အာဆင်နယ် ကတော့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂန်းနား တို့က သိမ်းငှက်တွေကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် စောစောစီးစီး ပွဲမဖြတ်နိုင်ပဲ ပင်နယ်တီ အဆုံးအဖြတ် ရောက်မှသာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နည်းပြ မီခဲလ် အာတေးတား အနေနဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ အတွက် သိပ်ပြီး ကျေနပ် အားရမှုမရှိ ဖြစ်နေပါတယ်။ အာတေးတားက သူတို့ အသင်းက ပိုကောင်းဖို့ လိုအပ်နေတယ်လို့ ဝန်ခံခဲ့ပေမယ့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ အတွက် အလွန်ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပါတယ်။
အာဆင်နယ်က ဂျေဇုစ်၊ မာတင်နယ်လီ၊ မာဒူခေး တို့ကို တိုက်စစ် အတွဲအဖက်နဲ့အတူ စွယ်စုံရ မာရင်နို၊ နော့ဂတ်၊ အက်ဇေး တိုကို ကွင်းလယ်မှာ ပွဲထုတ်သွားခဲ့ပြီး တင်ဘာ၊ ဆာလီဘာ၊ ကာလာဖီအိုရီ၊ လီဝစ် စကယ်လီ တို့ကို နောက်တန်းမှာ အသုံးပြုခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ မာတင် အိုဒီဂတ်၊ ဘူကာယို ဆာကာ၊ ဒီကလန် ရိုက်စ် တို့ကို ထည့်သွင်း အသုံးပြုခဲ့ရပါတယ်။

အာဆင်နယ်က ဒီပွဲမှာ အခွင့်အရေး များစွာနဲ့ ပြိုင်ဘက်ကို အသာစီး ရရှိအောင် ကစားနိုင်ခဲ့ပေမယ့် ပဲလေ့စ် ဂိုးသမား ဝေါ်လ်တာ ဘင်နီတက်ဇ်ရဲ့ လက်စွမ်းပြမှုကြောင့် မိနစ် ၈၀ အရောက် မှသာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ကတော့ အာဆင်နယ်တို့ သူတို့ အားသန်တဲ့ Set Piece ကနေပဲ ရရှိခဲ့တာပါ။ ဒါပေမယ့်လည်း သွင်းယူပေးခဲ့သူက ပြိုင်ဘက် နောက်ခံလူ လာခွာ ဖြစ်ပြီး ထောင့်ကန်ဘော ရှင်းထုတ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး ၉၀+၅ မိနစ်မှာ မာ့ခ် ဂူဟီက ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပြီး အာဆင်နယ်က ပယ်နယ်တီ ရလဒ် ၈-၇ နဲ့ အနိုင်ရခဲ့ပါတယ်။ ပင်နယ်တီ မှာလည်း အာဆင်နယ် အတွက် ဟီးရိုး ဖြစ်ခဲ့သူက ဂိုးသမား ကီပါလို့ ပြောနိုင်သလို လာခွာ လို့ ဆိုရင်လည်း မမှားပါဘူး။ လာခွာ ကတော့ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သလို ပင်နယ်တီ မှာလည်း ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်က ပင်နယ်တီ ၈ လုံး ဆက်တိုက် ဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး ပဲလေ့စ်ရဲ့ ၈ လုံးမြောက် ပင်နယ်တီကို လာခွာ ကန်သွင်းရာမှာ ဂိုးသမား ကီပါက ကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ နည်းပြ မီခဲလ် အာတေးတားက အာဆင်နယ် အနေနဲ့ ဒီပွဲမှာ အဲဗာတန်နဲ့ ပွဲက လူစာရင်းကို ၈ နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့တာကြောင့် အနိုင်ရဖို ခက်ခက်ခဲခဲ ကစားခဲ့ရကြောင်းလည်း သုံးသပ်သွားခဲ့ပါတယ်။
အာတေးတားက “ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ရောက်ချင်တဲ့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပါပြီ။ နောက်ဆုံး ပင်နယ်တီကို ကာကွယ်ခဲ့တဲ့ ကီပါ အတွက်လည်း အရမ်းပျော်ပါတယ်။ ပွဲရလဒ်က ဒီထက် ပြတ်သားသင့်ပြီး ကျွန်တော်တို ဒီထက်ပိုကောင်းဖို့ လိုနေပေမယ့် ကျွန်တော် တို့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ခရာဘောင်ဖလား ဆီမီးဖိုင်နယ် မှာတော့ အာဆင်နယ်က လန်ဒန်မြို့ခံ ပြိုင်ဘက် ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း မန်စီးတီး ကတော့ နယူးကာဆယ်နဲ့ ကစားရဖို့ ရှိနေတာကြောင့် ဒီနှစ် ခရာဘောင်ဖလား ကတော့ ရင်ခုန်စရာ အပြည့်နဲ့ ရှိနေခဲ့လို့ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


