ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ ကစားသမားတွေ မဝယ်ယူခဲ့မိလို့ နောင်တရကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ မန်စီးတီး တာဝန်ရှိသူတွေဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားတွေ ဝယ်ယူဖို့ အစီအစဉ် ရှိခဲ့ပေမယ့် ဂွါဒီယိုလာက ပိတ်ပင်ခဲ့တာ ဖြစ်ပြီး ဒါဟာ အမှား ဖြစ်ခဲ့တယ်လို့ အခုအချိန်မှာ ညီးတွားခဲ့တာ ဖြစ်ပါတယ်။
“နွေရာသီတုန်းက ကလပ်ဟာ ကစားသမားသစ်တွေ ဝယ်ဖို့ကို တွေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘာခေါ်ယူမှုမှ မလုပ်ချင်ဘူးလို့ ပြောခဲ့ပါတယ်။ အသင်းရဲ့ ကစားသမားတွေ အပေါ်မှာ ကျွန်တော် အများကြီး အားကိုးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ နောက်ထပ် တစ်ကြိမ် ထပ်ပြီး လုပ်နိုင်ဦးမယ်လို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ကြုံခဲ့ရပြီးတဲ့နောက် ကျွန်တော်တို့ ဒါကို ပြုလုပ်ခဲ့သင့်တယ် ဆိုပြီး တွေးမိခဲ့ပါတယ်။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ တို့ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းပိုင်ရှင် City Football Group ကပဲ ပိုင်ဆိုင်တဲ့ ထရွိုင်စ် အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ဆာဗင်ဟို တစ်ဦးတည်း ကိုသာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက ပထမ ရာသီဝက်မှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ရလဒ်တွေ ဆိုးရွားခဲ့ပြီး လက်ရှိမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ဖို့လည်း မရှိတော့ပါဘူး။ မန်စီးတီကို အဓိက နှိပ်စက်ခဲ့တာက ဒဏ်ရာ ပြဿနာတွေ ဖြစ်ပြီး ဒီရာသီ အတွင်း ၂ ပတ်နဲ့ အထက် အနားယူရတဲ့ ဒဏ်ရာ ရရှိမှုက ၁၅ ကြိမ် အထိကို ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုးရွားဆုံး ကတော့ အဓိက ကွင်းလယ်လူ (ဘယ်လွန်ဒေါဆုရှင်) ရိုဒရီကို ရာသီကုန် အထိ လက်လွှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်တွေ တောက်လျောက် ကျဆင်းခဲ့ပြီး လိဂ်ဖလား ပြိုင်ပွဲ ကနေလည်း ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ချန်ပီယံလိဂ် မှာလည်း အမှတ်ပေးဇယား အဆင့် ၂၂ နေရာကို ရောက်ရှိနေပြီးတော့ နောက်တစ်ဆင့် တက်ဖို့ ရုန်းကန်နေရပါတယ်။
မန်စီးတီးဟာ လက်စတာစီးတီးကို အနိုင်ရရှိခဲ့ပြီးနောက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၃ ပွဲဆက် ဂိုးပြတ် နိုင်ပွဲတွေ ပြန်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပပ် ဂွါဒီယိုလာရဲ့ အသင်းက အခုတစ်ပတ် ကြားရက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဘရန့်ဖို့ဒ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျပြီး နိုင်ပွဲ ပြန်ပျောက်ခဲ့ပါတယ်။ မန်စီးတီးဟာ ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ် ဦးဆောင်ပြီးမှ ပွဲပြီးခါနီးမှာ ၂ ဂိုး ပြန်ပေးခဲ့ရပြီး သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိနေပြီး ဇယားထိပ်က လစ်ဗာပူးလ်ထက် တစ်ပွဲ ပိုလည်း ကစားထားသလို ၁၂ မှတ်လည်း ပြတ်နေခဲ့ပါတယ်။ အဆင့် ၄ နေရာက နယူးကာဆယ်နဲ့တော့ ၄ မှတ်သာ ကွာဟနေတာကြောင့် မန်စီးတီးတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ပဲ မျှော်လင့်ရတော့မယ့် အခြေအနေလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.