွင်း၊ ၁၆ ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သူ့ကို ပဲရစ်ရဲ့ “ အဓိကလူ” ဖြစ်လာစေခဲ့ပါတယ်။
၃။ အာလင်း ဟာလန်း (မန်ချက်စတာစီးတီး)
ဟာလန်းဟာ တခြားသူတွေလို နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေ သိပ်မရှိပေမယ့် “ ဂိုးသွင်းခြင်း” ဆိုတဲ့ အလုပ် မှာတော့ တဖက်ကမ်းခတ်ပါပဲ။ အရပ် ၆ ပေ ၅ လက်မနဲ့ အတူ ကြောက်မက်ဖွယ် အရှိန်အဟုန် ရှိတဲ့ နော်ဝေသားဟာ ရပ်တန့်လို့ မရတဲ့ စက်ရုပ် တစ်ရုပ်နဲ့ တူပါတယ်။ မန်စီးတီးမှာ ကစားနေတဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည် အပေါ် သံသယရှိသူတွေကို လက်တွေ့ ခြေစွမ်းနဲ့ အမြဲတမ်း ပါးစပ်ပိတ်စေခဲ့သူပါ။ အသင်း ရလဒ်တွေ ယိုင်နဲ့နေချိန်မှာတောင် ဒီဂိုးသွင်း စက်ကတော့ ရပ်တန့်မသွားပဲ အမြဲတမ်း ဂိုးတွေ ရယူပေးနေဆဲ ဖြစ်ပါတယ်။
၂။ ဟယ်ရီကိန်း (ဘေယန်မြူးနစ်)
ဘောလုံးသမိုင်းမှာ ဟယ်ရီကိန်းလောက် ဂိုးသွင်းဗီဇ အထုံပါရမီပါတဲ့ တိုက်စစ်မှူးမျိုး မြင်ရခဲပါတယ်။ အခွင့်အရေး အနည်းငယ်လေး ရတာနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသလို၊ ဂိုးပေါက်ကို ကြည့်စရာ မလိုဘဲ အာရုံခံနိုင်စွမ်း ကလည်း ထူးခြားလွန်းပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တဲ့ ကိန်းဟာ ဘေယန်မြူးနစ် မှာလည်း ခြေစွမ်းပြနေပြီး နောက်ဆုံး မှာတော့ သူ တောင့်တခဲ့တဲ့ ဆုဖလား အောင်မြင်မှုတွေ ကိုပါ ရရှိ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
၁။ ကီလီယန် အမ်ဘာပေး (ရီးရဲလ်မက်ဒရစ်)
လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အမ်ဘာပေးထက် သာလွန်တဲ့ တိုက်စစ်မှူး ခပ်ရှားရှားပါ။ အရှိန်အဟုန်၊ လိမ်ခေါက်နိုင်စွမ်း၊ နေရာယူမှုနဲ့ သန်မာမှု စတဲ့ တိုက်စစ်မှူး တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်း အားလုံး သူ့ဆီမှာ ပြည့်စုံစွာ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိတဲ့ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၄၃ ဂိုး အထိ သွင်းယူကာ ရော်နယ်ဒို၊ ဘန်ဇီမာ၊ ရာအူးလ် တို့လို ဂန္ထဝင်တွေရဲ့ ပွဲဦးထွက် ရာသီ စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်နှစ်တွေ မှာလည်း အမ်ဘာပေးဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်ဆုံးမှာ ဆက်လက် စိုးမိုးထားဦးမှာ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


