နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရလဒ်မကောင်းနေတဲ့ ဝက်စ်ဟမ်းကို အိုးထရက်ဖို့ဒ် မှာတောင် အနိုင်ယူနိုင်စွမ်း မရှိတော့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ဒီကနေ့ မနက် အစောပိုင်းမှာ ကစားသွားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နောက်ထပ် တစ်ကြိမ် စိတ်ပျက်စရာ ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး အမော်ရင်ရဲ့ အသင်း အနေနဲ့ ထိပ်ဆုံး ၅ သင်း အတွင်း ဝင်နိုင်မယ့် အခွင့်အရေးကို ထပ်မံ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်မယ် ဆိုရင်တော့ အမှတ်ပေးဇယား အလယ်မှာ အတူ ယှဉ်တွဲ ဖြတ်သန်းနေခဲ့တဲ့ လစ်ဗာပူးလ် ကိုတော့ ဂိုးကွာခြားချက် အသာနဲ့ ကျော်တက်ကာ အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

တကယ်တော့ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းလိုက် စုဖွဲ့မှုအရလည်း ယူနိုက်တက်က သာလွန်နေတာကြောင့် ဒီပွဲဟာ သရဲနီတွေ အတွက်ပဲလို့ ကျိန်းသေပေါက် တွက်ဆခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာမရခဲ့သည့် တိုင်အောင် ပြီးခဲ့တဲ့ ပွဲမှာ ပဲလေ့စ်လို အသင်းကို အိမ်ကွင်းအထိ တက်ပြီး ခေါင်းခေါက်ထားနိုင်တာကြောင့် ယူနိုက်တက် အနိုင်ရမယ်လို့ပဲ ယူဆခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တမ်း ကစားချိန်မှာတော့ ဝက်စ်ဟမ်းက ခပ်ညံ့ညံ့ ပြိုင်ဘက် မဟုတ်ခဲ့ပဲ အသင်းကြီးတွေ အချင်းချင်း တွေ့ဆုံချိန်လောက်ပဲ အားစိုက်တတ်တဲ့ ယူနိုက်တက်တို့ ဝက်စ်ဟမ်းနဲ့ အတွေ့မှာတော့ အမှတ်လျော့ခဲ့ရတာပါ။

ဒီနေ့ပွဲမှာ ယူနိုက်တက် တိုက်စစ်က ဇစ်ခ်ဇီးပဲ ပွဲထွက်လာပြီး ကွန်ညာ၊ အမ်ဘီယူမို၊ အာမတ်၊ ဒါလော့ဒ်၊ ဖာနန်ဒက်စ်၊ ကာဆာမဲရိုး တို့နဲ့အတူ နောက်တန်းမှာ ယိုရို အစား အီဒင် ဟဲဗန်းကို သုံးခဲ့ပါတယ်။ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဝက်စ်ဟမ်းကို စိုးမိုးနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်း မှာတော့ လစ်ဟာမှုတွေ ရှိနေခဲ့ပါတယ်။ ယူနိုက်တက် အတွက် အဖွင့်ဂိုးကို ဒုတိယပိုင်း ၅၈ မိနစ် မှာ ၁၈ လကြာ ဂိုးပေါက် ပျောက်နေတဲ့ ဒီယေဂို ဒါးလော့ဒ်က သွင်းယူပေးနိုင်ခဲ့ပြီး ၈၃ မိနစ် မှာတော့ မာဂတ်ဆာက ဝက်စ်ဟမ်း အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ 

လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ယူနိုက်တက်က ဇယား အောက်ဆုံးမှာ ကြမ်းတိုက်နေတဲ့ ဝုဗ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ရမှတ် ပြန်လည် စုဆောင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။
လာမယ့် ပွဲမှာ ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်ရှာရမယ့် ဝက်စ်ဟမ်း

ယူနိုက်တက်ဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဝက်စ်ဟမ်း ဂိုးပေါက်ကို ၁၇ ကြိမ် ကန်သွင်းခဲ့ပြီး ဂိုးပေါက် တည့်မှု ကတော့ ၄ ကြိမ်သာ ရှိခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ယူနိုက်တက် ဂိုးပေါက်ကို ၁၁ ကြိမ် ကန်ပြီး ၃ ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။ ယူနိုက်တက်ကို အနိုင် ၃ မှတ်နဲ့ လွဲချော်စေခဲ့တဲ့ အဓိက တာဝန်ရှိသူ ဆိုရင်တော့ အမော်ရင် ကိုပဲ လက်ညှိုးထိုးရပါလိ့မ်မယ်။ ကစားသမားတွေရဲ့ အရည်အသွေးတွေကို ဖြုန်းတီးမိခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရချိန်မှာ လူစားလဲ အပြောင်းအလဲတွေ ချက်ချင်း ထလုပ်တာမျိုး ကတော့ အနည်းငယ် သွေးကြောင်သလိုပါပဲ။ ပရီးမီးယားလိဂ်မှာ Open Play ကနေ အခွင့်ရေး ဖန်တီးမှု အညံ့ဆုံးအသင်းတွေထဲက တစ်သင်း အဖြစ် ရှိနေတဲ့ ယူနိုက်တက်က ဖြတ်တင်ဘောနဲ့  set-play က လွဲရင် တခြား ဘာမှ သေချာ လုပ်ကိုင်နိုင်တာမျိုး မမြင်ရပါဘူး။ ဒီပွဲကို ယူနိုက်တက် အနိုင်ရခဲ့ရင်တောင် ခြေစွမ်းအပေါ် ဝေဖန်ခံရဦးမှာပါ။ အမော်ရင်နဲ့ ယူနိုက်တက် ဘယ်လို ရှေ့ဆက်မလဲ ဆိုတာ ရင်လေးစရာပါ။ 

လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ယူနိုက်တက်က ဇယား အောက်ဆုံးမှာ ကြမ်းတိုက်နေတဲ့ ဝုဗ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ရမှတ် ပြန်လည် စုဆောင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ဝက်စ်ဟမ်း ကတော့ ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်ပြီး သူတို့ အတွက်လည်း ခက်ခဲတဲ့ ပြိုင်ဘက် တစ်သင်းနဲ့ ထပ်မံ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်